Shwe News Content 1

ေနာက္မလုပ္ေတာ့ပါဘူးလို႔ စာေရးျပီး ေတာင္းပန္လိုက္တဲ့ ေက်ာ္ေက်ာ္နႏၵ

မဂၤလာပါ ပရိသတ္ႀကီးေရ…ျမန္မာယဥ္ေက်းမႈဝတ္စံုကို သရုပ္ပ်က္စြာဝတ္ဆင္တဲ့အတြက္ ေက်ာ္ေက်ာ္နႏၵကို ျမန္မာႏိုင္ငံသဘင္အစည္းအရံုးဗဟိုကေန အေရးယူေတာ့မယ္ဆိုတဲ့ ေၾကညာခ်က္ကို ပရိသတ္ႀကီးတို႔ ဖတ္ၿပီးေလာက္ပါၿပီေနာ္….
ကဲ…ဇာတ္လမ္းက အဲမွာတင္စတာပါပဲခင္ဗ်ာ….ေက်ာ္ေက်ာ္နႏၵဘာျပန္ေျပာထားလဲ ဆိုတာ ေအာက္မွာ ဆက္ဖတ္ၾကည့္ရေအာင္ေနာ္…

အေရးယူမယ္ဆိုတဲ့ ေၾကညာခ်က္ထြက္လာၿပီးေနာက္ပိုင္းမွာ ေက်ာ္ေက်ာ္နႏၵက သူ႕ရဲ႕ Facebook အေကာင့္ကေနတစ္ဆင့္ ေနာက္မလုပ္ေတာ့ပါဘူးဆိုၿပီး ေတာင္းပန္စာေလးေရးသားလာတာကို ၿပီးခဲ့တဲ့ နာရီပိုင္းအတြင္းမွာ ေတြ႕ရပါတယ္…
ဒီလိုေတာင္းပန္တဲ့ေနရာမွာလည္း သူတစ္ေယာက္တည္းတင္မဟုတ္ဘဲ အဲဒီဝတ္စံုကို ဖန္တီးေပးခဲ့တဲ့ ဒီဇိုင္နာ ဇင္လင္းထက္နဲ႔ အတူ ေတာင္းပန္ပါတယ္လို႔ ေက်ာ္ေက်ာ္နႏၵက ဆိုထားပါတယ္…

ဒီစာေလးကေတာ့ ေက်ာ္ေက်ာ္နႏၵရဲ႕ Facebook အေကာင့္မွာ ေတာင္းပန္ထားတဲ့ မူရင္း စာေလးျဖစ္ပါတယ္…

“က်ေနာ္ေၾကာင့္ ျမန္မာႏိုင္ငံ႐ုပ္႐ွင္အစည္းအ႐ုံး သိကၡာက်ေစမည္ အလုပ္မ်ိဳးေနာက္မလုပ္ေတာ့ေၾကာင္းအမူေဆာင္မ်ားေ႐ွ ့ေမွာက္တြင္ ကတိေပးပါတယ္ ၄င္းဝတ္စုံဖန္တီးေပးေသာ ဒီဇိုင္နာ ဇင္လင္းထက္မွလည္း ထပ္တူ ကတိေပးခဲ့ပါသည္”

ေက်ာ္ေက်ာ္နႏၵရဲ႕ ေတာင္းပန္တဲ့ Post ေအာက္မွာ ကြန္းမန္႔ေတြ အၿပိဳင္အဆိုင္ဝင္ေရး ေနၾကတာကိုလည္း ေတြ႕ရပါတယ္…တခ်ိဳ႕က ခုလိုအမွားကို ေတာင္းပန္တာ ေတာ္လိုက္တာ ဆိုၿပီး ခ်ီးက်ဴးထားသလို…
အခ်ိဳ႕ကေတာ့ အမွားေတြခဏခဏလုပ္ ၿပီးရင္ ေတာင္းပန္…ေနာက္က်ေတာ့လည္း ထပ္လုပ္တာပါပဲ ဆိုၿပီး ေဝဖန္ထားၾကပါတယ္….

