Shwe News Content 1

ရန္ကုန္ၿမိဳ႕ပတ္ Bus ကားကို Scania ကားသစ္မ်ားနဲ႔ စတင္ေျပးဆြဲေတာ့မည္

ရန္ကုန္ၿမိဳ႕ဟာ ျမန္မာႏိုင္ငံရဲ႕ အဓိက စီးပြားေရးအခ်က္အခ်ာၾကတဲ့ ၿမိဳ႕ႀကီးပဲ ျဖစ္ပါတယ္…. လူဦးေရ ၈ သန္းနီးပါးေလာက္အထိ ျဖစ္လာခဲ့တဲ့ ရန္ကုန္ၿမိဳ႕ႀကီးဟာ မ်ားျပားလွတဲ့ လူေတြအတြက္ သယ္ယူပို႔ေဆာင္ေရးအျဖစ္ YBS လိုင္းေတြ၊ Water Bus ေတြ၊ ပုဂၢလိက အငွားယာဥ္ဝန္ေဆာင္မႈေတြ၊ ၿမိဳ႕ပတ္ရထားေတြနဲ႔ ဝန္ေဆာင္မႈေပးေနပါတယ္….ရန္ကုန္ၿမိဳ႕တြင္း တစ္ေနရာကေန တစ္ေနရာကို သက္ဆိုင္ရာ YBS ယာဥ္လိုင္းေတြနဲ႔ စီးနင္းသြားလာႏိုင္ၿပီးေတာ့ ရန္ကုန္တစ္ၿမိဳ႕လံုးကို ပတ္ေပးတာကေတာ့ ျမန္မာ့ၿမိဳ႕ပတ္မီးရထားလိုင္းပဲ ရွိခဲ့ရာက အခုဆိုရင္ YBS ၿမိဳ႕ပတ္ Bus ကားေတြ စတင္ေျပးဆြဲေပးေတာ့မွာပဲ ျဖစ္ပါတယ္….

ရန္ကုန္ၿမိဳ႕၏ ပထမဆုံး ၿမိဳ႕ပတ္ဘတ္စ္ကားကုိ City Transit ကုမၸဏီက တာဝန္ယူေျပးဆြဲသြားမွာ ျဖစ္တယ္လို႔ သိရၿပီး ေျပးဆြဲခြင့္ျပဳထားၿပီးျဖစ္တယ္လို႔ ရန္ကုန္တိုင္း ေဒသႀကီးသယ္ယူပုိ႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA)ရဲ႕ အတြင္းေရးမွဴးျဖစ္တဲ့ ေဒါက္တာေမာင္ေအာင္က ေျပာပါတယ္…အဆုိပါ YBS ၿမိဳ႕ပတ္ Bus ကားကို ရန္ကုန္ၿမိဳ႕က Bus ကားသမိုင္းမွာ လံုးဝမရွိေသးတဲ့ ၿမိဳ႕တြင္းဘတ္စ္ကားေျပးဆြဲ မႈသက္တမ္းတစ္ေလွ်ာက္ ပထမ ဆုံးျဖစ္တဲ့ Scania အမ်ိဳးအစားကားေတြနဲ႔ ေျပးဆြဲမွာ ျဖစ္တယ္လို႔ သိရပါတယ္….

Scania ဆိုတာ ဆြီဒင္ႏိုင္ငံထုတ္ နာမည္ႀကီး Bus အမ်ိဳးအစားျဖစ္ၿပီးေတာ့ လက္ရွိျမန္မာႏိုင္ငံမွာ အေဝးေျပးယာဥ္လိုင္းေတြသာ သံုးစြဲေနၾကတာျဖစ္ပါတယ္…
ခုလို ၿမိဳ႕တြင္းသံုးအျဖစ္ ေျပးဆြဲမယ္ဆိုေတာ့ ခရီးသည္ေတြ သက္ေတာင့္သက္သာ ဇိမ္က်က် စီးနင္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္…

.

