Shwe News Content 1

ဗုဒၶဂါယာ ဘုရားဖူးမ်ားအားအသုံးခ်ကာ ေရႊကုန္ကူးသည့္ ဘုရားဖူး company မ်ားရဲ႕လုပ္ရပ္

အိႏိၵယမွာ ရွိတဲ့ ဗုဒၶဂါယာဆိုတာ ဗုဒၶဘာသာျမန္မာလူမ်ိဳးေတြအတြက္ အထြဋ္အျမတ္ထားတဲ့ နယ္ေျမတစ္ခုျဖစ္ပါတယ္… ဗုဒၶဂါယာဟာ ဗုဒၶဘာသာဝင္အေပါင္းတို႔အတြက္ အထြဋ္အျမတ္ဆုံး ျဖစ္ရျခင္းက ထိုေဒသမွာ ျမတ္စြာဘုရားသခင္သည္ သဗၺညဳတေ႐ႊဉာဏ္ေတာ္ကို ရရွိၿပီးေတာ့ မာရ္ငါးပါးကို ေအာင္ျမင္ခဲ့ေသာ ေအာင္ေျမျဖစ္တာေၾကာင့္ ျဖစ္ပါတယ္… ထိုအရပ္ကို ျမန္မာတို႔က ေဗာဓိမ႑ သို႔မဟုတ္ ေဗာဓိမ႑ိဳင္ဟု ေခၚေဝၚၾကပါတယ္…ဘုရားရွင္ ဘုရားအျဖစ္ကို ရေတာ္မူၿပီးေနာကမွာ ထိုေဒသတဝိုက္မွာ ရွိတဲ့ ဌာနခုနစ္ဌာနမွာ တစ္ဌာနကို ခုနစ္ရက္စီ သတၱသတၱာဟ စံေတာ္မူခဲ့ပါတယ္…ထိုဌာနဟာ ဗုဒၶဂါယာ၌ အဓိကဖူးေမွ်ာ္ဖြယ္ရာမ်ားတြင္ ပါဝင္ၾကပါတယ္…ဒါေၾကာင့္ ဗုဒၶဘာသာဝင္ျမန္မာတိုင္းဟာ ဗုဒၶဂါယာကို သြားေရာက္ဖူးေျမာ္ခ်င္ၾကၿပီးေတာ့ ႏွစ္စဥ္ႏွစ္တိုင္း သြားေရာက္ဖူးေျမာ္ေနၾကသူေတြလည္းမနည္းလွပါဘူး…

အဲဒီလို သြားေရာက္ဖူးေျမာ္တဲ့အခါ ခရီးသြားကုမၸဏီကေန ခရီးသြား Package ေတြနဲ႔ ပို႔ေဆာင္ေပးတာေတြ ရွိပါတယ္…
ဒီလိုပို႔ေဆာင္တဲ့ေနရာမွာ တခ်ိဳ႕ကုမၸဏီက ေရႊကုန္ကူူးတဲ့ လုပ္ငန္းလုပ္ေနၾကတယ္…ျမန္မာႏိုင္ငံက ေလဆိပ္နဲ႕ အိႏၵိယႏိုင္ငံေလဆိပ္ေတြမွာ သတ္မွတ္ ပမာဏထက္ ေရႊထည္ေတြ ပိုမိုဝတ္ဆင္လာသူေတြကို သက္ဆိုင္ရာေလဆိပ္မွာ ရွိတဲ့ အေကာက္ခြန္ဌာန က ဖမ္းမိတာေၾကာင့္ အေရးယူဖို႔ ျပင္ဆင္ေနတယ္လို႔ ဗုဒၶ ဂါယာဘုရားဖူးလုပ္ငန္းေကာ္မတီ ဥကၠ႒ ဦးေမာင္ေမာင္ျမင့္က ေျပာပါတယ္….

