Shwe News Content 2

မိန္းမ မေသခင္က ေနာက္ဆံုးေပးခဲ့တဲ့ တန္ဖိုးနည္း ပစၥည္းေလး တံတား ေအာက္ကို က်သြားတဲ့ အခါ….

လူတိုင္းမွာ အမွတ္တရ တစ္ခုစီေတာ့ ရွိတတ္ၾကပါတယ္။ ခ်စ္ခင္သူက ေပးခဲ့တဲ့ အမွတ္တရျဖစ္ေစ ၊ သူ႕ေၾကာင့္ရရွိခဲ့တဲ့ စိတ္ခံစားခ်က္

တစ္ခုေၾကာင့္ ျဖစ္ေစေပ့ါ။ ဒီအမွတ္တရ ပစၥည္းဟာ ေဘးကလူေတြ အတြက္ တန္ဖိုးရွိၾကမွ ရွိပါလိမ့္မယ္ ။ ဒါေပမယ့္ အဲ့ပစၥည္းေလးနဲ႔

ပတ္သတ္ဆက္ႏြယ္ေနတဲ့သူေတြ အတြက္ေတာ့ ဒါဟာ အဖိုးမျဖတ္နိုင္တဲ့ အတိတ္သို႔တိုးဝင္ရာ တံခါးေပါက္ေလး မဟုတ္ပါလား..။

အဆိုေတာ္ စိုင္းစိုင္းရဲ႕ ဒီေလာကမွာ သူရွိေနသည္ျဖစ္ေစ မရွိေတာ့သည္ျဖစ္ေစ ကြ်န္ေတာ္ကေတာ့ အခ်စ္ဆိုတ ခ်စ္ေန

ရဖို႔သာ လိုတယ္လို႔… ဆိုတဲ့ သီခ်င္းေလးကို အားလံုး အကြ်မ္းတဝင္ရွိၾကမွာပါ။

အခုတင္ျပမယ့္ သတင္းေလးကလည္း သူ႕ဇနီးက အမွတ္တရ ေပးခဲ့တဲ့ ပစၥည္းေလးအတြက္ အသက္ကိုေတာင္ မငဲ့ပဲ ခ်စ္တတ္လြန္းသူ

ရဲ႕ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။

အသက္ (၄၁) နွစ္အရြယ္ အမ်ိဳးသား ပန္းပဲဆရာတစ္ေယာက္က သူ႕ဇနီးမေသခင္က သူ႕အတြက္ အမွတ္တရ လက္ေဆာင္ေပးထား

တဲ့ ေပဘူးေလးကို အမွတ္မထင္ ရြံႏြံထဲအက်မွာ သူဟာ ေလာကၾကီးမွာ ထိုအရာထက္ အေရးၾကီးတယ္လို႔ မထင္ရေလာက္ေအာင္

ေအာက္မွာ ဘယ္လို အႏၱရာယ္ေတြ ရွိတယ္ဆိုတာကိုေတာင္ မခ်င့္ခ်ိန္နိုင္ေတာ့ေလာက္ေအာင္ ေအာက္ကို အတင္းဆင္းျပီး ဆယ္ယူ

ခဲ့ပါတယ္။ ေနာက္ဆံုးေတာ့ သူအျမတ္နိုးဆံုး ပစၥည္းေလး ျပန္ေတြ႕တဲ့ အခါမွာေတာ့ သူဟာ ရြံ႕ႏြံထဲ တေျဖးေျဖးနစ္ေနတာေၾကာင့္

ရုန္းထြက္မရျဖစ္ေနခဲ့ပါတယ္။

ကံေကာင္းေထာက္မစြာနဲ႔ ဒီအခ်ိန္မွာ လမ္းသြားလမ္းလာေတြက ေတြ႕ျပီး ကယ္တင္နိုင္ခဲ့လို႔ အသက္ရွင္ရာ ရခဲ့ပါတယ္တဲ့။

