Shwe News Content 1

ထီလက္မွတ္အေစာင္တုိင္းထီေပါက္ခဲ့တဲ့အထိ ကံေကာင္းခဲ့တဲ့ ဦးလြင္မုိး

တေခတ္တခါက လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသားႀကီး လြင္မိုးဟာ ၿပီးခဲ့တဲ့ ၇ ႀကိမ္ေျမာက္ ေအာင္ဘာေလထီမွာ သူကိုယ္တိုင္ထိုးခဲ့တဲ့ ထီလက္မွတ္ေတြ အကုန္ ေပါက္ခဲ့တယ္လို႔ ဆိုပါတယ္….

ေဒြး၊ ထက္ထက္မိုးဦး၊ နႏၵာလိႈင္၊ ခိုင္သင္းၾကည္စတဲ့ မင္းသားမင္းသမီးေတြနဲ႔ ေခတ္ၿပိဳင္ မင္းသားတစ္လက္ျဖစ္ၿပီး သူတို႔အားလံုးနဲ႔ အတြဲညီညီသရုပ္ေဆာင္ခဲ့တဲ့ မင္းသားႀကီး လြင္မိုးဟာ ဇာတ္ကားေပါင္း ေျမာက္ျမားစြာ ရိုက္ကူးခဲ့တဲ့ စြယ္စံုရ အကယ္ဒမီမ်ားရွင္ မင္းသားတစ္ဦးျဖစ္ပါတယ္… “ရင္ထဲက ေဆာင္းရာသီ”…”ပန္းတစ္ပြင့္ ဖန္ဆင္းျခင္း” စတဲ့ ရုပ္ရွင္ဇာတ္ကားေတြဟာ ဦးလြင္မိုးရဲ႕ နာမည္ႀကီး ဇာတ္ကားေတြပဲ ျဖစ္ပါတယ္…

ၿပီးခဲ့တဲ့ ၇ ႀကိမ္ေျမာက္ ေအာင္ဘာေလထီ မွာေတာ့ မင္းသားႀကီး လြင္မိုးဟာ ထီ ၄ ေစာင္ထိုးခဲ့ၿပီးေတာ့ ထိုးခဲ့တဲ့ ၄ ေစာင္လံုး ေပါက္ခဲ့တယ္လို႔ သူ႔ရဲ႕ Facebook အေကာင့္မွာ တင္ထားပါတယ္….

ေဝေဝဆာဆာ ပေဒသာ တစ္သိန္းဆုမွာ ပ-၃၇၃ နဲ႔ တစ္သိန္းဆုတစ္ဆု….၅ ေသာင္းဆုမွာ ဌ-၃၇..ဋ-၃၇..ဓ-၃၇ နဲ႔ ၃ ေစာင္ ၁ သိန္းခြဲဆု…အားလံုးေပါင္း ၂ သိန္းခြဲ ထီေပါက္ခဲ့တာပဲ ျဖစ္ပါတယ္…

၄ ေစာင္ထိုးၿပီး ၄ ေစာင္လံုးေပါက္ခဲ့တဲ့ ဦးလြင္မိုးအတြက္ ပရိသတ္ေတြကလည္း ဝမ္းသာေနၾကၿပီး သူ႕ရဲ႕ Post ေအာက္မွာ မုန္႔ဖိုးေတာင္းၿပီး ခ်စ္စႏိုးစေနာက္ေနၾကတာကို ေတြ႕ရပါတယ္….
ဦးလြင္မိုးဟာ လက္ရွိအခ်ိန္မွာေတာ့ ေျမးေလး Liam ကို ထိန္းရင္း အႏုပညာအလုပ္ေတြတခါတရံလုပ္ရင္း စီးပြားေရးလုပ္ရင္းနဲ႔ ေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို ျဖတ္သန္းေနသူတစ္ဦး ျဖစ္ပါတယ္….

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : Lwin Moe

  • Unicode Version

တခေတ်တခါက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားကြီး လွင်မိုးဟာ ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် အောင်ဘာလေထီမှာ သူကိုယ်တိုင်ထိုးခဲ့တဲ့ ထီလက်မှတ်တွေ အကုန် ပေါက်ခဲ့တယ်လို့ ဆိုပါတယ်….

ဒွေး၊ ထက်ထက်မိုးဦး၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်စတဲ့ မင်းသားမင်းသမီးတွေနဲ့ ခေတ်ပြိုင် မင်းသားတစ်လက်ဖြစ်ပြီး သူတို့အားလုံးနဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး လွင်မိုးဟာ ဇာတ်ကားပေါင်း မြောက်မြားစွာ ရိုက်ကူးခဲ့တဲ့ စွယ်စုံရ အကယ်ဒမီများရှင် မင်းသားတစ်ဦးဖြစ်ပါတယ်… “ရင်ထဲက ဆောင်းရာသီ”…”ပန်းတစ်ပွင့် ဖန်ဆင်းခြင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ဦးလွင်မိုးရဲ့ နာမည်ကြီး ဇာတ်ကားတွေပဲ ဖြစ်ပါတယ်…

ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် အောင်ဘာလေထီ မှာတော့ မင်းသားကြီး လွင်မိုးဟာ ထီ ၄ စောင်ထိုးခဲ့ပြီးတော့ ထိုးခဲ့တဲ့ ၄ စောင်လုံး ပေါက်ခဲ့တယ်လို့ သူ့ရဲ့ Facebook အကောင့်မှာ တင်ထားပါတယ်….

ဝေဝေဆာဆာ ပဒေသာ တစ်သိန်းဆုမှာ ပ-၃၇၃ နဲ့ တစ်သိန်းဆုတစ်ဆု….၅ သောင်းဆုမှာ ဌ-၃၇..ဋ-၃၇..ဓ-၃၇ နဲ့ ၃ စောင် ၁ သိန်းခွဲဆု…အားလုံးပေါင်း ၂ သိန်းခွဲ ထီပေါက်ခဲ့တာပဲ ဖြစ်ပါတယ်…

၄ စောင်ထိုးပြီး ၄ စောင်လုံးပေါက်ခဲ့တဲ့ ဦးလွင်မိုးအတွက် ပရိသတ်တွေကလည်း ဝမ်းသာနေကြပြီး သူ့ရဲ့ Post အောက်မှာ မုန့်ဖိုးတောင်းပြီး ချစ်စနိုးစနောက်နေကြတာကို တွေ့ရပါတယ်….
ဦးလွင်မိုးဟာ လက်ရှိအချိန်မှာတော့ မြေးလေး Liam ကို ထိန်းရင်း အနုပညာအလုပ်တွေတခါတရံလုပ်ရင်း စီးပွားရေးလုပ်ရင်းနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူတစ်ဦး ဖြစ်ပါတယ်….

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : Lwin Moe

About the author

ilove

Leave a Comment