ဒီအတြက္ …
ေရႊကုန္ကူးလုပ္ငန္း လုပ္ကိုင္ေန သည့္ ခရီးသြားကုမၸဏီေတြကို အေရးယူမယ္လို႔ သူကေျပာပါတယ္…ေနာက္ၿပီး ဘုရားဖူးသြားမဲ့ သူေတြကိုလည္း သူကအခုလို သတိေပးထားပါတယ္…
‘‘နယ္ေတြမွာ ပိုဆိုးတယ္…ဘုရားဖူးေတြကို ေျပာခ်င္တာက ေစ်းေလွ်ာ့ေပးမယ္၊ ေရႊထည္ ေလး ဝတ္ေပးပါဆိုရင္ အဲဒီ ကုမၸဏီနဲ႔ လံုးဝမသြားပါနဲ႔… အရမ္းအႏၲရာယ္မ်ားလို႔ပါ.. အဖမ္းခံရပါ လိမ့္မယ္’’လို႔ ဦးေမာင္ေမာင္ျမင့္က ဆိုပါတယ္…
တခ်ိဳ႕ ကုမၸဏီေတြက ဘုရားဖူးေတြကို ဗုဒၶဂါယာခရီးစဥ္အတြက္ က်ပ္ ၂ သိန္းေလာက္အထိ ေစ်းေလွ်ာ့ေပးပါတယ္…ၿပီးေတာ့ ၂ က်ပ္ခြဲသားေလာက္ရွိတဲ့ လက္ေကာက္ ၂ ကြင္းစီကို ဘယ္ညာဝတ္ခိုင္းပါတယ္…အေၾကာင္းျပခ်က္ကေတာ့ ေရႊေစတီတည္ေနလို႔ ဆရာေတာ္က ဝတ္ခိုင္းတာပါဆိုၿပီး ခရီးသြားေတြကို ညာပါတယ္…ခရီးသြားေတြကလည္း သေဘာရိုးနဲ႔ ဝတ္ၿပီး သယ္ေပးတဲ့အခါ အိႏၵိယေလဆိပ္ေရာက္တဲ့အခါမွာ သတ္မွတ္ပမာဏထက္ပိုသယ္လာတာေၾကာင့္ဆိုၿပီး အေရးယူျခင္းခံရပါေတာ့တယ္…
အိႏၵိယနဲ႔ ျမန္မာက ေရႊတစ္က်ပ္သားကို က်ပ္တစ္သိန္း ေလာက္ ေစ်းကြာၿပီး အိႏၵိယမွာ ေရာင္းရင္ ပိုျမတ္တာေၾကာင့္ ခုလို တရားမဝင္ေရႊသယ္မႈေတြ ရွိလာတာျဖစ္ပါတယ္…

တခ်ိဳ႕ ဘုရားဖူးကုမၸဏီအမည္ခံၿပီး ခရီးသြားေတြကို ခရီးစဥ္အတြက္ ေဒၚလာ ၁၅၀ ေလာက္ေလွ်ာ့ေပး…ၿပီးေတာ့ ေရႊဝတ္ခုိင္းၿပီး တစ္က်ပ္သားကို ေဒၚလာ ၇၀ ေလာက္အျမတ္ရတာေၾကာင့္ ေမွာင္ခိုလုပ္ေနၾကတယ္လို႔ နာမည္အပ်က္မခံဘဲ အဲဒီလို ေမွာင္ခိုအလုပ္ကို လံုးဝမလုပ္ဘူးဆိုၿပီး ပြင့္ပြင့္လင္းလင္းေၾကညာထားတဲ့ ဘုရားဖူးပို႔ေဆာင္ေရး ကုမၸဏီတစ္ခုရဲ႕ Facebook ေပၚက ေရးသားခ်က္ေတြအရ သိရပါတယ္…
အိႏၵိယႏိုင္ငံရဲ႕ ဥပေဒမွာ ခရီးသြားေတြကို ေရႊထည္အေလး ခ်ိန္ ၃၀ ဂရမ္အထိသာ သယ္ယူဝတ္ဆင္ခြင့္ျပဳတာ ျဖစ္ၿပီး ျမန္မာႏိုင္ငံကေတာ့ ေလဆိပ္မွာ ခရီးသြားေတံကို က်ပ္သိန္း ၁၀၀ ေအာက္တန္ဖိုးရွိတဲ့ လက္ဝတ္ရတနာေတြကိုသာ သယ္ယူဝတ္ဆင္ခြင့္ျပဳထားတာပဲ ျဖစ္ပါတယ္…

သတ္မွတ္ပမာဏထက္ ပိုသယ္လို႔ အိႏၵိယေလဆိပ္မွာ အဖမ္းခံရတာေတြရွိလာၿပီးေတာ့ ျမန္မာဘုရားဖူးဆိုတာနဲ႔ အရမ္းစစ္ေနၿပီလို႔ သိရပါတယ္…
အဲဒါေၾကာင့္ ဘုရားဖူးခရီးသြားမ်ားကို ေရႊထည္ဝတ္ဆင္ေစၿပီးေတာ့ တရား မဝင္ ေရႊကုန္ကူးေနတဲ့ ကုမၸဏီေတြကို ၂၀၁၉-၂၀ ဘုရားဖူးခရီးသြားရာသီမွာ စစ္ေဆးအေရးယူႏိုင္ဖို႔ သက္ဆိုင္ရာဝန္ႀကီးဌာန ေတြနဲ႔ ေဆြးေႏြးေနၿပီလို႔ ေဆြးေႏြးတိုင္ပင္ေနၿပီလို႔ ဦးေမာင္ေမာင္ျမင့္က ေျပာပါတယ္…

