Shwe News Content 3

မိမိထက်အသက် ၅၄ နှစ်ပိုကြီးဆဲ့သူကို ချစ်သူတော်ထားဆဲ့ လူငယ်







Source-BBC Three

  • unicode version

အသက်၂၅နှစ်အရွယ် Gavin ဟာ ၂၀၁၄ခုနှစ်မှာ brikenheadမှ လန်ဒန်ကိုပြောင်းရွှေ့လာသူပါ။
အသက်၇၆နှစ်အရွယ် Juile ကတော့ လန်ဒန်အရှေ့ပိုင်းမှာနေသူဖြစ်ပြီး သူမဟာနှစ်၂၀ကျော်တစ်ကိုယ်တည်းနေခဲ့ရသူဖြစ်ပါတယ်။

သူတို့ဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ စတင်ဆုံတွေ့ခဲ့တာပါ။ ဈေးဘက်ထွက်လာတဲ့ Gavin ဟာ ကော်ဖီသောက်နေတဲ့ Julie ရဲ့ဖိတ်ခေါ်မှုနဲ့ ကော်ဖီအတူသောက်ခဲ့ရင်း သူမဈေးဝယ်တာကို လိုက်ကူညီပေးခဲ့ပါတယ်။

Julie ကတော့ “ကျွန်မက ဈေးကအပြန်ရှုပ်ပွထားတာတွေကို သူကသိမ်းဆည်းပေးတယ် မယုံနိုင်လောက်အောင်ပဲ”လို့ပြောခဲ့ပါတယ်။

Juile ကတော့ တစ်ဦးတည်းသောသားကို ဆုံးရှုံးထားရတဲ့မိခင်ဖြစ်ပြီး မိခင်နဲ့ငယ်စ၌်ကတည်းကဝေးကွာနေရတဲ့ Gavin ကတော့ မိခင်မေတ္တာကို တောင့်တနေသူပဲဖြစ်ပါတယ်။

Juile အတွက်တော့ Gavin ဟာ သူ့ရဲ့သားအရင်း သွေးအရင်းလိုဖြစ်ပြီး သူယုံကြည်ရတဲ့သူလို့ဆိုပါတယ်။ Gavin ဟာ သူမကို ခရစ္စမတ်နေ့မှာ ဘုရားကျောင်းခေါ်သွားတယ် မွေးနေ့မှာ သူငယ်ချင်းနဲ့ စားသောက်ဆိုင်ကိုခေါ်သွားတယ် သူနဲ့စကားပြောပေးတယ် ဒါကြောင့် သူဟာဂေးဖြစ်ဖြစ် ဘယ်လိုဘာပဲဝတ်ဝတ် သူဂရုမစိုက်ပါဘူးလို့ ဆိုခဲ့ပါတယ်။

သူတို့နှစ်ယောက်ကြား ထားရှိတဲ့မေတ္တာကတော့ တကယ့်ကို နွေးထွေးလှတာကို အခုဆင်ဆက်ပေးထားတဲ့ ဗွီဒီယိုလေးထဲမှာ ပရိသတ်ကြီးမြင်တွေ့နိုင်မှာပါနော်။

Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-BBC Three

About the author

Kham Liim

Leave a Comment