Shwe News Content 3









 

 

    Source-အူတတ်​​အောင်​ရယ်​ရမယ်​unicode version

ဘာမှမသိတဲ့ ရွာသူရွာသားတွေကို ထီအမည်ခံနဲ့ သိန်း သန်းချီ လိမ်သွားတာတဲ့

ဒီနေ့ခေတ်ကြီးထဲမှာ လိမ်နည်းမျိုးစုံနဲ့လိမ်နေကြတာကို အမျိုးမျိုးတွေ့မြင်ကြားနေရကြပါပဲ။

ပြည်သူတော်တော်များများ အင်တာနက်သုံးစွဲနိုင်နေတဲ့အတွက် လိမ်နည်းလှည့်စားနည်းတွေကို တော်တော်များများသိနေတဲ့အခါမှာတော့ လိမ်လည်သူတို့ရဲ့ ပစ်မှတ်ဟာ မသိနားမလည် မဖွံ့ဖြိုးသေးတဲ့ တောရွာတွေဆီ ရောက်ရှိလာပါတော့တယ်။

အခုတစ်ခေါက်မှာလည်း ကရင်ရွာတစ်ရွာမှာ ထီဖွင့်ရက်မရောက်ခင်ထီပေါက်တယ်အမည်ခံပြီး ၈သိန်းတောင်းတဲ့ ထီရောင်းသူလူလိမ်တွေအကြောင်းကို ဒီဗွီဒီယိုလေးမှာ တွေ့ရမှာပါ။

မသိနားမလည်သူတွေ အဘိုးအဘွားတွေကို ဒီထီအုပ်ကထွက်မှာ ဒါကိုဘယ်လောက်ပေးဝယ်ရမယ်လို့ပြောပြီး သိန်းနဲ့ချီလိမ်ဖို့ကြိုးစားပြီး နားလည်သူတွေနဲ့တွေ့မှ အလိမ်ပေါ်သွားတဲ့ဖြစ်ရပ်ပါပဲ။

ဒီဗွီဒီယိုလေးထဲမှာပြောထားတဲ့အရဆိုရင် လွန်ခဲ့တဲ့၃နှစ်ကလဲ အလိမ်ခံခဲ့ရတဲ့သူတွေ ရွာမှာရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် အချိန်တိုင်း နေရာတိုင်းမှာ အမျိုးမျိုးလှည့်စားတတ်သူတွေရှိနေတဲ့အတွက် အရာရာကိုသတိချပ်ဖို့ အသိပေးလိုက်ပါတယ်နော်။

 

 

Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-အူတတ်အောင်ရယ်ရမယ်

About the author

Kham Liim

Leave a Comment