Shwe News Content 1

ပေါင်မြို့နယ်မှာ..မြေပြိုခဲ့တဲ့ဖြစ်ရပ်ဆိုးကြီးရဲ့ ..အဓိကအကြောင်းအရင်းကို.. ဖွင့်ဟလာတဲ့ .. ဦးထွန်းလွင်







Source Ref : 7Day

  • Unicode Version

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာခဲ့လို့ ပြည်သူအများအပြားဒုက္ခရောက်ခဲ့ရပြီး အသက်ဘေးနဲ့များစွာကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိမှာလည်း မြေပြိုမှုတွေနဲ့ ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးပရဟိတအဖွဲ့များ အဆက်မပြတ် ကူညီဆောင်ရွက်နေဆဲပါ။

အဆိုပါ ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး မိုးလေဝသပညာရှင်ဦးထွန်လွင်က ပေါင်မြို့နယ်မှာ မြေပြိုမှုမတိုင်ခင်သုံးလေးရက်အလိုကတည်းက ပုံမှန်ထက်မိုးကောင်းပါက ပြိုကျနိုင်တယ်လို့ ကြိုတင်သတိပေးခဲ့ပါတယ်။

သဘာဝဘေးနဲ့ပတ်သက်ပြီး ရပ်ရွာအလိုက်စုဝေးပြီး လမ်းတံတားပြင်ဆင်ခြင်၊ ရေကာတာကြံ့ခိုင်မှုရှိ မရှိစစ်ဆေးခြင်းတွေကိုလည်းကြိုတင်စစ်ဆေးထားဖို့လိုတယ်လို့ ဦးထွန်းလွင်က ပြောပါသေးတယ်။

မိုးအရမ်းအားကောင်းနေတာနဲ့ပတ်သက်ပြီး မုတ်သုံလေအရမ်းအားကောင်းနေတဲ့အတွက်ကြောင့် ခုလိုမျိုးတွေဖြစ်ခဲ့ရတယ်ဆိုတာကိုလည်းပြောပြခဲ့ပါတယ်။

မိုးလေဝသပိုင်းနှင့်ပတ်သက်လျှင် ပြည်သူများသိရှိစေရန် အချိန်နှင့်တစ်ပြေးညီသတင်းထုတ်ပြန်ပေးနေပြီး အချိန်မီသိရှိပြီး လိုက်နာဖို့လိုတယ်လို့လည်း ဆရာဦးထွန်းလွင်က အကြံပြုလိုက်ပါတယ်။

Writer – SHN (Shwe Yaung Lan)
Source Ref : 7Day

About the author

ilove

Leave a Comment