ေျပးဆြဲမဲ့လမ္းေၾကာင္းကေတာ့ ေအာင္မဂၤလာအေ၀းေျပး-ေျခာက္ေကြ႕-ေျမာက္ဥကၠ လာပအ၀ုိင္း-ဂႏၶမာဟုိးေဆး- ေညာင္ပင္-ေဘလီ-စံျပေစ်း- သြားေဆးတကၠသုိလ္-သု၀ဏၰ ေစ်း-ပုဇြန္ေတာင္-ဗုိလ္တ ေထာင္-ကမ္းနားလမ္း-သခင္ျမ ပန္းၿခံ-ၾကည့္ျမင္တိုင္ကမ္းနား လမ္း-ဘုရင့္ေနာင္လမ္း-ဘုရင့္ ေနာင္လမ္းဆုံ-သမိုင္းလမ္းဆုံ- ရွစ္မုိင္-ေျမာက္ဥကၠလာအ၀ုိင္း- ေျခာက္ေကြ႕-ေအာင္မဂၤလာအ ေ၀းေျပးလမ္းေၾကာင္းအတိုင္း ေျပးဆြဲမွာ ျဖစ္တယ္လို႔ YRTA က ထုတ္ျပန္ေပးထားပါတယ္…

အဲဒီလမ္းေၾကာင္း အစ အဆုံး ဟာ ၄၇ ကီလုီမီတာ ကြာေ၀းၿပီးေတာ့ လမ္းရွင္းခ်ိန္မွာဆို ခရီးစဥ္တစ္ပတ္ကို ၃ နာရီခြဲခန္႔ ၾကာႏိုင္တယ္လို႔ သိရပါတယ္…
အေကာင္းစား Scania ကားအသစ္ႀကီးနဲ႔ ေျပးဆြဲမဲ့ ၿမိဳ႕ပတ္ခရီးစဥ္အတြက္ ယာဥ္စီးခကိုေတာ့ ေအာင္မဂၤလာ အေ၀းေျပးကေန သခင္ျမပန္းၿခံအထိကို က်ပ္ ၅၀၀ ျဖစ္ၿပီးေတာ့ ၿမိဳ႕တစ္ပတ္လံုးကိုဆို ေငြက်ပ္ ၁,၀၀၀ သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္…
ဘာပဲျဖစ္ျဖစ္ ရန္ကုန္တစ္ၿမိဳ႕လံုးကို ပတ္ေပးမဲ့ YBS ယာဥ္လိုင္းေပၚေပါက္လာျခင္းဟာ ခရီးသြား ျပည္သူေတြအတြက္ အဆင္ေျပႏိုင္မွာ ျဖစ္ၿပီး Scania ကားေတြနဲ႔ ေျပးဆြဲမွာ ျဖစ္လို႔ သက္ေတာင့္သက္သာ စီးနင္းႏိုင္မွာပဲ ျဖစ္ပါတယ္…

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Source : 7day Daily

  • Unicode Version

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးအချက်အချာကြတဲ့ မြို့ကြီးပဲ ဖြစ်ပါတယ်…. လူဦးရေ ၈ သန်းနီးပါးလောက်အထိ ဖြစ်လာခဲ့တဲ့ ရန်ကုန်မြို့ကြီးဟာ များပြားလှတဲ့ လူတွေအတွက် သယ်ယူပို့ဆောင်ရေးအဖြစ် YBS လိုင်းတွေ၊ Water Bus တွေ၊ ပုဂ္ဂလိက အငှားယာဉ်ဝန်ဆောင်မှုတွေ၊ မြို့ပတ်ရထားတွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်….ရန်ကုန်မြို့တွင်း တစ်နေရာကနေ တစ်နေရာကို သက်ဆိုင်ရာ YBS ယာဉ်လိုင်းတွေနဲ့ စီးနင်းသွားလာနိုင်ပြီးတော့ ရန်ကုန်တစ်မြို့လုံးကို ပတ်ပေးတာကတော့ မြန်မာ့မြို့ပတ်မီးရထားလိုင်းပဲ ရှိခဲ့ရာက အခုဆိုရင် YBS မြို့ပတ် Bus ကားတွေ စတင်ပြေးဆွဲပေးတော့မှာပဲ ဖြစ်ပါတယ်….