ဒါေၾကာင့္ ဗုဒၶဂါယာကို ဘုရားဖူးသြားမယ္ဆိုရင္ မိဘျပည္သူတို႔လည္း မိမိကိုယ္ပိုင္ေရႊေတြကို ဥပေဒမသိလို႔ သတ္မွတ္ပမာဏထက္ ရိုးရိုးသားသားပိုဝတ္မိတာျဖစ္ေစ…ဘုရားဖူး ခရီးသြားကုမၸဏီေတြက အေပၚမွာေျပာခဲ့သလို ေစ်းေလွ်ာ့ေပးၿပီး ေရႊေတြဝတ္ခိုင္းတာကို မသိလို႔ ဝတ္ေပးလိုက္တာျဖစ္ေစ မလုပ္မိၾကဖို႔ သတိထားၾကဖို႔ အသိေပးလိုပါတယ္ေနာ္…

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : 7Day Daily and A Tour Company’s Post

  • Unicode Version

အိန္ဒိယမှာ ရှိတဲ့ ဗုဒ္ဓဂါယာဆိုတာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက် အထွဋ်အမြတ်ထားတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်… ဗုဒ္ဓဂါယာဟာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက် အထွဋ်အမြတ်ဆုံး ဖြစ်ရခြင်းက ထိုဒေသမှာ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိပြီးတော့ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်တာကြောင့် ဖြစ်ပါတယ်… ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်ကြပါတယ်…ဘုရားရှင် ဘုရားအဖြစ်ကို ရတော်မူပြီးနောကမှာ ထိုဒေသတဝိုက်မှာ ရှိတဲ့ ဌာနခုနစ်ဌာနမှာ တစ်ဌာနကို ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့ပါတယ်…ထိုဌာနဟာ ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြပါတယ်…ဒါကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာတိုင်းဟာ ဗုဒ္ဓဂါယာကို သွားရောက်ဖူးမြော်ချင်ကြပြီးတော့ နှစ်စဉ်နှစ်တိုင်း သွားရောက်ဖူးမြော်နေကြသူတွေလည်းမနည်းလှပါဘူး…

အဲဒီလို သွားရောက်ဖူးမြော်တဲ့အခါ ခရီးသွားကုမ္ပဏီကနေ ခရီးသွား Package တွေနဲ့ ပို့ဆောင်ပေးတာတွေ ရှိပါတယ်…
ဒီလိုပို့ဆောင်တဲ့နေရာမှာ တချို့ကုမ္ပဏီက ရွှေကုန်ကူူးတဲ့ လုပ်ငန်းလုပ်နေကြတယ်…မြန်မာနိုင်ငံက လေဆိပ်နဲ့ အိန္ဒိယနိုင်ငံလေဆိပ်တွေမှာ သတ်မှတ် ပမာဏထက် ရွှေထည်တွေ ပိုမိုဝတ်ဆင်လာသူတွေကို သက်ဆိုင်ရာလေဆိပ်မှာ ရှိတဲ့ အကောက်ခွန်ဌာန က ဖမ်းမိတာကြောင့် အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဗုဒ္ဓ ဂါယာဘုရားဖူးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်….

