Shwe News Content 1

ေသဒဏ္ခ်မွတ္ခံရတဲ့ ဝင္းနဲ႔ေဇာ္ အေျကာင္း ယေန႕ သြားေရာက္ေတြ႕ဆုံခဲ့တဲ့ ျမနိမာသံအမတ္ႀကီးေျပာၿပီ

ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးနဲ႔အဖြဲ႕ဟာ ထိုင္းႏိုင္ငံ လိပ္ကြၽန္းလူသတ္မႈမွာ ေနာက္ဆံုးအယူခံပယ္ခ်ခံရၿပီး ေသဒဏ္ခ်မွတ္ခံထားရတဲ့ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ကို ဒီေန႔ စက္တင္ဘာ ၅ ရက္ေန႔မွာ ဆိုင္ရာ ဘန္ခဝမ္ဗဟိုအက်ဥ္းေထာင္မွာ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။
အဲဒီလို ေတြ႕ဆံုရာမွာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းဟာ ေထာင္ၫႊန္ၾကားေရးမွဴးနဲ႔လည္း ေတြ႕ဆုံခဲ့ၿပီးေတာ့ ဝင္းနဲ႔ေဇာ္အတြက္ အသနားခံစာကိစၥကိုေဆြးေႏြးခဲ့ၿပီးေနာက္ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေရးအတြက္ ေမွ်ာ္လင့္ခ်က္ရွိတယ္လို႔ သံအမတ္ႀကီးက ေျပာဆိုခဲ့ပါတယ္..

အခုဆိုရင္ ဝင္းနဲ႔ ေဇာ္ ျပစ္ဒဏ္ေလ်ွာ့ေပါ့ေရးအတြက္ အစိုးရပိုင္းကေရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကပါ ထိုင္းအစိုးရထံ ေတာင္းဆိုမႈေတြ ျပဳလုပ္လာတာကို ေတြ႕ရလို႔ ဝင္းနဲ႔ေဇာ္အတြက္ အားတက္စရာပါ….
ဝင္းနဲ႔ ေဇာ္ဟာ သူတို႔ကို ျမန္မာသံအမတ္ႀကီး ကိုယ္တိုင္ လာေတြ႕တာေၾကာင့္ရယ္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး လည္း လာေတြ႕တာရယ္ေၾကာင့္ ေပ်ာ္ရႊင္ေနၾကတယ္လို႔ သိရပါတယ္…
ဒါ့အျပင္ ဝင္းနဲ႔ေဇာ္တို႔ မိဘေတြနဲ႔ေတြ႕ဆုံႏိုင္ေရးကို ေထာင္ၫႊန္မွဴးကလည္း ေဆာင္႐ြက္ေပးမယ္လို႔ သံအမတ္ႀကီးကိုေျပာဆိုခဲ့တယ္လို႔သိရပါတယ္။

ဝင္းနဲ႔ ေဇာ္က သံအမတ္ႀကီးကို သူတို႔ကို ျမန္မာက ေထာင္ကို ေျပာင္းေပးဖို႔ ေျပာဆိုရာမွာ သံအမတ္ႀကီးက ေသဒဏ္ကေနေလ်ာ့ဖို႔ အသနားခံစာကိစၥအတြက္ အရင္ေဆာင္ရြက္ေနေၾကာင္း၊ ေနာက္ ႏွစ္ႏိုင္ငံေဆာင္ရြက္လို႔ ရႏိုင္တာေတြကို ဆက္ၿပီး ေဆာင္ရြက္ေပးမွာ ျဖစ္ေၾကာင္း စတဲ့ အားေပးစကားေတြေျပာခဲ့တယ္လို႔ သိရပါတယ္…

