Shwe News Content 1

နောင်ချို.. မူးယစ်ဂိတ်မှ ..ကားများကို မီးရှို့ပြီး ..၀န်ထမ်းများကိုဖမ်းခေါ်သွားသည့် .. Video ဖိုင် (လုပ်ရက်လိုက်ကြတာဗျာ)


ယင်းဖြစ်စဉ်မှာ နောင်ချိုတိုးဂတ်အနီးရှိ မူးယစ်စစ်ဆေးရေး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်တင်ချ ဝန်ထမ်း ကိုသောင်းဌေးကို ၄င်းစီးနင်းသည့် ဆိုင်ကယ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။







  • Unicode Version

သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့တစ်ခုဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် တစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး နောင်ချိုဘက်သို့ ဆုတ်ခွာသွားခဲ့ကြတယ်လို့ သတင်းရရှိခဲ့ပါတယ်။

ယင်းဖြစ်စဉ်မှာ နောင်ချိုတိုးဂတ်အနီးရှိ မူးယစ်စစ်ဆေးရေး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်တင်ချ ဝန်ထမ်း ကိုသောင်းဌေးကို ၎င်းစီးနင်းသည့် ဆိုင်ကယ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။

ဒ့ါအပြင် ဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံများ ပြောဆိုချက်အရ သိရပါတယ်။

ယခုတင်ဆက်ထားတဲ့ ဗီဒီယိုကတော့ လက်နက်ကိုင်အဖွဲ့ဟာ ဝန်ထမ်းများကို ဆဲရေးတိုင်းထွာ ဖမ်းဆီးခေါ်ဆောင်စဉ် ရိုက်ကူးထားတာဖြစ်ပြီး၊ လက်နက်ကိုင်အဖွဲ့များကိုယ်တိုင် ရိုက်ကူးထားတာလို့လည်း သိရှိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဝန်ထမ်းများဟာ လတ်တလောမှာ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘူးပါဘူး။

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

  • ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – ME(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : Lashio Media

About the author

ilove

Leave a Comment