Shwe News Content 1

ဗစ္တိုးရီးယားအမႈမွာ သိန္း ၅၀ လာဘ္စားထားတဲ့အေၾကာင္း ရဲအရာရွိရွင္းၿပီ

သက္ငယ္မုဒိန္းမႈျဖစ္တဲ့ ဗစ္တိုးရီးယားရဲ႕အမႈဟာ ႏိုင္ငံအႏွံ႔ျပည္သူအားလံုးစိတ္ဝင္စားခဲ့ၾကၿပီး သမၼတအဆင့္အထိပါ သိရွိၿပီးစိတ္ဝင္စားခဲ့တဲ့အမႈလည္းျဖစ္ပါတယ္။

ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္ၿပီး ေဖ့စ္ဘုတ္ေပၚမွာ ေရးသားမႈအမ်ားဆံုးကေတာ့ သကၠမိုးညိဳ နဲ႔ ကိုဘုန္း(ဒုရဲမွဴးေအာင္ဘုန္းျမင့္) တို႔ပဲျဖစ္ပါတယ္။

မူလအစက တရားခံကို ေအာင္ႀကီးဟု ကိုဘုန္းရဲ႕ အေကာင့္က ေၾကညာခဲ့မႈေၾကာင့္ ဒုရဲမွဴးျဖစ္သူ ကိုဘုန္းအေကာင့္ပိုင္ရွင္ကို လူအမ်ားစိတ္ဝင္စားေနခဲ့ၾကတာပဲျဖစ္ပါတယ္။

ဗစ္တိုးရီးယားအမႈမွာ သိန္း ၅၀ လာဘ္စားထားတယ္လို႔ စြပ္စြဲမႈအေပၚ ဒုရဲမွဴးေအာင္ဘုန္းျမင့္ ကိုဘုန္းက ခုလိုျပန္ရွင္းထားပါတယ္

” ရွင္းၿပီ

ကၽြန္ေတာ္က သိန္း( ၅၀) ယူတယ္ဆိုၿပီး ျပည္သူအေပၚကို သတင္းအဆိပ္ေကၽြးက်တယ္ ဒါကေတာ့သူ႕အေနနဲ႔ မဟုတ္တာမွန္းသိလ်က္နဲ႔ ပုဂၢိဳလ္ေရးမေက်နပ္မႈေၾကာင့္ တိုက္ခိုက္ၿပီးေရးသားတယ္၊ ဒါကိုယံုၾကည္တဲ့သူနဲ႔ ျပန္လည္မ ွ်ေ၀တဲ့သူေတြကို စဥ္းစားမရတာက အဲ့ေလာက္အယံုလြယ္သလားလို႔ပါ၊ တကယ္ကၽြန္ေတာ္ယူၾကည့္ပါလား ခုခ်ိန္ေထာင္ထဲေရာက္ေနေလာက္ပါၿပီ

ကၽြန္ေတာ္အေၾကာင္းက တျခားသူေတြထက္ ပိုၿပီးေတာ့စံုစမ္းရလြယ္ပါတယ္ ခုပြေနတဲ့သတင္းက ျဖစ္ႏိုင္လား မျဖစ္ႏိုင္လား ကၽြန္ေတာ္ရဲ႕စိတ္ဓါတ္ ျဖတ္သန္းလာပံု ပညာအရည္ခ်င္း ေျပာဆိုပံုေတြကေတာင္ ခန္႔မွန္းႏိုင္ပါတယ္၊ ရဲလုပ္သက္တစ္ေလ ွ်ာက္လံုးမွာ လာဘ္ေပးတာလဲမလုပ္ဘူး လာဘ္ယူတာလဲမလုပ္ဘူး မိမိမွာနဂိုရွိတာနဲ႔ေတာင္ လူတိုင္းကိုကူညီလိုက္ အျမင္မေတာ္ရင္ကိုယ္ဆီကျပန္ေပးလုိက္နဲ႔ ေနလာခဲ့တာဆုိရင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ပါၿပီ ေနာင္လည္းဒီလိုပဲသြားေနမွာပါပဲ၊

စာဖတ္သူမ်ားတြက္ အာမခံႏိုင္တာကေတာ့ အဂတိတရား (၄)ပါးလံုးကို ကင္းရွင္းစြာေနထိုင္ပါတယ္ ထို႔အတြက္ေၾကာင့္ စာဖတ္သူမ်ားအေနျဖင့္ တဖက္သူရဲ႕သက္ေသအေထာက္ထား အခိုင္အမာမျပႏိုင္ပဲ ပုဂၢဳိလ္ေရးတိုက္ခိုက္မႈတြင္ အသံုးခ်မခံေစလိုေသာ စိတ္ဆႏၵျဖင့္ ရွင္းျပရျခင္းျဖစ္ပါတယ္၊

ကၽြန္ေတာ္တို႔ေတြဟာ သူမ်ားပါးစပ္ထဲမွာပဲ စကားမဆံုးေစဖုိ႔ အရာရာစဥ္းစားၿပီးမွာ ကၽြန္ေတာ့္ကိုတိုုက္ခိုက္ေနေသာ ပို႔စ္မ်ားကိုျဖင့္ ေကာမန္႔ေတြ ရွဲလ္ေတြေရးသားမ ွ်ေ၀သင့္လား သံုးသပ္ေစခ်င္ပါတယ္၊ အမ်ားျပည္သူမ်ား စိတ္ေအးခ်မ္းစြာျဖင့္ ေနထိုင္ႏိုင္ပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သအပ္ပါသည္…

