Shwe News Content 1

ေျပတီဦးေဖာင္ေဒးရွင္းကေတာ့ ဆရာဝန္ အင္ဂ်င္နီယာမ်ားစြာကုိ ေမြးထုတ္ေပးနုိင္ခဲ့ပါၿပီ

ေျပတီဦးဆုိတဲ့ မင္းသားကုိ ပရိတ္သတ္ႀကီးတုိ႔ ခ်စ္ၾကမွာပါေနာ္။ သူ႔ကုိ ခ်စ္သလုိ အူဝဲကုိလည္း ခ်စ္ၿပီး သူတုိ႔ မိသားစု အားလံုးကုိ ခ်စ္ၾကမွာပါ။ သူ႔ကုိ ဘာလုိ႔ ပရိတ္သတ္ေတြ ခ်စ္ၾကလဲဆုိေတာ့ သူဟာ သရုပ္ေဆာင္ေကာင္းယံုတင္မဟုတ္ စိတ္ထားေကာင္းသူ တစ္ေယာက္လည္း ျဖစ္တာေၾကာင့္ ပရိတ္သတ္ေတြဟာ သူနဲ႔ သူ႔မိသားစုေလးကုိ ခ်စ္ၾကတာေပ့ါ။ အခုဆုိရင္ ပရိတ္သတ္ႀကီးရဲ႕ အခ်စ္ေတာ္ ေျပတီဦးဟာ သူ႔ေဖာင္ေဒးရွင္းကေန ပညာတတ္ လူငယ္မ်ားစြာ ကုိ ေမြးထုတ္ေပးႏုိင္ခဲ့ပါၿပီ။ ေဖာင္ေဒးရွင္းနဲ႔ ပတ္သတ္ၿပီး Sky Net Up to Dtae နဲ႔ အင္တာဗ်ဴးမွာ အခုလို ေျဖၾကားခဲ့ပါတယ္။

ေျပတီဦးေဖာင္ေဒးရွင္းေလး အေၾကာင္းကုိ သူက ဒီလုိ ဆုိထားပါတယ္။
ဒီေဖာင္ေဒးရွင္းေလးကို စၿပီးတည္ေထာင္မယ္လို႔ စဥ္းစားတုန္းက အကိုမွာပိုက္ဆံ သိန္း ၈၀ ပဲရိွတာ။ ဒီသိန္း ၈၀ ကလည္း ေမြးေန႔အမွတ္တရအေနနဲ႕ ေမွ်ာ္စင္ကၽြန္းမွာ အၿငိမ့္က တာေလးကို အေခြရိုက္ထားၿပီး အေခြျပန္ျဖန္႔ခဲ့တာ။ အဲ့ဒီတုန္းကေတာ့ Live ေတြ ဘာေတြမရိွေသးဘူး။ ရတဲ့ သိန္း ၈၀ေလးကို မတည္ၿပီးေတာ့ စိန္းေဌး႐ုပ္ရွင္ထုတ္လုပ္ေရးက ၁၀သိန္း၊ ခေရျဖဴထုတ္လုပ္ေရးကေနၿပီး ၁၀သိန္း ထပ္ထည့္ေတာ့ သိန္း၁၀၀ ရတယ္။ ဒီသိန္း ၁၀၀ကေနစၿပီးေတာ့ တည္ေထာင္ခဲ့တာ။ ဒီေဖာင္ေဒးရွင္းေလးကို တည္ေထာင္ဖို႔ေရြးခ်ယ္ျဖစ္တာကေတာ့ ကိုယ္တို႔တိုင္းျပည့္က ဖြံ႔ၿဖိဳးဆဲဆုိေတာ့ ဖြံ႕ၿဖိဳးဖို႔အားယူေနတဲ့ တိုင္းျပည္တျပည္မွာ လံုေလာက္တဲ့ ပညာရွင္ေတြလိုတယ္။ ပညာတတ္တဲ့သူေတြ မ်ားေလ ပုိေကာင္းေလပဲေပါ့ ဒါေၾကာင့္မို႔ ပညာေရးကုိ ေရြးခ်ယ္ၿပီးေတာ့ ပညာေရး ေဖာင္ေဒးရွင္းေလးကို တည္ေထာင္ျဖစ္တာပါ ။

ဆရာဝန္က ၆၄ ေယာက္ အင္ဂ်င္နီယာက ၆ေယာက္ဆိုေတာ့ ၇၀ ေပ့ါ အားလံုးဘဲြ႔ရသြားၾကပါၿပီ။ ေနာက္ထပ္ ပညာေရးတကၠသိုလ္တက္မယ့္ ေက်ာင္းသားေက်ာင္းသူေတြကို ေထာက္ပံ့ေပးခ်င္ေသးတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကေလးေလးေတြကို ျပဳစုၿပီးေတာ့ ၿပိဳးေထာင္ေပးမယ့္ ပညာေရးတကၠသိုလ္မွာ လိုအပ္တဲ့သူေတြရိွေနမွာပဲေလ။ ေနာက္ထပ္ Target ကေတာ့ ပညာေရးတကၠသိုလ္တတ္မယ့္ ကေလးေတြကို ကူညီေပးမယ္ ။

