Shwe News Content 1

“နာကျင်မှုတွေကနေ..လွတ်မြောက်ချင်ပြီ..” ဆိုတဲ့ နန်းဆုရတီစိုး










Source : Nansu Yati Soe

  • Unicode Version

G-Fatt နဲ့ နန်းဆုဆိုတာ..မနဲ့မောင် အချစ်ကို အားကျသူတွေအတွက် တကယ့်ကို Idol စုံတွဲပါပဲ… G-fatt က အရမ်းစသလောက် နန်းဆုကလည်း စိတ်မဆိုးဘဲ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေနဲ့ ချစ်ခရီးလမ်းကို လျှောက်လမ်းနေကြသူတွေပါ…
ဒါပေမဲ့ ခုတလော သတင်းတွေအရ နန်းဆုနဲ့ G-fatt တို့ရဲ့ ဆက်ဆံရေးက အနည်းငယ်အေးစက်လာတယ်လို့ သိရပါတယ်…အမြဲတမ်း စုံတွဲပုံလေးတွေ တင်ပြီး ပရိသတ်တွေ အရမ်းအားကျချစ်ခင်ပြီး လိုက်ဖက်တဲ့ စုံတွဲလို့ သတ်မှတ်ထားကြတဲ့ သူတို့အတွဲ ဘာများ ပြဿနာတွေဖြစ်ကြသလဲ ဆိုပြီး ပရိသတ်တွေကလည်း စိုးရိမ်ပူပန်နေကြတာပါ…

မကြာသေးမီကလည်း နန်းဆုဟာ အင်တာဗျူးတစ်ခုမှာ အချစ်ရေးနဲ့ ပတ်သက်လို့ အဆင်မပြေတော့တဲ့အကြောင်းတွေ ဖွင့်ဟ လာတော့ ပရိသတ်တွေကို ပိုစိုးရိမ်လာကြပါတယ်…
ခုတစ်ခါမှာတော့ နန်းဆုဟာ သူမရဲ့နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး သူမ Facebook Myday မှာ ခုလိုလေး Post တစ်ခု တင်ခဲ့ပါတယ်….



“ဘယ်လိုမှ မတတ်နိုင်ဘူး..ကိုယ်တန်ဖိုးအထားဆုံးက သစ္စာတရား ဖြစ်နေတော့…”
“နာကျင်မှုတွေကနေ..လွတ်မြောက်ချင်ပြီ..”

လို့ အသည်းကွဲနာကျင်နေတဲ့ပုံစံစာလေးတွေ တင်ခဲ့ပါတယ်…

ဒီစာတွေမတင်ခင် အင်တာဗျူးတစ်ခုမှာ

“ချစ်သူစုံတွဲတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေရှိုကြပါတယ်.. တန်ဖိုးထားတဲ့ အရာတွေကို ထိရင် ဘယ်သူမှ ခွင့်လွှတ်မှာ မဟုတ်ဘူး… နန်းဆုက အများကြီးလည်း မမျှော်လင့်ဘူး သာမာန်လောက်ပါပဲ… ဂုဏ်ငွေ ပကာသန တွေမလိုဘူး… နန်းဆု လိုချင်တာ ၊ သစ္စာတရားရယ်၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားရယ်ပဲ လိုချင်တာပါ… အဲဒီထဲကမှ တစ်ခုတစ်လေပဲ ဖြစ်ဖြစ် ၂ခုပဲ ဖြစ်ဖြစ် မရှိခဲ့ဘူးဆိုရင် အဲဒါမျိုးမပေးနိုင်တော့ဘူးဆိုရင် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်တော့ဘူးပေါ့…”
လို့ နန်းဆုက ဖြေခဲ့ပါသေးတယ်…

ခုလို အင်တာဗျူးတွေ Post တွေမှာ ပြောထားတင်ထားတဲ့ စာတွေအရ နန်းဆုနဲ့ G-Fatt ဟာ တကယ်ပဲလမ်းခွဲလိုက်ကြပြီလား..ဒါမှ မဟုတ် စိတ်ကောက်နေကြတာလား…ဘာပဲ ဖြစ်ဖြစ် နန်းဆုတစ်ယောက် နာကျင်မှုတွေဆီကနေ လွတ်မြောက်ဖို့နဲ့ သူတို့ ၂ ဦး ပြန်အဆင်ပြေဖို့ ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်…

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source : Nansu Yati Soe

About the author

ilove

Leave a Comment