Shwe News Content 3

ဘဝကို အရှုံးမပေးတဲ့ ရေလယ်ကျောက်တန်းက ငါးစာရောင်းတဲ့ “လှအုံးမယ်”..






  • unicode version

“နောင်ဘဝကျရင် ဒီလိုဘဝမျိုး ဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရပါစေနဲ့ ဝဋ်ရှိရင်လည်း ကြေပါစေတော့” လို့ဘုရားမှာဆုတောင်းနေသူကတော့ ရေလယ်ကျောက်တန်းမှာ ငါးစာရောင်းတဲ့ “လှအုံးမယ်”ဆိုတဲ့ ကောင်မလေးပဲဖြစ်ပါတယ်။

သူမနာမည်အရင်းကတော့ ဇာခြည်ဝင်းပါ။ အားလုံးကတော့ “လှအုံးမယ်”လို့ပဲ ခေါ်ကြပါတယ်။ သူဟာ ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီးနောက် ကျောင်းထွက်ကာ မိခင်နဲ့မောင်နှမတွေကို ဈေးရောင်းကျွေးနေတဲ့ သူပဲဖြစ်ပါတယ်။

လှအုံးမယ် ရဲ့ဘဝခရီးဟာကြမ်းတမ်းလှပါတယ်။ ဖခင်ဆုံးပါးသွားတဲ့နောက် ကြုံတွေ့ရတဲ့ဘဝအခြေအနေနဲ့ ပြောင်းလဲသွားတဲ့လူအကြောင်းပြောပြနေချိန်မှာတော့ လှအုံးမယ် ခမျာ မျက်ရည်စက်လက်ဖြစ်ခဲ့ရပါတယ်။

သို့သော်လည်း သူမဟာ ဘဝကိုအရှံးပေးတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဘဝကိုကြိုးစားရုန်းကန်ရင်းနဲ့ သူဒီလိုဆင်းရဲတဲ့ဘဝမှာပဲ အမြဲလျှောက်လှမ်းရမှာ မဟုတ်ပါဘူး ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘဝကို ကြိုးစားရုန်းကန်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-Dih Pyay Doh Myay

About the author

Kham Liim

Leave a Comment