Shwe News Content 1

Breaking News ဂုတ်တွင်း တံတားပျက်စီးမှု သတင်း 100% မှန်ကန်







ပြည်ထောင်စုလမ်းမကြီး လမ်းတစ်လျောက်ရှိ ဒေသခံပြည်သူများမှလည်း ကြောက်ရွံ့လျက်ရှိပါတယ်။


  • Unicode Version

နံနက် ၅ နာရီဝန်းကျင်ကတည်းက ပြင်ဦးလွင် နောင်ချို ဂုတ်တွင်းတို့မှာ တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လျက်ရှိပါတယ်။

ဒီသတင်းတွေနဲ့အတူ ဂုတ်တွင်း တံတား ပျက်စီးမှုဟာလည်း မရေမရာ ပေါ်ထွက်လာခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ဂုတ်တွင်း တံတား ပျက်စီးမှုဟာ 100% မှန်ပါတယ်လို့ ဒေသခံများမှ ဓါတ်ပုံ သတင်းများ ရိုက်ပြီး ပို့လာခဲ့ပါပြီ။

ပြင်ဦးလွင် နောင်ချို ကားလမ်း တစ်လျောက်မှာ တိုက်ပွဲများ ပြန်လည် ပြင်းထန်လျက်ရှိပြီး၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။

ယင်းသတင်းများအပြင် ဒေသခံ ပြည်သူများမှ လက်နက်ကိုင်သောင်းကျန်းသူများဟာ လမ်းတစ်လျောက်ရှိ ကုန်တင်ကားကြီးများအား ပစ်ခတ်ဖျက်စီးပြီး လားရှိုးဘက်သို့ ဆုတ်ခွာနေတယ်လို့ သတင်းရရှိပါတယ်။

ဒ့ါအပြင် ဝန်ထမ်း ၂ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံများမှ သတင်းအတိအကျ ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုလမ်းမကြီး လမ်းတစ်လျောက်ရှိ ဒေသခံပြည်သူများမှလည်း ကြောက်ရ့ွံလျက်ရှိပါတယ်။

Writer – ME(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

About the author

ilove

Leave a Comment