ေဝဖန္သူ တခ်ိဳ႕အေပၚကုိလည္း ဒီလုိေလး ျပန္လည္ေျဖရွင္းထားပါေသးတယ္။
လူတုိင္းေတာ့ မဟုတ္ပါဘူး တခ်ိဳ႕အထင္အျမင္လဲြလုိ႔ ေျပာၾကတဲ့ လူ အနည္းအက်ဥ္းေတာ့ရွိတာေပ့ါ။ ရွိတာေၾကာင္းလည္း အစ္ကိုကေန တစ္ခါတည္း ရွင္းျပတဲ့သေဘာပါ။ ၁၀၀မွာ ၉၅ရာခိုင္ႏႈန္း ၉၆ ရာခိုင္ႏႈန္းကေတာ့ နားလည္ၿပီးေတာ့ သိထားၿပီးသားပါ။ တခ်ိဳ႕ကသာ ဂုဏ္ေဖာ္ခ်င္လို႔လုပ္တာပါကြာ နာမည္ႀကီးခ်င္လို႔လုပ္ေနတာပါကြာ စသျဖင့္ေပါ့ေလ အထင္ျမင္လြဲမွားးၾကတာေပ့ါ။ အစ္ကိုက ဒီလိုမ်ိဳးပြဲေလးေတြကိုလုပ္ေပးတာက လွဴဒါန္းထားတဲ့ ျပည္သူေတြအလွဴေငြေတြ ဒါေတြကို ကိုယ္တို႔က အလြဲသံုးစားလုပ္တာ မဟုတ္ဘဲနဲ႔ တကယ္ကို အစ္ကိုတို႔ကလုပ္ပါတယ္ဆိုတာကို ျပည္သူကိုျပန္ၿပီးခ်ျပရတာ။ ခ်ျပတဲ့အခ်ိန္က်မွ အစ္ကိုတို႔အေပၚမွာ ယံုၾကည္မႈေတြ႐ိွလာမယ္ ။ ယံုၾကည္မႈေတြရိွလာတဲ့ အခ်ိန္က်မွ ပူးေပါင္းပါဝင္မႈေတြ ေနာက္ထပ္ လွဴဒါန္းမႈေတြ ဒါမိ်ဳးေလးေတြလည္း ပိုၿပီးရိွလာႏိုင္တာေပါ့။ ဒါေၾကာင့္မို႔ အစ္ကိုတို႔ကဒီလိုပြဲမ်ိဳးေလးေတြ လုပ္ရတာပါ ။ ဒီလုိရုိးရွင္းစြာ ေျဖၾကားထားတဲ့ ကုိေျပတီဦးတုိ႔ မိသားစုေလး ထာဝရေပ်ာ္ရႊင္ပါေစလို႔ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Writer – ME(ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
source-Sky Net

  • Unicode Version

ပြေတီဦးဆိုတဲ့ မင်းသားကို ပရိတ်သတ်ကြီးတို့ ချစ်ကြမှာပါနော်။ သူ့ကို ချစ်သလို အူဝဲကိုလည်း ချစ်ပြီး သူတို့ မိသားစု အားလုံးကို ချစ်ကြမှာပါ။ သူ့ကို ဘာလို့ ပရိတ်သတ်တွေ ချစ်ကြလဲဆိုတော့ သူဟာ သရုပ်ဆောင်ကောင်းယုံတင်မဟုတ် စိတ်ထားကောင်းသူ တစ်ယောက်လည်း ဖြစ်တာကြောင့် ပရိတ်သတ်တွေဟာ သူနဲ့ သူ့မိသားစုလေးကို ချစ်ကြတာပေ့ါ။ အခုဆိုရင် ပရိတ်သတ်ကြီးရဲ့ အချစ်တော် ပြေတီဦးဟာ သူ့ဖောင်ဒေးရှင်းကနေ ပညာတတ် လူငယ်များစွာ ကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ ဖောင်ဒေးရှင်းနဲ့ ပတ်သတ်ပြီး Sky Net Up to Dtae နဲ့ အင်တာဗျူးမှာ အခုလို ဖြေကြားခဲ့ပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းလေး အကြောင်းကို သူက ဒီလို ဆိုထားပါတယ်။
ဒီဖောင်ဒေးရှင်းလေးကို စပြီးတည်ထောင်မယ်လို့ စဉ်းစားတုန်းက အကိုမှာပိုက်ဆံ သိန်း ၈၀ ပဲရှိတာ။ ဒီသိန်း ၈၀ ကလည်း မွေးနေ့အမှတ်တရအနေနဲ့ မျှော်စင်ကျွန်းမှာ အငြိမ့်က တာလေးကို အခွေရိုက်ထားပြီး အခွေပြန်ဖြန့်ခဲ့တာ။ အဲ့ဒီတုန်းကတော့ Live တွေ ဘာတွေမရှိသေးဘူး။ ရတဲ့ သိန်း ၈၀လေးကို မတည်ပြီးတော့ စိန်းဌေးရုပ်ရှင်ထုတ်လုပ်ရေးက ၁၀သိန်း၊ ခရေဖြူထုတ်လုပ်ရေးကနေပြီး ၁၀သိန်း ထပ်ထည့်တော့ သိန်း၁၀၀ ရတယ်။ ဒီသိန်း ၁၀၀ကနေစပြီးတော့ တည်ထောင်ခဲ့တာ။ ဒီဖောင်ဒေးရှင်းလေးကို တည်ထောင်ဖို့ရွေးချယ်ဖြစ်တာကတော့ ကိုယ်တို့တိုင်းပြည့်က ဖွံ့ဖြိုးဆဲဆိုတော့ ဖွံ့ဖြိုးဖို့အားယူနေတဲ့ တိုင်းပြည်တပြည်မှာ လုံလောက်တဲ့ ပညာရှင်တွေလိုတယ်။ ပညာတတ်တဲ့သူတွေ များလေ ပိုကောင်းလေပဲပေါ့ ဒါကြောင့်မို့ ပညာရေးကို ရွေးချယ်ပြီးတော့ ပညာရေး ဖောင်ဒေးရှင်းလေးကို တည်ထောင်ဖြစ်တာပါ ။

