Shwe News Content 1

ေတာင္ကုိရီးယားနုိင္ငံ မူလတန္းသင္ရုိးမွာပါဝင္လာခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္

ေဒၚေအာင္ဆန္းစုၾကည္ဆိုတာ ျမန္မာ့လြတ္လပ္ေရးဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီး…လက္ရွိ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ျပည္ေထာင္စုဝန္ႀကီး တာဝန္ေတြကို ထမ္းေဆာင္ေနသူျဖစ္ပါတယ္…
ဒါ့အျပင္သူမဟာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္တစ္ဦးလည္း ျဖစ္ပါတယ္….

အဲဒီလို ျမန္မာကသာမက ကမၻာကပါသိတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေၾကာင္းကို ေတာင္ကိုရီးယားႏိုင္ငံရဲ႕ မူလတန္းသင္ရိုးစာအုပ္မွာ ထည့္သြင္းေဖာ္ျပလိုက္ၿပီ ျဖစ္ပါတယ္…

အဲဒီ မူလတန္းသင္ရိုးထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဘဝေနာက္ခံသမိုင္းေၾကာင္းကို ကိုရီးယားကေလးငယ္ေလးေတြ စိတ္ဝင္စား နားလည္လြယ္ေစဖို႔အတြက္ ရုပ္ျပကာတြန္းေတြနဲ႔ သရုပ္ေဖာ္ထားတာကိုေတြ႕ရမွာျဖစ္ပါတယ္….

ဓႏုျဖဴမွာ နာမည္ႀကီး ျဖစ္ရပ္တစ္ခုျဖစ္ခဲ့ၿပီး The Lady ဇာတ္ကားထဲမွာပါဝင္တဲ့အခန္းတစ္ခန္းျဖစ္တဲ့ ေသနတ္နဲ႔ခ်ိန္ထားတဲ့ စစ္သားေတြေရွ႕မွာ ရဲရဲဝံ့ဝံ့ မားမားမတ္မတ္နဲ႔ ေသနတ္ေျပာင္းဝေရွ႕တိုးဝင္ရပ္ ခဲ့တဲ့ ပံုရိပ္ကိုလည္း ထည့္သြင္းေရးဆြဲ ေဖာ္ျပထားပါေသးတယ္…

အဲဒီစာအုပ္ကို ျမန္မာဘာသာနဲ႔ျပန္ဆိုထားတဲ့ စာအုပ္လည္းရွိၿပီး တစ္ခ်ိဳ႕ အေၾကာင္းအရာေတြကို ေရးသားေဖာ္ျပထားတဲ့ပံုစံေတြဟာ အနည္းငယ္ အားနည္းေနေသးေပမယ့္ ကေလးသူငယ္ေတြအတြက္ေတာ့ စိတ္ဝင္တစားဖတ္ရႈၿပီး နားလည္လြယ္ေစတဲ့ စာအုပ္တစ္အုပ္အျဖစ္ ခ်ီးက်ဴးေနၾကပါတယ္..

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Photo Source : m.post.naver & Myo Thant Mg

  • Unicode Version

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး…လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး တာဝန်တွေကို ထမ်းဆောင်နေသူဖြစ်ပါတယ်…
ဒါ့အပြင်သူမဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်….

အဲဒီလို မြန်မာကသာမက ကမ္ဘာကပါသိတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို တောင်ကိုရီးယားနိုင်ငံရဲ့ မူလတန်းသင်ရိုးစာအုပ်မှာ ထည့်သွင်းဖော်ပြလိုက်ပြီ ဖြစ်ပါတယ်…

အဲဒီ မူလတန်းသင်ရိုးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနောက်ခံသမိုင်းကြောင်းကို ကိုရီးယားကလေးငယ်လေးတွေ စိတ်ဝင်စား နားလည်လွယ်စေဖို့အတွက် ရုပ်ပြကာတွန်းတွေနဲ့ သရုပ်ဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်….

ဓနုဖြူမှာ နာမည်ကြီး ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး The Lady ဇာတ်ကားထဲမှာပါဝင်တဲ့အခန်းတစ်ခန်းဖြစ်တဲ့ သေနတ်နဲ့ချိန်ထားတဲ့ စစ်သားတွေရှေ့မှာ ရဲရဲဝံ့ဝံ့ မားမားမတ်မတ်နဲ့ သေနတ်ပြောင်းဝရှေ့တိုးဝင်ရပ် ခဲ့တဲ့ ပုံရိပ်ကိုလည်း ထည့်သွင်းရေးဆွဲ ဖော်ပြထားပါသေးတယ်…

အဲဒီစာအုပ်ကို မြန်မာဘာသာနဲ့ပြန်ဆိုထားတဲ့ စာအုပ်လည်းရှိပြီး တစ်ချို့ အကြောင်းအရာတွေကို ရေးသားဖော်ပြထားတဲ့ပုံစံတွေဟာ အနည်းငယ် အားနည်းနေသေးပေမယ့် ကလေးသူငယ်တွေအတွက်တော့ စိတ်ဝင်တစားဖတ်ရှုပြီး နားလည်လွယ်စေတဲ့ စာအုပ်တစ်အုပ်အဖြစ် ချီးကျူးနေကြပါတယ်..

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Photo Source : m.post.naver & Myo Thant Mg

About the author

ilove

Leave a Comment