ဒီအတွက် …
ရွှေကုန်ကူးလုပ်ငန်း လုပ်ကိုင်နေ သည့် ခရီးသွားကုမ္ပဏီတွေကို အရေးယူမယ်လို့ သူကပြောပါတယ်…နောက်ပြီး ဘုရားဖူးသွားမဲ့ သူတွေကိုလည်း သူကအခုလို သတိပေးထားပါတယ်…
‘‘နယ်တွေမှာ ပိုဆိုးတယ်…ဘုရားဖူးတွေကို ပြောချင်တာက ဈေးလျှော့ပေးမယ်၊ ရွှေထည် လေး ဝတ်ပေးပါဆိုရင် အဲဒီ ကုမ္ပဏီနဲ့ လုံးဝမသွားပါနဲ့… အရမ်းအန္တရာယ်များလို့ပါ.. အဖမ်းခံရပါ လိမ့်မယ်’’လို့ ဦးမောင်မောင်မြင့်က ဆိုပါတယ်…
တချို့ ကုမ္ပဏီတွေက ဘုရားဖူးတွေကို ဗုဒ္ဓဂါယာခရီးစဉ်အတွက် ကျပ် ၂ သိန်းလောက်အထိ ဈေးလျှော့ပေးပါတယ်…ပြီးတော့ ၂ ကျပ်ခွဲသားလောက်ရှိတဲ့ လက်ကောက် ၂ ကွင်းစီကို ဘယ်ညာဝတ်ခိုင်းပါတယ်…အကြောင်းပြချက်ကတော့ ရွှေစေတီတည်နေလို့ ဆရာတော်က ဝတ်ခိုင်းတာပါဆိုပြီး ခရီးသွားတွေကို ညာပါတယ်…ခရီးသွားတွေကလည်း သဘောရိုးနဲ့ ဝတ်ပြီး သယ်ပေးတဲ့အခါ အိန္ဒိယလေဆိပ်ရောက်တဲ့အခါမှာ သတ်မှတ်ပမာဏထက်ပိုသယ်လာတာကြောင့်ဆိုပြီး အရေးယူခြင်းခံရပါတော့တယ်…
အိန္ဒိယနဲ့ မြန်မာက ရွှေတစ်ကျပ်သားကို ကျပ်တစ်သိန်း လောက် ဈေးကွာပြီး အိန္ဒိယမှာ ရောင်းရင် ပိုမြတ်တာကြောင့် ခုလို တရားမဝင်ရွှေသယ်မှုတွေ ရှိလာတာဖြစ်ပါတယ်…

တချို့ ဘုရားဖူးကုမ္ပဏီအမည်ခံပြီး ခရီးသွားတွေကို ခရီးစဉ်အတွက် ဒေါ်လာ ၁၅၀ လောက်လျှော့ပေး…ပြီးတော့ ရွှေဝတ်ခိုင်းပြီး တစ်ကျပ်သားကို ဒေါ်လာ ၇၀ လောက်အမြတ်ရတာကြောင့် မှောင်ခိုလုပ်နေကြတယ်လို့ နာမည်အပျက်မခံဘဲ အဲဒီလို မှောင်ခိုအလုပ်ကို လုံးဝမလုပ်ဘူးဆိုပြီး ပွင့်ပွင့်လင်းလင်းကြေညာထားတဲ့ ဘုရားဖူးပို့ဆောင်ရေး ကုမ္ပဏီတစ်ခုရဲ့ Facebook ပေါ်က ရေးသားချက်တွေအရ သိရပါတယ်…
အိန္ဒိယနိုင်ငံရဲ့ ဥပဒေမှာ ခရီးသွားတွေကို ရွှေထည်အလေး ချိန် ၃၀ ဂရမ်အထိသာ သယ်ယူဝတ်ဆင်ခွင့်ပြုတာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ လေဆိပ်မှာ ခရီးသွားတေံကို ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကိုသာ သယ်ယူဝတ်ဆင်ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်…

သတ်မှတ်ပမာဏထက် ပိုသယ်လို့ အိန္ဒိယလေဆိပ်မှာ အဖမ်းခံရတာတွေရှိလာပြီးတော့ မြန်မာဘုရားဖူးဆိုတာနဲ့ အရမ်းစစ်နေပြီလို့ သိရပါတယ်…
အဲဒါကြောင့် ဘုရားဖူးခရီးသွားများကို ရွှေထည်ဝတ်ဆင်စေပြီးတော့ တရား မဝင် ရွှေကုန်ကူးနေတဲ့ ကုမ္ပဏီတွေကို ၂၀၁၉-၂၀ ဘုရားဖူးခရီးသွားရာသီမှာ စစ်ဆေးအရေးယူနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ ဆွေးနွေးနေပြီလို့ ဆွေးနွေးတိုင်ပင်နေပြီလို့ ဦးမောင်မောင်မြင့်က ပြောပါတယ်…

ဒါကြောင့် ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမယ်ဆိုရင် မိဘပြည်သူတို့လည်း မိမိကိုယ်ပိုင်ရွှေတွေကို ဥပဒေမသိလို့ သတ်မှတ်ပမာဏထက် ရိုးရိုးသားသားပိုဝတ်မိတာဖြစ်စေ…ဘုရားဖူး ခရီးသွားကုမ္ပဏီတွေက အပေါ်မှာပြောခဲ့သလို ဈေးလျှော့ပေးပြီး ရွှေတွေဝတ်ခိုင်းတာကို မသိလို့ ဝတ်ပေးလိုက်တာဖြစ်စေ မလုပ်မိကြဖို့ သတိထားကြဖို့ အသိပေးလိုပါတယ်နော်…

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : 7Day Daily and A Tour Company’s Post

About the author

ilove

Leave a Comment