ကိုဘုန္း – ဒုရဲမွဴးေအာင္ဘုန္းျမင့္ (၁၅-၈-၂၀၁၉ )

Writer – SHN(ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source Ref : ကိုဘုန္း – ဒုရဲမွဴးေအာင္ဘုန္းျမင့္ (၁၅-၈-၂၀၁၉ )

  • Unicode Version

သက်ငယ်မုဒိန်းမှုဖြစ်တဲ့ ဗစ်တိုးရီးယားရဲ့အမှုဟာ နိုင်ငံအနှံ့ပြည်သူအားလုံးစိတ်ဝင်စားခဲ့ကြပြီး သမ္မတအဆင့်အထိပါ သိရှိပြီးစိတ်ဝင်စားခဲ့တဲ့အမှုလည်းဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားမှုအများဆုံးကတော့ သက္ကမိုးညို နဲ့ ကိုဘုန်း(ဒုရဲမှူးအောင်ဘုန်းမြင့်) တို့ပဲဖြစ်ပါတယ်။

မူလအစက တရားခံကို အောင်ကြီးဟု ကိုဘုန်းရဲ့ အကောင့်က ကြေညာခဲ့မှုကြောင့် ဒုရဲမှူးဖြစ်သူ ကိုဘုန်းအကောင့်ပိုင်ရှင်ကို လူအများစိတ်ဝင်စားနေခဲ့ကြတာပဲဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ သိန်း ၅၀ လာဘ်စားထားတယ်လို့ စွပ်စွဲမှုအပေါ် ဒုရဲမှူးအောင်ဘုန်းမြင့် ကိုဘုန်းက ခုလိုပြန်ရှင်းထားပါတယ်

” ရှင်းပြီ

ကျွန်တော်က သိန်း( ၅၀) ယူတယ်ဆိုပြီး ပြည်သူအပေါ်ကို သတင်းအဆိပ်ကျွေးကျတယ် ဒါကတော့သူ့အနေနဲ့ မဟုတ်တာမှန်းသိလျက်နဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် တိုက်ခိုက်ပြီးရေးသားတယ်၊ ဒါကိုယုံကြည်တဲ့သူနဲ့ ပြန်လည်မ ျှဝေတဲ့သူတွေကို စဉ်းစားမရတာက အဲ့လောက်အယုံလွယ်သလားလို့ပါ၊ တကယ်ကျွန်တော်ယူကြည့်ပါလား ခုချိန်ထောင်ထဲရောက်နေလောက်ပါပြီ

ကျွန်တော်အကြောင်းက တခြားသူတွေထက် ပိုပြီးတော့စုံစမ်းရလွယ်ပါတယ် ခုပွနေတဲ့သတင်းက ဖြစ်နိုင်လား မဖြစ်နိုင်လား ကျွန်တော်ရဲ့စိတ်ဓါတ် ဖြတ်သန်းလာပုံ ပညာအရည်ချင်း ပြောဆိုပုံတွေကတောင် ခန့်မှန်းနိုင်ပါတယ်၊ ရဲလုပ်သက်တစ်လေ ျှာက်လုံးမှာ လာဘ်ပေးတာလဲမလုပ်ဘူး လာဘ်ယူတာလဲမလုပ်ဘူး မိမိမှာနဂိုရှိတာနဲ့တောင် လူတိုင်းကိုကူညီလိုက် အမြင်မတော်ရင်ကိုယ်ဆီကပြန်ပေးလိုက်နဲ့ နေလာခဲ့တာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ပါပြီ နောင်လည်းဒီလိုပဲသွားနေမှာပါပဲ၊

စာဖတ်သူများတွက် အာမခံနိုင်တာကတော့ အဂတိတရား (၄)ပါးလုံးကို ကင်းရှင်းစွာနေထိုင်ပါတယ် ထို့အတွက်ကြောင့် စာဖတ်သူများအနေဖြင့် တဖက်သူရဲ့သက်သေအထောက်ထား အခိုင်အမာမပြနိုင်ပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွင် အသုံးချမခံစေလိုသော စိတ်ဆန္ဒဖြင့် ရှင်းပြရခြင်းဖြစ်ပါတယ်၊

ကျွန်တော်တို့တွေဟာ သူများပါးစပ်ထဲမှာပဲ စကားမဆုံးစေဖို့ အရာရာစဉ်းစားပြီးမှာ ကျွန်တော့်ကိုတိုက်ခိုက်နေသော ပို့စ်များကိုဖြင့် ကောမန့်တွေ ရှဲလ်တွေရေးသားမ ျှဝေသင့်လား သုံးသပ်စေချင်ပါတယ်၊ အများပြည်သူများ စိတ်အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်…

ကိုဘုန်း – ဒုရဲမှူးအောင်ဘုန်းမြင့် (၁၅-၈-၂၀၁၉ )

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : ကိုဘုန်း – ဒုရဲမှူးအောင်ဘုန်းမြင့် (၁၅-၈-၂၀၁၉ )

About the author

ilove

Leave a Comment