ျမန္မာသံအမတ္ႀကီးနဲ႔ အဖြဲ႕ဟာ ထိုင္းစံေတာ္ခ်ိန္မနက္ ၉ နာရီခြဲကေန ၁၀ နာရီခြဲအထိကို ဝင္းနဲ႔ေဇာ္ကိုေတြ႕ဆုံခြင့္ရတဲ့အျပင္ ေထာင္ၫႊန္မွဴးနဲ႔ပါ ေဆြးေႏြးႏိုင္ခြင့္ရခဲ့တယ္လို႔ သိရပါတယ္။
အခုလိုအားတက္ဖြယ္ရာ ေတြ႕ဆံုေဆြးေႏြးႏိုင္မႈေတြေၾကာင့္ ဝင္းနဲ႔ ေဇာ္အတြက္ ေသဒဏ္ကေန ေလ်ာ့ေပါ့ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္လာၿပီ ျဖစ္ပါတယ္… ပရိသတ္ႀကီးလည္း ဝင္းနဲ႔ ေဇာ္အတြက္ ထပ္ၿပီး ဆုေတာင္းေပးၾကပါအံုးေနာ္….

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : BBC

  • Unicode Version

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ နောက်ဆုံးအယူခံပယ်ချခံရပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ဆိုင်ရာ ဘန်ခဝမ်ဗဟိုအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ ထောင်ညွှန်ကြားရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ ဝင်းနဲ့ဇော်အတွက် အသနားခံစာကိစ္စကိုဆွေးနွေးခဲ့ပြီးနောက် ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် မျှော်လင့်ချက်ရှိတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်..

အခုဆိုရင် ဝင်းနဲ့ ဇော် ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အစိုးရပိုင်းကရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပါ ထိုင်းအစိုးရထံ တောင်းဆိုမှုတွေ ပြုလုပ်လာတာကို တွေ့ရလို့ ဝင်းနဲ့ဇော်အတွက် အားတက်စရာပါ….
ဝင်းနဲ့ ဇော်ဟာ သူတို့ကို မြန်မာသံအမတ်ကြီး ကိုယ်တိုင် လာတွေ့တာကြောင့်ရယ် ဗိုလ်ချုပ်ကြီး မြထွန်းဦး လည်း လာတွေ့တာရယ်ကြောင့် ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်…
ဒါ့အပြင် ဝင်းနဲ့ဇော်တို့ မိဘတွေနဲ့တွေ့ဆုံနိုင်ရေးကို ထောင်ညွှန်မှူးကလည်း ဆောင်ရွက်ပေးမယ်လို့ သံအမတ်ကြီးကိုပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဝင်းနဲ့ ဇော်က သံအမတ်ကြီးကို သူတို့ကို မြန်မာက ထောင်ကို ပြောင်းပေးဖို့ ပြောဆိုရာမှာ သံအမတ်ကြီးက သေဒဏ်ကနေလျော့ဖို့ အသနားခံစာကိစ္စအတွက် အရင်ဆောင်ရွက်နေကြောင်း၊ နောက် နှစ်နိုင်ငံဆောင်ရွက်လို့ ရနိုင်တာတွေကို ဆက်ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း စတဲ့ အားပေးစကားတွေပြောခဲ့တယ်လို့ သိရပါတယ်…

မြန်မာသံအမတ်ကြီးနဲ့ အဖွဲ့ဟာ ထိုင်းစံတော်ချိန်မနက် ၉ နာရီခွဲကနေ ၁၀ နာရီခွဲအထိကို ဝင်းနဲ့ဇော်ကိုတွေ့ဆုံခွင့်ရတဲ့အပြင် ထောင်ညွှန်မှူးနဲ့ပါ ဆွေးနွေးနိုင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
အခုလိုအားတက်ဖွယ်ရာ တွေ့ဆုံဆွေးနွေးနိုင်မှုတွေကြောင့် ဝင်းနဲ့ ဇော်အတွက် သေဒဏ်ကနေ လျော့ပေါ့နိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာပြီ ဖြစ်ပါတယ်… ပရိသတ်ကြီးလည်း ဝင်းနဲ့ ဇော်အတွက် ထပ်ပြီး ဆုတောင်းပေးကြပါအုံးနော်….

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : BBC

About the author

ilove

Leave a Comment