Shwe News Content 3

ဟာရီကိန်းမှာ ချစ်ရတဲ့ဇနီးမျောပါသွားတာကို ကြည့်နေရုံကလွဲ ဘာမှမမတ်နိုင်တဲ့သူရဲ့ရင်ဖွင့်ချက်






Source-WPBF 25 News

  • unicode version

ဟာရီကိန်းမှာ ချစ်ရတဲ့ဇနီးမျောပါသွားတာကို ကြည့်နေရုံကလွဲ ဘာမှမတတ်နိုင်တဲ့သူရဲ့ရင်ဖွင့်ချက်

ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ထဲရေတွေဝင်ပြီး ဇနီးသည်ကိုဆုံးရှုံးသွားခဲ့တဲ့လူတစ်ယောက်ကတော့ သူ့ရဲ့စိတ်မကောင်းစရာအဖြစ်ကို ဒီလိုပဲ ပြောပြခဲ့ပါတယ်။

“ကျွန်တော် ခေါင်မိုးတွေပေါ်ကဖြတ်ခဲ့တာ ၂၁ပေလောက်ရှိမယ် ရေတွေတတ်မလာခင်အထိ ကျွန်တော်တို့အလုပ်လုပ်နေကြတာ ရေလဲတတ်လာရော အိမ်လေးတွေက အဝတ်လျှော်စက်ထဲရောက်သွားသလိုပဲ” လို့ မုန်တိုင်းဒဏ်ခံနေရစဉ်အခြေအနေကိုပြောပြခဲ့ပြီး

“ကျွန်တော့်ရဲ့သနားစရာကောင်းတဲ့ဇနီးသည်ကတော့ ကိုယ်အပူချိန်တွေကျဆင်းနေပြီး မီးဖိုထဲက ကြောင်အိမ်ထိပ်မှာ ရပ်နေခဲ့တယ်ကျွန်တော်သူ့ဆီသွားတော့ သူရေနစ်သွားပြီ” လို့ ဇနီးသည်မုန်တိုင်းကြားမျောပါသွားတာကို မကယ်နိုင်ခဲ့တဲ့အတွက် ဝမ်းနည်းစွာပြောပြခဲ့ပါတယ်။

“ကျွန်တော်က ငါးတွေ ဂဏန်းတွေဖမ်းတဲ့သူပါ ကျွန်တော်အိမ်ထဲက ထွက်လာနိုင်တာ ကျွန်တော့်မှာ ငါးဖမ်းလှေရှိတယ် အဲ့တာနဲ့ကျွန်တော်အိမ်ထဲထွက်လာနိုင်တာ ကျွန်တော် အဲ့တာရှိတဲ့နေရာအထိ ရေကူးပြီး သွားတယ် အမျိုးသမီးကိုတော့ ရေမြှပ်သွားပြီ” လို့ ယူကြုံးမရဖြစ်စွာ ပြောပြခဲ့ပါတယ်။

Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-WPBF 25 News

About the author

Kham Liim

Leave a Comment