Shwe News Content 1

နှလုံးသားကတောင်းဆိုလာရင် ထိုင်းမလေးပဲဖြစ်ဖြစ် မြန်မာမလေးပဲဖြစ်ဖြစ် ချစ်မယ်လို့ဆိုလာတဲ့ ပိုင်တံခွန်








  • Unicode Version

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ပိုင်တံခွန်ဆိုတာ တောင့်တင်းကြံ့ခိုင်ပြီး ယောက်ကျားပီသတဲ့ ခန္ဓာကိုယ်ပိုင်ရှင်၊ ဆွဲဆောင်မှုရှိတဲ့ ဆံပင်ပုံစံ….တည်ကြည်ခန့်ငြားတဲ့ ရုပ်ရည်….အင်တာနေရှင်နယ်ဝင်တဲ့ အရပ်အမောင်းတို့ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ…. ပိုင်တံခွန်ရဲ့ အောင်မြင်မှုဟာ ပြည်တွင်းမှာတင်မကဘဲ ထိုင်းမီဒီယာတွေကပါ မကြာခဏဖော်ပြခံရသလို ထိုင်းနိုင်ငံက 👄👄 နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးတဲ့အထိ ဖြစ်ခဲ့ပါတယ်…

ခုဆို ထိုင်းနိုင်ငံထိ ကြော်ငြာတွေအများအပြားသွားရောက် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်… ဒီလို ပြည်ပနိုင်ငံထိ ထိုးဖောက်အောင်မြင်နေတဲ့ မြန်မာသရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ ပိုင်တံခွန်ကို အချစ်ရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတစ်ခုမှာ မေးမြန်းခဲ့ပါတယ်…

ချစ်သူရွေးမယ်ဆို မြန်မာမလေးကို ရွေးမလား…ထိုင်းမလေးကို ရွေးမလားဆိုပြီး မေးမြန်းခဲ့ပါတယ်…ပိုင်တံခွန်က ချစ်သူကို နှလုံးသားနဲ့ပဲ ရွေးသွားပါမယ်တဲ့…သူ့နှလုံးသားက တောင်းဆိုလာရင် မြန်မာမလေးပဲ ဖြစ်ဖြစ်..ထိုင်းမလေးပဲ ဖြစ်ဖြစ် ဘယ်သူမဆို ချစ်သွားမှာပါတဲ့…❤❤❤

ပြီးတော့ ထိုင်းမလေးတွေက ပိုင်တံခွန်ကို ဘယ်လိုကြွေတဲ့အကြောင်းလေးတွေပါ ပြောပြသွားတာနော်….ဒီအင်တာဗျူးလေးကြည့်ပြီး ကျနော်တို့ ယောက်ကျားလေးတွေတောင် ပိုင်တံခွန်ကို မနာလိုဖြစ်လောက်ပါတယ်….ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာကိုး.. 😁😁😁😁 ကဲ …ပိုင်တံခွန်ဘယ်လောက်စွံသလဲ အင်တာဗျူးလေးကို အောက်မှာ ကြည့်လိုက်နော်….

  • ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Video Source : Myanmar Celebrity

About the author

ilove

Leave a Comment