Shwe News Content 1

Korea ရုပ္သံ KBS ရဲ႕ Winner ဆုကုိ႐ွိခဲ့တဲ့ ျမန္မာ့ဂုဏ္ေဆာင္ ကရင္တုိင္းရင္းသူေလး

ပရိသတ္ႀကီးေရ ခ်စ္စရာအသံခ်ိဳခ်ိဳေလးနဲ႔ သီဆိုထားတဲ့ “အိမ္ေလးတစ္လံုးလိုခ်င္တယ္” ဆိုတဲ့ သီခ်င္းေလးကိုနားေထာင္ဖူးၾကမွာပါေနာ္..အဲဒီ သီခ်င္းနဲ့ ေအာင္ျမင္မႈေတြ ရရိွလာသူကေတာ့ ခ်စ္စရာေကာင္းတဲ့ ကရင္မေလး ေနာ္မာသထူးဝါးပါပဲ… သူေလးကေတာ့ ကိုရီးယားမွာ ေနထိုင္တဲ့ ျမန္မာ၊ ကရင္လူမ်ိဳး ေလးျဖစ္ျပီးေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႔ သီခ်င္းဆိုေကာင္းတဲ့ အဆိုေတာ္ေလးတစ္ေယာက္ပါ…..

အဲဒီလို ထူးခၽြန္တာေၾကာင့္ ျမန္မာႏုိင္ငံသာမက ကိုရီးယားနိုင္ငံရဲ႕ နာမည္ႀကီးရုပ္သံလိုင္း KBS ရဲ႕ အစီအစဥ္မွာလည္း ပါဝင္လာၿပီ ျဖစ္ပါတယ္…. သူ႕ရဲ႕ ေအာင္ျမင္မႈက ကၽြန္ေတာ္တို႔ ျမန္မာေတြအတြက္ ဂုဏ္ယူစရာ တစ္ခုပါေနာ္…
ကရင္မေလး ေနာ္မာသထူးဝါးဟာ ကိုရီးယားနိုင္ငံမွာ က်င္းပျပဳလုပ္ေနတဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 နိုင္ငံတကာ သီခ်င္းဆိုျပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ final အဆင့္ကို ပါဝင္ခြင့္ရ႐ွိခဲ့ပါတယ္…

ေနာ္မာသထူးဝါးက ကိုရီးယားနိုင္ငံ ဘူဆန္ နုိင္ငံတကာ ရုပ္ရွင္ပြဲေတာ္မွာလည္း ပါဝင္ေဖ်ာ္ေျဖ တင္ဆက္သြားဖို႔ ရိွပါေသးတယ္…
အခုေတာ့ ကိုရီးယားနိုင္ငံရဲ႕ နာမည္ႀကီး ရုပ္သံလိုင္းတစ္ခုျဖစ္တဲ့ KBS ကတင္ဆက္တဲ့ KBS ကေလး အစီအစဥ္မွာ ပါ၀င္တင္ဆက္ရင္း Winner ဆုႀကီးကို ဆြတ္ခူးနိုင္ခဲ့ပါၿပီ….

“KBS ကေလးအစီစဥ္ ဒီေန႔အတြက္ ဒီဆုကိုအားလုံးအတြက္ပါရွင့္” ဆိုၿပီးသူမရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ပရိသတ္ေတြ ဝမ္းသာဂုဏ္ယူလို႔ ရေအာင္ ေဖာ္ျပထားပါတယ္…

ကိုရီးယားလို ဖြံ႕ၿဖိဳးတိုးတက္ၿပီး ႏိုင္ငံတစ္ခုမွာ မိမိတတ္ကၽြမ္းတဲ့ ပညာရပ္ေတြနဲ႔ ျမန္မာဆိုတာ ကမၻာကသိေအာင္ႀကိဳးစားေပးေနတဲ့ ကရင္မေလး ေနာ္မာသထူးဝါး ကို ပရိသတ္ႀကီးတုိ႔လည္း အားေပးစကားေျပာၾကားခဲ့ၾကပါအံုးေနာ္..

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : Naw Martha Htoowah

  • Unicode Version

ပရိသတ်ကြီးရေ ချစ်စရာအသံချိုချိုလေးနဲ့ သီဆိုထားတဲ့ “အိမ်လေးတစ်လုံးလိုချင်တယ်” ဆိုတဲ့ သီချင်းလေးကိုနားထောင်ဖူးကြမှာပါနော်..အဲဒီ သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာသူကတော့ ချစ်စရာကောင်းတဲ့ ကရင်မလေး နော်မာသထူးဝါးပါပဲ… သူလေးကတော့ ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ၊ ကရင်လူမျိုး လေးဖြစ်ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သီချင်းဆိုကောင်းတဲ့ အဆိုတော်လေးတစ်ယောက်ပါ…..

အဲဒီလို ထူးချွန်တာကြောင့် မြန်မာနိုင်ငံသာမက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်း KBS ရဲ့ အစီအစဉ်မှာလည်း ပါဝင်လာပြီ ဖြစ်ပါတယ်…. သူ့ရဲ့ အောင်မြင်မှုက ကျွန်တော်တို့ မြန်မာတွေအတွက် ဂုဏ်ယူစရာ တစ်ခုပါနော်…
ကရင်မလေး နော်မာသထူးဝါးဟာ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် final အဆင့်ကို ပါဝင်ခွင့်ရရှိခဲ့ပါတယ်…

နော်မာသထူးဝါးက ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်သွားဖို့ ရှိပါသေးတယ်…
အခုတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ကတင်ဆက်တဲ့ KBS ကလေး အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း Winner ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါပြီ….

“KBS ကလေးအစီစဉ် ဒီနေ့အတွက် ဒီဆုကိုအားလုံးအတွက်ပါရှင့်” ဆိုပြီးသူမရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ပရိသတ်တွေ ဝမ်းသာဂုဏ်ယူလို့ ရအောင် ဖော်ပြထားပါတယ်…

ကိုရီးယားလို ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတစ်ခုမှာ မိမိတတ်ကျွမ်းတဲ့ ပညာရပ်တွေနဲ့ မြန်မာဆိုတာ ကမ္ဘာကသိအောင်ကြိုးစားပေးနေတဲ့ ကရင်မလေး နော်မာသထူးဝါး ကို ပရိသတ်ကြီးတို့လည်း အားပေးစကားပြောကြားခဲ့ကြပါအုံးနော်..

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : Naw Martha Htoowah

About the author

ilove

Leave a Comment