Shwe News Content 3

အႏၲာရာယ္ႀကီးလြန္းတ့ဲ မ္ိေက်ာင္းန႔ဲ တစ္အိမ္တည္းမွာ ႏွစ္ေပါင္းမ်ားစြာ ေနခ့ဲသူ

အႏၲာရာယ္ႀကီးလြန္းတ့ဲ မ္ိေက်ာင္းန႔ဲ တစ္အိမ္တည္းမွာ ႏွစ္ေပါင္းမ်ားစြာ ေနခ့ဲသူ

ဂ်ပန္​ႏိုင္​ငံသား နိုဘူမိဆု မူရာဘာယာရိွ ဆိုသူဟာ ​ေခါင္​းတိုမိ​ေခ်ာင္​းအႀကီးအမ်ိဳးအစားတစ္​မ်ိဳးနဲ႔အတူ ​ေနထိုင္​တယ္​လို႔ သိရပါတယ္​။

အသက္​၆၅ႏွစ္​အ႐ြယ္​ရွိတဲ့ နိုဘူမိဆု ဟာ ဟီရူရွီးမားက သူ႔ရဲ႕အိမ္​မွာ မိ​ေက်ာင္​းနဲ႔အတူ​ေနထိုင္​​ေနတယ္​ဆိုတဲ့ျဖစ္​ရပ္​က​ေတာ့ ျမင္​​ေတြ႕ရသူ​ေတြအတြက္​အထူးအဆန္​းပါပဲ။

နိုဘူမိဆုဟာ မိ​ေခ်ာင္​း​ေလးကို လြန္​ခဲ့တဲ့၃၄ႏွစ္​က ပြဲ​ေတာ္​တစ္​ခုမွာ အ​ေထြအထူးမစဥ္​းစားဘဲ ဝယ္​ခဲ့တာျဖစ္​ၿပီး အခု​ဆို မိ​ေခ်ာင္​း​ေလးဟာ ၂.၁မီတာရွည္​လ်ားၿပီး ၄၆ကီလိုဂရမ္​အ​ေလးခ်ိန္​ရွိလာၿပီျဖစ္တဲ့ မိ​ေခ်ာင္​းအထီး​ႀကီးျဖစ္​​ေနပါၿပီ။

သူ႔ရဲ႕အစာက​ေတာ့ အဓိကအားျဖင္​့ ၾကက္​သား အမဲသားတို႔ျဖစ္​ၿပီး သူ႔ရဲ႕ကိုယ္​ပိုင္​​ေရခ်ိဳးဇလံုနဲ႔ ​ေရခ်ိဳး​ေပး​ေလ့ရွိပါတယ္​။

ထိုၿမိဳ႕ရဲ႕အစိုးရပိုင္​းတာဝန္​ရွိသူ​ေတြက နိုဘူမိဆုကို မိ​ေခ်ာင္​းနဲ႔အတူလမ္​း​ေလွ်ာက္​ခြင္​့​ေပးထားၿပီး လမ္​း​ေလွ်ာက္​ထြက္​ရာမွာ မိ​ေခ်ာင္​းကို ပါးစပ္​မွာအစည္​းအကာနဲ႔ပိတ္​​ေႏွာင္​ထားျခင္​းမရွိ​ေပမယ္​့ ဘယ္​သူ႔ကိုမွ မကိုက္​ဖူးဘူးလို႔သိရပါတယ္​။

မိ​ေခ်ာင္​းတစ္​​ေကာင္​ကို​ေမြးရတာဟာ တျခားအိမ္​​ေမြးတိရစၧာန္​​ေတြလို​ေတာ့မဟုတ္​ပါဘူး။ဒါ​ေပမယ္​့ သူက သူဆံုးျဖတ္​ခ်က္​အတြက္​တာဝန္​အျပည္​့အဝယူတယ္​လို႔ဆိုပါတယ္​။

နိုဘူမိဆု မူရာဘာယာရိွဟာ မိ​ေခ်ာင္​း​ေလးကိုျပသရင္​း က​ေလးငယ္​​ေတြကို သားရဲတိစၧာန္​ထိန္​းသိမ္​း​ေရးအတြက္​ ပညာ​ေပးတတ္​သလို ဒီမိ​ေခ်ာင္​း​ေလးဟာ သူ႔ရဲ႕တိတ္​ဆိတ္​တဲ့ဘဝအတြက္​ ​ေပ်ာ္​႐ႊင္​မႈ​ေပးတ့ဲ အ​ေဖာ္​မြန္​​ေကာင္​းလဲျဖစ္​ပါတယ္​။

