Shwe News Content 1

သခင္ ကုိ ေျမြေဟာက္ ရန္ကေန အေသခံျပီး ကာကြယ္ေပးခဲ့တဲ့ သစၥာရွိေခြးကေလး ဖိုးလံုး

ေခြးဆိုတာ အင္မတန္သစၥာရွိေသာ သတၱဝါပါ….. လူေတြနဲ႔ အနီးကပ္ဆံုးေသာ သတၱဝါျဖစ္ၿပီး လူ႔အရိပ္အကဲကို နားလည္ၿပီး သင္ေပးရင္ တတ္ကၽြမ္းလြယ္တဲ့ သတၱဝါထဲမွာ ေခြးလည္းပါဝင္ပါတယ္…သခင္အေပၚကိုလည္း အသက္ေပးကာကြယ္ေစာင့္ေရွာက္တတ္ၾကသလို သခင့္ကိုလည္း အင္မတန္သစၥာရွိၾကသူေတြ ျဖစ္ပါတယ္…. ေခြးကေန သခင္ကို ကယ္လိုက္တာ…သခင္ေသဆံုးသြားတာမသိဘဲ သခင့္ျပန္အလာကိုေစာင့္ေနတာ..စသျဖင့္ အေၾကာင္းအရာမ်ိဳးစံုဟာ ျပင္ပကမၻာမွာ တကယ္ရွိသလို အဲဒီျဖစ္ရပ္မွန္အျဖစ္အပ်က္ေတြကိုလည္း ရုပ္ရွင္ဇာတ္ကားေတြနဲ႔ ရိုက္ကူးေဖာ္ျပရင္း ေခြးေတြရဲ႕ သစၥာရွိပံုကို ေဖာ္ညႊန္းထားတဲ့ ရုပ္ရွင္ေတြလည္း မနည္းပါဘူး..

ဒီအထဲမွာဆုိ ေသဆံုးသြားတဲ့သခင္ရဲ႕ အိမ္အျပန္ကို ေစာင့္ေနရွာတဲ့ Hachiko ဆိုတဲ့ ေခြးေလးအေၾကာင္းကို ရိုက္ထားတဲ့ ျဖစ္ရပ္မွန္ ဂ်ပန္ရုပ္ရွင္ဇာတ္ကားဆိုရင္ ၾကည့္ရႈသူအေပါင္းကို မ်က္ရည္က်ေစတဲ့အထိ ျဖစ္ေစခဲ့တာပါ… ေခြးေလးရဲ႕ သစၥာရွိမႈေၾကာင့္ အဲဒီေခြးေလးေသသြားေတာ့ သူ႕သခင္ကို အၿမဲလာေစာင့္ေနတဲ့ ေနရာေလးမွာ ရုပ္တုထုၿပီး ဂုဏ္ျပဳခဲ့ပါတယ္….

အခုေဖာ္ျပမဲ့ အျဖစ္အပ်က္ကေတာ့ ႏိုင္ငံျခားမွာ မဟုတ္ဘဲ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ ေခြးေလးတစ္ေကာင္ကေန လူသားတစ္ဦးရဲ႕ အသက္ကို ကယ္တင္လိုက္တဲ့ ျဖစ္ရပ္ပဲ ျဖစ္ပါတယ္…ဒီျဖစ္ရပ္မွန္အေၾကာင္းအရာေလးကို ကို Kyaw Zawe Win ရဲ႕ Facebook အေကာင့္ကေန မွ်ေဝထားတာျဖစ္ၿပီး ေျမြေဟာက္တစ္ေကာင္ရဲ႕ အႏၲရာယ္ကေန ကယ္တင္ခဲ့တဲ့ အျဖစ္အပ်က္အေလးကို ခုလိုပဲ ေျပာျပထားတာ ျဖစ္ပါတယ္….

“ကြ်န္ေတာ့္ကို ဖိုးလံုးကယ္သည္”

ကြ်န္ေတာ္ရယ္ ဖိုးလံုးရယ္ ေႁမြေဟာက္ရယ္
ဒီည မွတ္မွတ္ရရ ..ည ၁၁ နာရီေလာက္ဖိုးလံုး ကြ်န္ေတာ့္အခန္းအေပါက္ဝကေန စူးစူးဝါးဝါး ေဟာင္ေနတယ္။ စိတ္ထဲေတာ့ တခုခုပဲ လို႔ထင္လို႔ အခန္းအျပင္ဘက္ထြက္ပီး ျခံထဲကိုလွမ္းၾကည့္ေနတာ က်ိန္းေသတယ္ ျခံအျပင္မွာ လူစိမ္းရွိရမယ္။ ဖိုးလံုးေဟာင္တာ လံုးဝမရပ္သြားဘူး အျပင္ဘက္လည္း မထြက္ဘူး ..