ဆရာဝန်က ၆၄ ယောက် အင်ဂျင်နီယာက ၆ယောက်ဆိုတော့ ၇၀ ပေ့ါ အားလုံးဘွဲ့ရသွားကြပါပြီ။ နောက်ထပ် ပညာရေးတက္ကသိုလ်တက်မယ့် ကျောင်းသားကျောင်းသူတွေကို ထောက်ပံ့ပေးချင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးလေးတွေကို ပြုစုပြီးတော့ ပြိုးထောင်ပေးမယ့် ပညာရေးတက္ကသိုလ်မှာ လိုအပ်တဲ့သူတွေရှိနေမှာပဲလေ။ နောက်ထပ် Target ကတော့ ပညာရေးတက္ကသိုလ်တတ်မယ့် ကလေးတွေကို ကူညီပေးမယ် ။

ဝေဖန်သူ တချို့အပေါ်ကိုလည်း ဒီလိုလေး ပြန်လည်ဖြေရှင်းထားပါသေးတယ်။
လူတိုင်းတော့ မဟုတ်ပါဘူး တချို့အထင်အမြင်လွဲလို့ ပြောကြတဲ့ လူ အနည်းအကျဉ်းတော့ရှိတာပေ့ါ။ ရှိတာကြောင်းလည်း အစ်ကိုကနေ တစ်ခါတည်း ရှင်းပြတဲ့သဘောပါ။ ၁၀၀မှာ ၉၅ရာခိုင်နှုန်း ၉၆ ရာခိုင်နှုန်းကတော့ နားလည်ပြီးတော့ သိထားပြီးသားပါ။ တချို့ကသာ ဂုဏ်ဖော်ချင်လို့လုပ်တာပါကွာ နာမည်ကြီးချင်လို့လုပ်နေတာပါကွာ စသဖြင့်ပေါ့လေ အထင်မြင်လွဲမှားးကြတာပေ့ါ။ အစ်ကိုက ဒီလိုမျိုးပွဲလေးတွေကိုလုပ်ပေးတာက လှူဒါန်းထားတဲ့ ပြည်သူတွေအလှူငွေတွေ ဒါတွေကို ကိုယ်တို့က အလွဲသုံးစားလုပ်တာ မဟုတ်ဘဲနဲ့ တကယ်ကို အစ်ကိုတို့ကလုပ်ပါတယ်ဆိုတာကို ပြည်သူကိုပြန်ပြီးချပြရတာ။ ချပြတဲ့အချိန်ကျမှ အစ်ကိုတို့အပေါ်မှာ ယုံကြည်မှုတွေရှိလာမယ် ။ ယုံကြည်မှုတွေရှိလာတဲ့ အချိန်ကျမှ ပူးပေါင်းပါဝင်မှုတွေ နောက်ထပ် လှူဒါန်းမှုတွေ ဒါမျိုးလေးတွေလည်း ပိုပြီးရှိလာနိုင်တာပေါ့။ ဒါကြောင့်မို့ အစ်ကိုတို့ကဒီလိုပွဲမျိုးလေးတွေ လုပ်ရတာပါ ။ ဒီလိုရိုးရှင်းစွာ ဖြေကြားထားတဲ့ ကိုပြေတီဦးတို့ မိသားစုလေး ထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Writer – ME(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source-Sky Net

About the author

ilove

Leave a Comment