Shwe News Content 3










 


  • unicode version

တစ်ချပ်ကို $11.2 တန်တဲ့ အာလူးကြော်..ဘာလို့ဈေးအဲ့လောက်ကြီးရတာလဲ ဆိုတာ

ဈေးအကြီးဆုံး အာလူးကြော်တစ်ချပ်ရဲ့တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာ သင်ခန့်မှန်းနိုင်ပါသလား။ အာလူးကြော်ရဲ့တန်ဖိုးဟာ တစ်ချပ်ကို $11.2 မြန်မာငွေနဲ့တွက်မယ်ဆို တစ်သောင်းခြောက်ထောင်ကျော်နီးပါး တန်ဖိုးရှိပါတယ်။

5ချပ်ပါတဲ့ အားလူးကြော်တစ်ဘူးကို $56 မြန်မာငွေနဲ့ ၈သောင်း၅ထောင်ကျော် ကျသင့်မှဖြစ်ပါတယ်။

ဘာလို့ ဒီလောက်တောင်ဈေးကြီးပါလိမ့်လို့ တွေးနေပြီဆိုတော့ ဒီဗွီဒီယိုလေးကိုကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။

ဒီတန်ဖိုးရှိလှတဲ့ အာလူးကျော်ကို St. Erik’s တံဆိပ်ပါတဲ့ သပ်ရပ်လှတဲ့ဘူးနဲ့ ထုပ်ပိုးထားပြီး ဘူးတစ်ဘူးကို အကန့်၅ကန့်ပါဝင်ကာ တစ်ကန့်ကို အာလူးကျော်တစ်ချပ်စီ ထည့်ထားတာကို ဗွီဒီယိုလေးထဲမှာ မြင်တွေ့ရမှာပါ။

အာလူးကြော်ရဲ့ဈေးကိုဘူးရဲ့ထုပ်ပိုးမှုကြောင့်ပဲ တင်ထားတာမဟုတ်ပါဘူး။ သူ့ရဲ့ပါဝင်ပစ္စည်းတွေဟာလည်း ရှားပါးကုန်တွေကိုပဲအသုံးပြုထားတာပါ။ ဒီအားလူးကြော်အတွက်အသုံးပြုထားတဲ့ အာလူးမျိုးစိတ်ဟာလည်း ရှားပါးလှတဲ့Ammärnas ဒေသထွက်အာလူးဖြစ်ပြီး Matsutake မှို နဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ပါဝင်ပစ္စည်းတွေကို အသုံးပြုထားပါတယ်။

ဒီအာလူးကြော်ကို တီထွင်လိုက်တာကတော့ ဆွီဒင်နိုင်ငံက St.Erik စက်ရုံကဖြစ်ပြီး ဘီယာနဲ့တွဲဖက်သောက်သုံးဖို့ ကောင်းမွန်တဲ့အမြည်းတစ်ခုပါလို့ ဆိုပါတယ်။

ရှားပါးတဲ့ Limited edition မို့ အခွင့်ကြုံရင် မြည်းစမ်းကြည့်ကြပါဦးနော်။

 

Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-Secrect live of the super rich

About the author

Kham Liim

Leave a Comment