သံမံတလင္းၾကည့္ေဟာင္ေနတာ စိတ္ထဲ မသကၤာလို႔ ေအာက္ ငံု႔ၾကည့္ေတာ့ ဖိုးလံုး ေဟာင္လို႔ ဟိုေကာင္ေျပးတာ ေျခေထာက္ၾကားထဲျဖတ္အေျပး.. ဖိုးလံုးက အတင္းထိုးလိုက္နဲ႔..ဟိုေကာင္ဖိုးလံုးကိုေၾကာက္ပီး ကို႔မျမင္တာ ကံေကာင္းသြားတယ္..

အခုေတာ့ ဖိုးလံုးလည္း သူ႔ေနရာ သူသြားမအိပ္ပဲ အခန္းေရွ႕ တခါးေပါက္တည့္တည့္ကေန ဘယ့္မွ မသြားေတာ့ဘူး။ သူ႔ အိပ္ရာ သြားအိပ္ခိုင္းလည္းမရေတာ့ဘူး ကြ်န္ေတာ့အခန္းေရွ႕အေပါက္ဝကေန တဖဝါးမွ မခြာေတာ့ဘူး..ဖိုးလံုး ၾကည့္ပီး မ်က္ရည္ေတာင္ ဝဲမိတယ္။ ကြ်န္ေတာ္အျပင္က ျပန္လာရင္ သူ႔ကို ဝယ္ေကြ်းရင္ ၅၀၀ ရာတန္ ေပါင္မုန္႔ေလာက္ပဲ ေကြ်းတာပါ။ သူသိတတ္တာကေတာ့..
ဖိုးလံုးေရ ေနာင္ဘဝေတာ့ ရွိရင္ ေခြးလည္း မျဖစ္နဲ႔ လူလည္းမျဖစ္ပါနဲ႔ကြာ…

ေခြးေလးဖိုးလံုးဟာ သခင္ျဖစ္သူကို ေနာက္တစ္ႀကိမ္ သတၱဝါဆိုးေတြက အႏၲရာယ္ျပဳမွာကို စိုးရိမ္ၿပီး သူ႔ေနရာမွာ သူမအိပ္ေတာ့ဘဲ သူ႔သခင္ရဲ႕အခန္းေရွ႕တည့္တည့္မွာ ပဲ ကင္းေစာင့္ေပးေနေတာ့တာပါ… အရမ္းကို သခင္အေပၚသစၥာရွိ ကာကြယ္ေပးတတ္တဲ့ ဖိုးလံုးေနာ္…. ေခြးခ်စ္တတ္တဲ့ ပရိသတ္ႀကီးတို႔မွာလည္း သစၥာရွိတဲ့ ခ်စ္စရာေကာင္းတဲ့ ေခြးေလးေတြရွိရင္ ကြန္းမန္႔မွာ ေခြးပံုေလးေတြ မွ်ေဝေပးခဲ့ေနာ္…

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : Kyaw Zawe Win

  • Unicode Version

ခွေးဆိုတာ အင်မတန်သစ္စာရှိသော သတ္တဝါပါ….. လူတွေနဲ့ အနီးကပ်ဆုံးသော သတ္တဝါဖြစ်ပြီး လူ့အရိပ်အကဲကို နားလည်ပြီး သင်ပေးရင် တတ်ကျွမ်းလွယ်တဲ့ သတ္တဝါထဲမှာ ခွေးလည်းပါဝင်ပါတယ်…သခင်အပေါ်ကိုလည်း အသက်ပေးကာကွယ်စောင့်ရှောက်တတ်ကြသလို သခင့်ကိုလည်း အင်မတန်သစ္စာရှိကြသူတွေ ဖြစ်ပါတယ်…. ခွေးကနေ သခင်ကို ကယ်လိုက်တာ…သခင်သေဆုံးသွားတာမသိဘဲ သခင့်ပြန်အလာကိုစောင့်နေတာ..စသဖြင့် အကြောင်းအရာမျိုးစုံဟာ ပြင်ပကမ္ဘာမှာ တကယ်ရှိသလို အဲဒီဖြစ်ရပ်မှန်အဖြစ်အပျက်တွေကိုလည်း ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရိုက်ကူးဖော်ပြရင်း ခွေးတွေရဲ့ သစ္စာရှိပုံကို ဖော်ညွှန်းထားတဲ့ ရုပ်ရှင်တွေလည်း မနည်းပါဘူး..

ဒီအထဲမှာဆို သေဆုံးသွားတဲ့သခင်ရဲ့ အိမ်အပြန်ကို စောင့်နေရှာတဲ့ Hachiko ဆိုတဲ့ ခွေးလေးအကြောင်းကို ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဂျပန်ရုပ်ရှင်ဇာတ်ကားဆိုရင် ကြည့်ရှုသူအပေါင်းကို မျက်ရည်ကျစေတဲ့အထိ ဖြစ်စေခဲ့တာပါ… ခွေးလေးရဲ့ သစ္စာရှိမှုကြောင့် အဲဒီခွေးလေးသေသွားတော့ သူ့သခင်ကို အမြဲလာစောင့်နေတဲ့ နေရာလေးမှာ ရုပ်တုထုပြီး ဂုဏ်ပြုခဲ့ပါတယ်….