အသက္ကိုေတာင္ မငဲ့ပဲ ခ်စ္လြန္းတဲ့ ကိုခ်စ္လြန္းေမာင္ကို အမ်ားက အျပစ္ေျပာဖို႔ ေနေနသာသာ သူ႕ခံစားခ်က္ကို စာနာရင္း ေဖးမ

ကူညီခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

Writer- SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)

  • Unicode Version

လူတိုင်းမှာ အမှတ်တရ တစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ချစ်ခင်သူက ပေးခဲ့တဲ့ အမှတ်တရဖြစ်စေ ၊ သူ့ကြောင့်ရရှိခဲ့တဲ့ စိတ်ခံစားချက်

တစ်ခုကြောင့် ဖြစ်စေပေ့ါ။ ဒီအမှတ်တရ ပစ္စည်းဟာ ဘေးကလူတွေ အတွက် တန်ဖိုးရှိကြမှ ရှိပါလိမ့်မယ် ။ ဒါပေမယ့် အဲ့ပစ္စည်းလေးနဲ့

ပတ်သတ်ဆက်နွယ်နေတဲ့သူတွေ အတွက်တော့ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ အတိတ်သို့တိုးဝင်ရာ တံခါးပေါက်လေး မဟုတ်ပါလား..။

အဆိုတော် စိုင်းစိုင်းရဲ့ ဒီလောကမှာ သူရှိနေသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေ ကျွန်တော်ကတော့ အချစ်ဆိုတ ချစ်နေ

ရဖို့သာ လိုတယ်လို့… ဆိုတဲ့ သီချင်းလေးကို အားလုံး အကျွမ်းတဝင်ရှိကြမှာပါ။

အခုတင်ပြမယ့် သတင်းလေးကလည်း သူ့ဇနီးက အမှတ်တရ ပေးခဲ့တဲ့ ပစ္စည်းလေးအတွက် အသက်ကိုတောင် မငဲ့ပဲ ချစ်တတ်လွန်းသူ

ရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

အသက် (၄၁) နှစ်အရွယ် အမျိုးသား ပန်းပဲဆရာတစ်ယောက်က သူ့ဇနီးမသေခင်က သူ့အတွက် အမှတ်တရ လက်ဆောင်ပေးထား

တဲ့ ပေဘူးလေးကို အမှတ်မထင် ရွံနွံထဲအကျမှာ သူဟာ လောကကြီးမှာ ထိုအရာထက် အရေးကြီးတယ်လို့ မထင်ရလောက်အောင်

အောက်မှာ ဘယ်လို အန္တရာယ်တွေ ရှိတယ်ဆိုတာကိုတောင် မချင့်ချိန်နိုင်တော့လောက်အောင် အောက်ကို အတင်းဆင်းပြီး ဆယ်ယူ

ခဲ့ပါတယ်။ နောက်ဆုံးတော့ သူအမြတ်နိုးဆုံး ပစ္စည်းလေး ပြန်တွေ့တဲ့ အခါမှာတော့ သူဟာ ရွံ့နွံထဲ တဖြေးဖြေးနစ်နေတာကြောင့်

ရုန်းထွက်မရဖြစ်နေခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီအချိန်မှာ လမ်းသွားလမ်းလာတွေက တွေ့ပြီး ကယ်တင်နိုင်ခဲ့လို့ အသက်ရှင်ရာ ရခဲ့ပါတယ်တဲ့။

အသက်ကိုတောင် မငဲ့ပဲ ချစ်လွန်းတဲ့ ကိုချစ်လွန်းမောင်ကို အများက အပြစ်ပြောဖို့ နေနေသာသာ သူ့ခံစားချက်ကို စာနာရင်း ဖေးမ

ကူညီခဲ့ကြတယ်လို့ သိရှိရပါတယ်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

About the author

Crypoetess

Leave a Comment