Shwe News

ဘင်္ဂါလားဒေ့ရှ် အိုင်ဒေါမှာဆုရခဲ့ပြီးအောင်မြင်နေခဲ့တဲ့ မြန်မာနိုင်ငံသား အဆိုတော် Mong Uching !!!









Ref – mm feed

 

  • Unicode

မြန်မာနိုင်ငံသားတစ်ယောက် က ဘင်္ဂလားဒေရှ် နိုင်ငံမှာအဆိုတော် တစ်ယောက်အဖြစ်အောင်မြင်နေတယ် ဆိုတာကို သိရရင်ယုံတောင်ယုံနိုင်ကြပါ့မလား နော်။

ဘာသာရေး၊ လူမျိုးရေးတွေ အရမ်းကြီးစိုးတဲ့ ဘင်္ဂလားလူမျိုးတွေကြားမှာ မြန်မာနိုင်ငံသားရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ ဦးချင်းမာန် (Mong Uching )ကတော့ ဘင်္ဂလား အိုင်ဒေါ ရဲ့ ဆုရှင်အဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။

မကြာသေးခင်ကမှ လူမှုကွန်ယက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာခဲ့တဲ့ Mong Uching ရဲ့ ကြိုးစားမှုတွေကတော့ သြချလောက်စရာပါ .

လက်ရှိ မြန်မာအိုင်ဒေါ ဆုရှင် ဖြိုးမြတ်အောင်လိုဘဲ Mong Uching ဟာ ကျေးလက်ရွာလေးတစ်ရွာကနေ အောင်မြင်မှုတွေကိုရရှိခဲ့တဲ့ ရွက်ပုန်းသီးပြိုင်ပွဲဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

ထူးခြားချက်တာ က ဘင်္ဂလားဒေရှ်နိုင်ငံမှာနေထိုင်ပြီး သူ့မျိုးနွယ်စု သီချင်းရော ၊ ဘင်္ဂလီ သီချင်းတွေကို ပါ ကောင်းမွန်အောင်သီဆိုနိုင်တာကြောင့် ဒိုင်တွေကိုယ်တိုင်က အသိအမှတ်ပြုခဲ့ရပါတယ်။

ထူးခြားတဲ့ ရုပ်ရည်၊ သီဆိုမှုကောင်းမွန်ခြင်း ၊ ကြိုးစားအားထုတ်မှုမြင့်မားခြင်းတွေကြောင့် Mong Uching ကို ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေက မြှောက်စားခဲ့ကြတာပါ။

Mong Uching ဟာ ဘင်္ဂလားအိုင်ဒေါဆု ပိုင်ရှင် တစ်ယောက်ထည်းသော နိုင်ငံခြားသားပြိုင်ပွဲဝင်လည်းဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

ပြိုင်ပွဲတစ်လျှောက် Mong Uching ရဲ့ ဖြတ်သန်းမှုတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာဖြစ်လို့ မှတ်ချက်ပေးဖို့ မမေ့နဲ့နော် ။

Source – Bangladeshi Idol/BABWO
Ref – mm feed

 

About the author

Wai Phyo Oo

Leave a Comment