Shwe News Content 1

ဆေးရုံမှာ မျက်လုံး ကုသမှုခံယူနေရတဲ့ MRTV 4 က မင်းသမီးလေး မေမြင့်မိုရ်










  • Unicode Version

MRTV ဇာတ်လမ်းတွဲဖြစ်တဲ့ ပန်းနုသွေး ရုပ်ရှင်ကစပြီး ပရိသတ်လူသိများလာတဲ့ မေမြင့်မိုရ်တစ်ယောက်ကတော့ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်တွေကြောင့်

ပရိသတ်များအကြား ရေပန်းစားနေသူလေးလည်းဖြစ်ပါတယ်။

ကျရာဇာတ်ဝင်ခန်းတိုင်းကို သေချာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် Star Award ဆုကိုလည်း ဆွတ်ခူးထားသူလေးလည်းဖြစ်ပါတယ်။

မင်းသမီးချောလေးမေမြင့်မိုရ်ဟာ အသက်ငယ်ပေမယ့် မျက်စိအားနည်းနေတဲ့အတွက် နည်းနည်းဝေးရင်တောင် မမြင်ဖြစ်နေတဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

သူမ ရဲ့မျက်လုံးဆေးကုသမှုနဲ့ပတ်သက်ပြီး မျက်လုံးကိုလေဆာပစ်ထားရတယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်….

အရင်ကဆို မေကမျက်မှန်ရော မျက်ကပ်မှန်ရောမတပ်ဖြစ်ဘူး ကားမောင်းတဲ့အချိန်လောက်ပဲမျက်မှန်တပ်ဖြစ်တော့ မျက်လုံးပါဝါတွေကတဖြည်းဖြည်းနဲ့ပိုတက် မျက်ကြောတွေကလဲကိုက် ကိုယ်ခင်တဲ့သူတွေ ရင်းနှီးတဲ့သူတွေ မိတ်ဆွေဆရာသမားတွေနဲ့တွေ့ရင်တောင် အဝေးမှုန်ပါဝါက (၃၀၀) ဆိုတော့နည်းနည်းလေးဝေးရင်တောင်မမြင်ရဘူး

တစ်ချို့ကမခေါ်ချင်လို့ ချေသွားတယ်ဆိုပြီးထင်ကြတာ လူများတဲ့ပွဲတွေမှာဆိုပိုဆိုးသေးတယ် အနီးကပ်တွေ့တော့မှပဲသေချာလေးနှုတ်ဆက်ဖြစ်တော့တယ် ရင်းနှီးတဲ့သူတွေဆိုရင်တော့မမြင်ရလို့တွေ့ရင်လှမ်းခေါ်နော်ဆိုပြီးပြောထားရတယ်

အခုတော့ IQ Vision မှာမျက်လုံးလေဆာဖျောက်လိုက်ပြီးတော့ကြည်ကြည်လင်လင်လေးမြင်ရပြီဆိုတော့အဲ့လိုတွေမဖြစ်တော့ဘူး မေ့မျက်လုံးလေဆာမပစ်ခင်ရက်ပိုင်းအလိုမှာတော့ IQ Vision ဦးချစ်မောင်အိမ်ရာမှာမျက်လုံးသေချာစစ်ဆေးတယ် စစ်ဆေးတာကတော့ ၃,၄နာရီလောက်ကြာပါတယ် စစ်ဆေးပြီး Result ကမျက်လုံးလေဆာပစ်လို့ရတဲ့အချက်အလက်တွေအောင်မြင်သွားရင်တော့ နောက်ရက်ပင်လုံဆေးရုံကIQ Vision မှာ မျက်စိဆရာဝန်ကြီး Dr.ခင်ဥမ္မာခိုင်နဲ့ မျက်စိလေဆာပစ်ပါတယ် အခုတော့မျက်လုံးလေးကကြည်ကြည်နဲ့ပြန်မြင်နေရနေပြီဆိုတော့စိတ်ချမ်းသာပြီးအရမ်းကိုပျော်နေပါပြီ❤️” လို့ ရေးသားထားပါတယ်….

မင်းသမီးချောလေး မေမြင့်မိုရ် မျက်လုံးကောင်းမွန်ပြီး အမြန်ဆုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးကြပါဦးနော်….
Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : May Myint Mo’s fb

About the author

ilove

Leave a Comment