သူ႔ရဲ႕ Post ေအာက္မွာ အားေပးေနတဲ့သူေတြရွိသလို…သူလုပ္ခဲ့တာေတြကို ေထာက္ျပ ေဝဖန္ထားၾကတဲ့ ကြန္းမန္႔ ေတြဟာ ခုဆို ရာခ်ီေနၿပီပဲ ျဖစ္ပါတယ္..
ကဲ…ပရိတ္သတ္ႀကီးတို႔ေရာ ဘယ္လိုအျမင္ေလးေတြရွိၾကလဲ ေရးခဲ့ေပးၾကပါအံုး…..

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : Kyaw Kyaw Nanda

  • Unicode Version

မင်္ဂလာပါ ပရိသတ်ကြီးရေ…မြန်မာယဉ်ကျေးမှုဝတ်စုံကို သရုပ်ပျက်စွာဝတ်ဆင်တဲ့အတွက် ကျော်ကျော်နန္ဒကို မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုကနေ အရေးယူတော့မယ်ဆိုတဲ့ ကြေညာချက်ကို ပရိသတ်ကြီးတို့ ဖတ်ပြီးလောက်ပါပြီနော်….
ကဲ…ဇာတ်လမ်းက အဲမှာတင်စတာပါပဲခင်ဗျာ….ကျော်ကျော်နန္ဒဘာပြန်ပြောထားလဲ ဆိုတာ အောက်မှာ ဆက်ဖတ်ကြည့်ရအောင်နော်…

အရေးယူမယ်ဆိုတဲ့ ကြေညာချက်ထွက်လာပြီးနောက်ပိုင်းမှာ ကျော်ကျော်နန္ဒက သူ့ရဲ့ Facebook အကောင့်ကနေတစ်ဆင့် နောက်မလုပ်တော့ပါဘူးဆိုပြီး တောင်းပန်စာလေးရေးသားလာတာကို ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ တွေ့ရပါတယ်…
ဒီလိုတောင်းပန်တဲ့နေရာမှာလည်း သူတစ်ယောက်တည်းတင်မဟုတ်ဘဲ အဲဒီဝတ်စုံကို ဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာ ဇင်လင်းထက်နဲ့ အတူ တောင်းပန်ပါတယ်လို့ ကျော်ကျော်နန္ဒက ဆိုထားပါတယ်…

ဒီစာလေးကတော့ ကျော်ကျော်နန္ဒရဲ့ Facebook အကောင့်မှာ တောင်းပန်ထားတဲ့ မူရင်း စာလေးဖြစ်ပါတယ်…

“ကျနော်ကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သိက္ခာကျစေမည် အလုပ်မျိုးနောက်မလုပ်တော့ကြောင်းအမူဆောင်များရှေ့မှောက်တွင် ကတိပေးပါတယ် ၎င်းဝတ်စုံဖန်တီးပေးသော ဒီဇိုင်နာ ဇင်လင်းထက်မှလည်း ထပ်တူ ကတိပေးခဲ့ပါသည်”

ကျော်ကျော်နန္ဒရဲ့ တောင်းပန်တဲ့ Post အောက်မှာ ကွန်းမန့်တွေ အပြိုင်အဆိုင်ဝင်ရေး နေကြတာကိုလည်း တွေ့ရပါတယ်…တချို့က ခုလိုအမှားကို တောင်းပန်တာ တော်လိုက်တာ ဆိုပြီး ချီးကျူးထားသလို…
အချို့ကတော့ အမှားတွေခဏခဏလုပ် ပြီးရင် တောင်းပန်…နောက်ကျတော့လည်း ထပ်လုပ်တာပါပဲ ဆိုပြီး ဝေဖန်ထားကြပါတယ်….

သူ့ရဲ့ Post အောက်မှာ အားပေးနေတဲ့သူတွေရှိသလို…သူလုပ်ခဲ့တာတွေကို ထောက်ပြ ဝေဖန်ထားကြတဲ့ ကွန်းမန့် တွေဟာ ခုဆို ရာချီနေပြီပဲ ဖြစ်ပါတယ်..
ကဲ…ပရိတ်သတ်ကြီးတို့ရော ဘယ်လိုအမြင်လေးတွေရှိကြလဲ ရေးခဲ့ပေးကြပါအုံး…..

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : Kyaw Kyaw Nanda

About the author

ilove

Leave a Comment