ဒီဗြီဒီယို​ေလးထဲမွာ​ သားရိုင္​းတိရစၧာန္​ျဖစ္​တဲ့ မိ​ေခ်ာင္​းတစ္​​ေကာင္​နဲ႔ လူသားတစ္​ဦး ဘယ္​လို​ေမတၱာ​ေတြနဲ႔အတူတကြ​ေနထိုင္​ၾကတယ္​ဆိုတာက​ို တကယ္​့ကိုစိတ္​ဝင္​စားစရာ ျမင္​​ေတြ႕ရမွာပါ။ထူးဆန္​းတယ္​ဆိုတာထက္​ အံ့ၾသစရာ​ေကာင္​းတယ္​လို႔ ဆိုရမလိုပါပဲ။


Writer – LLA (Shwe Yaung Lan)
Video – Funny page

  • unicode version

အန္တာရာယ်ကြီးလွန်းတဲ့ မိကျောင်းနဲ့ တစ်အိမ်တည်းမှာ နှစ်ပေါင်းများစွာ နေခဲ့သူ

ဂျပန်နိုင်ငံသား နိုဘူမိဆု မူရာဘာယာရှိ ဆိုသူဟာ ခေါင်းတိုမိချောင်းအကြီးအမျိုးအစားတစ်မျိုးနဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။

အသက်၆၅နှစ်အရွယ်ရှိတဲ့ နိုဘူမိဆု ဟာ ဟီရူရှီးမားက သူ့ရဲ့အိမ်မှာ မိကျောင်းနဲ့အတူနေထိုင်နေတယ်ဆိုတဲ့ဖြစ်ရပ်ကတော့ မြင်တွေ့ရသူတွေအတွက်အထူးအဆန်းပါပဲ။

နိုဘူမိဆုဟာ မိချောင်းလေးကို လွန်ခဲ့တဲ့၃၄နှစ်က ပွဲတော်တစ်ခုမှာ အထွေအထူးမစဉ်းစားဘဲ ဝယ်ခဲ့တာဖြစ်ပြီး အခုဆို မိချောင်းလေးဟာ ၂.၁မီတာရှည်လျားပြီး ၄၆ကီလိုဂရမ်အလေးချိန်ရှိလာပြီဖြစ်တဲ့ မိချောင်းအထီးကြီးဖြစ်နေပါပြီ။

သူ့ရဲ့အစာကတော့ အဓိကအားဖြင့် ကြက်သား အမဲသားတို့ဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ရေချိုးဇလုံနဲ့ ရေချိုးပေးလေ့ရှိပါတယ်။

ထိုမြို့ရဲ့အစိုးရပိုင်းတာဝန်ရှိသူတွေက နိုဘူမိဆုကို မိချောင်းနဲ့အတူလမ်းလျှောက်ခွင့်ပေးထားပြီး လမ်းလျှောက်ထွက်ရာမှာ မိချောင်းကို ပါးစပ်မှာအစည်းအကာနဲ့ပိတ်နှောင်ထားခြင်းမရှိပေမယ့် ဘယ်သူ့ကိုမှ မကိုက်ဖူးဘူးလို့သိရပါတယ်။

မိချောင်းတစ်ကောင်ကိုမွေးရတာဟာ တခြားအိမ်မွေးတိရစ္ဆာန်တွေလိုတော့မဟုတ်ပါဘူး။ဒါပေမယ့် သူက သူဆုံးဖြတ်ချက်အတွက်တာဝန်အပြည့်အဝယူတယ်လို့ဆိုပါတယ်။

နိုဘူမိဆု မူရာဘာယာရှိဟာ မိချောင်းလေးကိုပြသရင်း ကလေးငယ်တွေကို သားရဲတိစ္ဆာန်ထိန်းသိမ်းရေးအတွက် ပညာပေးတတ်သလို ဒီမိချောင်းလေးဟာ သူ့ရဲ့တိတ်ဆိတ်တဲ့ဘဝအတွက် ပျော်ရွှင်မှုပေးတဲ့ အဖော်မွန်ကောင်းလဲဖြစ်ပါတယ်။

ဒီဗွီဒီယိုလေးထဲမှာ သားရိုင်းတိရစ္ဆာန်ဖြစ်တဲ့ မိချောင်းတစ်ကောင်နဲ့ လူသားတစ်ဦး ဘယ်လိုမေတ္တာတွေနဲ့အတူတကွနေထိုင်ကြတယ်ဆိုတာကို တကယ့်ကိုစိတ်ဝင်စားစရာ မြင်တွေ့ရမှာပါ။ထူးဆန်းတယ်ဆိုတာထက် အံ့သြစရာကောင်းတယ်လို့ ဆိုရမလိုပါပဲ။


Writer – LLA (Shwe Yaung Lan)
Video – Funny page

About the author

Kham Liim

Leave a Comment