ရန်ကုန်မြို့၏ ပထမဆုံး မြို့ပတ်ဘတ်စ်ကားကို City Transit ကုမ္ပဏီက တာဝန်ယူပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပြီး ပြေးဆွဲခွင့်ပြုထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာမောင်အောင်က ပြောပါတယ်…အဆိုပါ YBS မြို့ပတ် Bus ကားကို ရန်ကုန်မြို့က Bus ကားသမိုင်းမှာ လုံးဝမရှိသေးတဲ့ မြို့တွင်းဘတ်စ်ကားပြေးဆွဲ မှုသက်တမ်းတစ်လျှောက် ပထမ ဆုံးဖြစ်တဲ့ Scania အမျိုးအစားကားတွေနဲ့ ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်….

Scania ဆိုတာ ဆွီဒင်နိုင်ငံထုတ် နာမည်ကြီး Bus အမျိုးအစားဖြစ်ပြီးတော့ လက်ရှိမြန်မာနိုင်ငံမှာ အဝေးပြေးယာဉ်လိုင်းတွေသာ သုံးစွဲနေကြတာဖြစ်ပါတယ်…
ခုလို မြို့တွင်းသုံးအဖြစ် ပြေးဆွဲမယ်ဆိုတော့ ခရီးသည်တွေ သက်တောင့်သက်သာ ဇိမ်ကျကျ စီးနင်းနိုင်တော့မှာ ဖြစ်ပါတယ်…

.

ပြေးဆွဲမဲ့လမ်းကြောင်းကတော့ အောင်မင်္ဂလာအဝေးပြေး-ခြောက်ကွေ့-မြောက်ဥက္က လာပအဝိုင်း-ဂန္ဓမာဟိုးဆေး- ညောင်ပင်-ဘေလီ-စံပြဈေး- သွားဆေးတက္ကသိုလ်-သုဝဏ္ဏ ဈေး-ပုဇွန်တောင်-ဗိုလ်တ ထောင်-ကမ်းနားလမ်း-သခင်မြ ပန်းခြံ-ကြည့်မြင်တိုင်ကမ်းနား လမ်း-ဘုရင့်နောင်လမ်း-ဘုရင့် နောင်လမ်းဆုံ-သမိုင်းလမ်းဆုံ- ရှစ်မိုင်-မြောက်ဥက္ကလာအဝိုင်း- ခြောက်ကွေ့-အောင်မင်္ဂလာအ ဝေးပြေးလမ်းကြောင်းအတိုင်း ပြေးဆွဲမှာ ဖြစ်တယ်လို့ YRTA က ထုတ်ပြန်ပေးထားပါတယ်…

အဲဒီလမ်းကြောင်း အစ အဆုံး ဟာ ၄၇ ကီလီုမီတာ ကွာဝေးပြီးတော့ လမ်းရှင်းချိန်မှာဆို ခရီးစဉ်တစ်ပတ်ကို ၃ နာရီခွဲခန့် ကြာနိုင်တယ်လို့ သိရပါတယ်…
အကောင်းစား Scania ကားအသစ်ကြီးနဲ့ ပြေးဆွဲမဲ့ မြို့ပတ်ခရီးစဉ်အတွက် ယာဉ်စီးခကိုတော့ အောင်မင်္ဂလာ အဝေးပြေးကနေ သခင်မြပန်းခြံအထိကို ကျပ် ၅၀၀ ဖြစ်ပြီးတော့ မြို့တစ်ပတ်လုံးကိုဆို ငွေကျပ် ၁,၀၀၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်…
ဘာပဲဖြစ်ဖြစ် ရန်ကုန်တစ်မြို့လုံးကို ပတ်ပေးမဲ့ YBS ယာဉ်လိုင်းပေါ်ပေါက်လာခြင်းဟာ ခရီးသွား ပြည်သူတွေအတွက် အဆင်ပြေနိုင်မှာ ဖြစ်ပြီး Scania ကားတွေနဲ့ ပြေးဆွဲမှာ ဖြစ်လို့ သက်တောင့်သက်သာ စီးနင်းနိုင်မှာပဲ ဖြစ်ပါတယ်…

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : 7day Daily

About the author

ilove

Leave a Comment