အခုဖော်ပြမဲ့ အဖြစ်အပျက်ကတော့ နိုင်ငံခြားမှာ မဟုတ်ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ခွေးလေးတစ်ကောင်ကနေ လူသားတစ်ဦးရဲ့ အသက်ကို ကယ်တင်လိုက်တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်…ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးကို ကို Kyaw Zawe Win ရဲ့ Facebook အကောင့်ကနေ မျှဝေထားတာဖြစ်ပြီး မြွေဟောက်တစ်ကောင်ရဲ့ အန္တရာယ်ကနေ ကယ်တင်ခဲ့တဲ့ အဖြစ်အပျက်အလေးကို ခုလိုပဲ ပြောပြထားတာ ဖြစ်ပါတယ်….

“ကျွန်တော့်ကို ဖိုးလုံးကယ်သည်”

ကျွန်တော်ရယ် ဖိုးလုံးရယ် မြွေဟောက်ရယ်
ဒီည မှတ်မှတ်ရရ ..ည ၁၁ နာရီလောက်ဖိုးလုံး ကျွန်တော့်အခန်းအပေါက်ဝကနေ စူးစူးဝါးဝါး ဟောင်နေတယ်။ စိတ်ထဲတော့ တခုခုပဲ လို့ထင်လို့ အခန်းအပြင်ဘက်ထွက်ပီး ခြံထဲကိုလှမ်းကြည့်နေတာ ကျိန်းသေတယ် ခြံအပြင်မှာ လူစိမ်းရှိရမယ်။ ဖိုးလုံးဟောင်တာ လုံးဝမရပ်သွားဘူး အပြင်ဘက်လည်း မထွက်ဘူး ..

သံမံတလင်းကြည့်ဟောင်နေတာ စိတ်ထဲ မသင်္ကာလို့ အောက် ငုံ့ကြည့်တော့ ဖိုးလုံး ဟောင်လို့ ဟိုကောင်ပြေးတာ ခြေထောက်ကြားထဲဖြတ်အပြေး.. ဖိုးလုံးက အတင်းထိုးလိုက်နဲ့..ဟိုကောင်ဖိုးလုံးကိုကြောက်ပီး ကို့မမြင်တာ ကံကောင်းသွားတယ်..

အခုတော့ ဖိုးလုံးလည်း သူ့နေရာ သူသွားမအိပ်ပဲ အခန်းရှေ့ တခါးပေါက်တည့်တည့်ကနေ ဘယ့်မှ မသွားတော့ဘူး။ သူ့ အိပ်ရာ သွားအိပ်ခိုင်းလည်းမရတော့ဘူး ကျွန်တော့အခန်းရှေ့အပေါက်ဝကနေ တဖဝါးမှ မခွာတော့ဘူး..ဖိုးလုံး ကြည့်ပီး မျက်ရည်တောင် ဝဲမိတယ်။ ကျွန်တော်အပြင်က ပြန်လာရင် သူ့ကို ဝယ်ကျွေးရင် ၅၀၀ ရာတန် ပေါင်မုန့်လောက်ပဲ ကျွေးတာပါ။ သူသိတတ်တာကတော့..
ဖိုးလုံးရေ နောင်ဘဝတော့ ရှိရင် ခွေးလည်း မဖြစ်နဲ့ လူလည်းမဖြစ်ပါနဲ့ကွာ…

ခွေးလေးဖိုးလုံးဟာ သခင်ဖြစ်သူကို နောက်တစ်ကြိမ် သတ္တဝါဆိုးတွေက အန္တရာယ်ပြုမှာကို စိုးရိမ်ပြီး သူ့နေရာမှာ သူမအိပ်တော့ဘဲ သူ့သခင်ရဲ့အခန်းရှေ့တည့်တည့်မှာ ပဲ ကင်းစောင့်ပေးနေတော့တာပါ… အရမ်းကို သခင်အပေါ်သစ္စာရှိ ကာကွယ်ပေးတတ်တဲ့ ဖိုးလုံးနော်…. ခွေးချစ်တတ်တဲ့ ပရိသတ်ကြီးတို့မှာလည်း သစ္စာရှိတဲ့ ချစ်စရာကောင်းတဲ့ ခွေးလေးတွေရှိရင် ကွန်းမန့်မှာ ခွေးပုံလေးတွေ မျှဝေပေးခဲ့နော်…

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : Kyaw Zawe Win

About the author

ilove

Leave a Comment