Shwe News Content 3

အသက် ၉၉ နှစ်ရှိပြီး ၁၉၃၉ ခုနှစ်ကတည်းက ကမ္ဘာပတ်လာခဲ့သူ







Source-Drew Brisky

  • unicode version

ခရီးသွားတယ်ဆိုတာ အဲ့ဒေသအကြောင်း သိဖို့တင်မကဘူး အဲ့ဒေသကလူတွေအကြောင်းသိဖို့ပါဖြစ်တယ် လို့ပြောသူကတော့
၁၉၃၉ ခုနှစ်ကတည်းက ကမ္ဘာပတ်လာခဲ့သူ Vincent Livelli ပဲဖြစ်ပါတယ်။

သူဟာအခုဆို အသက်၉၉နှစ်ရှိပြီဖြစ်ပြီး အနောက်ဥရောပါနိုင်ငံတွေသာမက အာရှနိုင်ငံတွေအထိ ခရီးဆက်ခဲ့သူဖြစ်ပါတယ်။

သူဟာနိုင်ငံပေါင်း၆၀ရောက်ခဲ့ဖူးသူဖြစ်ပြီး
ထိုင်းဘုရင် အာဖဂန်နစ္စတန်ဘုရင် မြို့စား နယ်စားတွေနဲ့လည်း တွေ့ခဲ့ဖူးသူပါ

အဘိုး ဘူတန်ရောက်ရောက်ဖူးလားလို့မေးတဲ့အခါမှာတော့ ရောက်ဖူးတာပေါ့ လို့ဖြေဆိုခဲ့ပါတယ်။သူ့ရဲ့ ကမ္ဘာပတ်ခဲ့တဲ့နိုင်ငံစာရင်းထဲမှာ မြန်မာ ပါလား မပါလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

ဒီဗီဒီယိုလေးကိုရိုက်ကူးခဲ့သူကတော့ Vincent Livelliရဲ့ခရီးသွားအတွေ့အကြုံတွေကို နားထောင်ရတာ အရမ်းကိုမိုက်ပါတယ် အဘိုး အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေနိုင်ပါစေ လို့ တောင်းဆုပြုထားတာကိုလည်း တွေ့မြင်ရပါတယ်။


Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-Drew Brisky

About the author

Kham Liim

Leave a Comment