Shwe News Content 3












Source -vocativ

  • unicode version

နေမကောင်းဖြစ်နေတဲ့ ၇၅ နှစ်အရွယ် အဖွားကိုတစ်ယောက်တည်း ထားခဲ့ပြီး စစ်မှုထမ်းရမည်ဟု အမိန့်ပေးလိုက်ချိန် ချက်ချင်းမူးလဲကျသွားတဲ့ လူငယ်

ထိုင်းနိုင်ငံမှာ စစ်မှုထမ်းဆောင်ရခြင်းကို မလုပ်မနေရစနစ်နဲ့ ဆောင်ရွက်ရတာဖြစ်ပြီး ထိုင်းလူငယ်တွေဟာ သူတို့ရဲ့ကံကြမ္မာကို လူထုရှေ့မှာ မဲနှိုက်ခံခြင်းနဲ့ အဆုံးဖြတ်ခံရပါတယ်။

အမဲရောင်ကိုရတဲ့လူငယ်ဟာ ကင်းလွတ်ခွင့်ရပြီး အနီရောင်မဲလိပ်ဆိုရင်တော့ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရပါတယ်။

အနီရောင်မဲလိပ်ရလို့ စစ်မှုထမ်းမိန့်ကျချိန်မှာတော့ တချို့လူငယ်တွေဟာ ယိုင်နဲ့ပြိုလဲသွားကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် ခြွင်းချက်တစ်ခုကတော့ လူချမ်းသာမိသားစုတွေဟာ သူတို့ရဲ့လွတ်ရာလွတ်လမ်းကို ငွေကြေးနဲ့ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

အနီရောင်မဲလိပ်ကျတဲ့ ဆင်းရဲတဲ့မိသားစုတွေကတော့ ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအခက်ခဲတွေပဲရှိနေရှိနေ စစ်မှုထမ်းဖို့ဆင့်ခေါ်ခြင်းကို ရှောင်ဖယ်လို့မရပါဘူး။

အသက်၂၃နှစ်အရွယ် Sakritဆိုတဲ့ထိုင်းလူငယ်တစ်ဦးဟာ တစ်အိမ်လုံးကို သူတစ်ဦးထဲရဲ့လုပ်အားခနဲ့ ထောက်ပံ့နေရသူပါ။
အသက်၇၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျန်းမာရေးမကောင်းတဲ့အဘွားကလည်း သူ့မြေးကိုပဲအမှီပြုပြီးရှင်သန်နေရတယ်လို့သိရပါတယ်။

လူချမ်းသာမိသားစုတွေကလူငယ်တွေ ပျော်ပါးနေချိန်မှာ မိသားစုကလိုအပ်နေတဲ့လူငယ်တစ်ယောက်ကို ဆွဲခေါ်ထုတ်သွားတာတော့ မတရားရာရောက်တယ်လို့ မီဒီယာတစ်ခုကတော့ ဗွီဒီယိုလေးတစ်ခုနဲ့ ရှင်းလင်းစွာပြသထားပါတယ်။

ဗွီဒီယိုလေးကို အောက်မှာဖော်ပြပေးထားပါတယ်။


Writer -LLA (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source -vocativ

About the author

Kham Liim

Leave a Comment