Shwe News Content 1

ကိုကို,ညီညီကို သမီးေလး ဗစ္တိုးရီးယား တရားရံုးမွာ ေျပာခဲ့တဲ့ စကားမ်ား

ဗစ္တိုးရီးယားေလးအမႈကို ပရိသတ္ႀကီးတို႔ သိၾကမွာပါ…ႏိုင္ငံေက်ာ္ ဒီသက္ငယ္မေတာ္တရားျပဳလုပ္မႈအတြက္ တရားအမွန္ေပၚဖို႔ ဆႏၵျပသူမ်ားစြာရွိခဲ့ၿပီး လက္ရွိစြပ္စြဲခံထားရသူ တရားခံလို႔ သံသယျဖစ္ခံရသူ ေအာင္ႀကီးအေပၚမွာလည္း တရားခံအစစ္မဟုတ္ႏိုင္ဘူးဆိုၿပီး သံုးသပ္မႈေတြ မ်ားစြာ ရွိခဲ့တဲ့ နာမည္ေက်ာ္အမႈပဲ ျဖစ္ပါတယ္…

ယေန႔မွာေတာ့ အဆိုပါအမႈအတြက္ ေနျပည္ေတာ္ ဒကၡိဏခရိုင္တရားရံုးမွာ ရံုးခ်ိန္းအျဖစ္ ထပ္မံစစ္ေဆးခဲ့ၿပီး တရားရံုးမွာ ဗစ္တိုးရီးယားေလးက ကိုကို ညီညီ ဓာတ္ပံုကို ဖေနာင့္ႏွင့္ေပါက္ၿပီး ေရြးျပတယ္လို႔ သိရပါတယ္…
ေအာင္ႀကီး၊ ကိုကို၊ ညီညီ၊ ဆရာမ ႏွင္းႏုပံုေတြကို ျပသၿပီး ေမးျမန္းရာမွာ ဗစ္တိုးရီယားေလးက
စြပ္စြဲခံထားရတဲ့ ေအာင္ႀကီးကို မေရြးခ်ယ္ဘဲ ခရိုင္တရားသူႀကီး ႏွစ္ဦးေရွ႕မွာ ကိုုကိုညီညီ ဓာတ္ပံုကို ေရြးခ်ယ္ၿပီးေတာ့ ဖေနာင့္ႏွင့္ေပါက္၍ လက္ျဖင့္ထုရိုက္ျပခဲ့တယ္လို႔ သိရပါတယ္…

ေရွ႕ေန႔ ေဒၚရြက္ႏုေအာင္ကလည္း “ကေလးက ကိုကိုညီညီလို႔ မေျပာဘူး။ ကိုကိုငယ္ငယ္က မီးမီးရဲ႕ ရင္ဘတ္ကို ထုတယ္။ ကိုကိုအႀကီးက မီးမီး ဖင္ဖုကို စိပ္တယ္လို႔ ေျပာသြားတယ္”ဟု ဆိုခဲ့ပါတယ္…
ဗစ္တိုးရီးယားေလးက ပံုေတြျပၿပီး မေမးခင္မွာ အစမ္းေမးခြန္းေတြျဖစ္တဲ့ ဖင္ဖု ေနရာ လက္ ေခါင္း အစရွိတဲ့ ေမးခြန္းေတြကို မွတ္ဥာဏ္ေကာင္းေကာင္းနဲ႔ ေျဖၾကားႏုိင္ခဲ့တယ္လို႔လဲ သိရပါတယ္…

ခုလို မွတ္ဥာဏ္ေကာင္းေကာင္းနဲ႔ ေျဖၾကားႏုိင္တဲ့အေပၚ စစ္ေဆးတဲ့ တရားသူႀကီးေတြကလည္း အ့ံဩခဲ့ရပါတယ္လို႔ ဆိုပါတယ္…
ကဲ…ပရိသတ္ႀကီးေရ အမ်ားစိတ္ဝင္စားေနၾကတဲ့ ဒီအမႈရဲ႕ အျဖစ္မွန္ေတာ့ မၾကာခင္ ေပၚေတာ့မယ္ထင္ပါတယ္…ပရိသတ္ႀကီးတို႔ အျမင္ကေရာ ဘယ္လိုရွိလဲ ေရးခဲ့ၾကပါအံုးေနာ္…

Writer – HW ( Shwe Yaung Lan )
Source : 7Day Daily

  • Unicode Version

ဗစ်တိုးရီးယားလေးအမှုကို ပရိသတ်ကြီးတို့ သိကြမှာပါ…နိုင်ငံကျော် ဒီသက်ငယ်မတော်တရားပြုလုပ်မှုအတွက် တရားအမှန်ပေါ်ဖို့ ဆန္ဒပြသူများစွာရှိခဲ့ပြီး လက်ရှိစွပ်စွဲခံထားရသူ တရားခံလို့ သံသယဖြစ်ခံရသူ အောင်ကြီးအပေါ်မှာလည်း တရားခံအစစ်မဟုတ်နိုင်ဘူးဆိုပြီး သုံးသပ်မှုတွေ များစွာ ရှိခဲ့တဲ့ နာမည်ကျော်အမှုပဲ ဖြစ်ပါတယ်…

ယနေ့မှာတော့ အဆိုပါအမှုအတွက် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးချိန်းအဖြစ် ထပ်မံစစ်ဆေးခဲ့ပြီး တရားရုံးမှာ ဗစ်တိုးရီးယားလေးက ကိုကို ညီညီ ဓာတ်ပုံကို ဖနောင့်နှင့်ပေါက်ပြီး ရွေးပြတယ်လို့ သိရပါတယ်…
အောင်ကြီး၊ ကိုကို၊ ညီညီ၊ ဆရာမ နှင်းနုပုံတွေကို ပြသပြီး မေးမြန်းရာမှာ ဗစ်တိုးရီယားလေးက
စွပ်စွဲခံထားရတဲ့ အောင်ကြီးကို မရွေးချယ်ဘဲ ခရိုင်တရားသူကြီး နှစ်ဦးရှေ့မှာ ကိုကိုညီညီ ဓာတ်ပုံကို ရွေးချယ်ပြီးတော့ ဖနောင့်နှင့်ပေါက်၍ လက်ဖြင့်ထုရိုက်ပြခဲ့တယ်လို့ သိရပါတယ်…

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကလည်း “ကလေးက ကိုကိုညီညီလို့ မပြောဘူး။ ကိုကိုငယ်ငယ်က မီးမီးရဲ့ ရင်ဘတ်ကို ထုတယ်။ ကိုကိုအကြီးက မီးမီး ဖင်ဖုကို စိပ်တယ်လို့ ပြောသွားတယ်”ဟု ဆိုခဲ့ပါတယ်…
ဗစ်တိုးရီးယားလေးက ပုံတွေပြပြီး မမေးခင်မှာ အစမ်းမေးခွန်းတွေဖြစ်တဲ့ ဖင်ဖု နေရာ လက် ခေါင်း အစရှိတဲ့ မေးခွန်းတွေကို မှတ်ဉာဏ်ကောင်းကောင်းနဲ့ ဖြေကြားနိုင်ခဲ့တယ်လို့လဲ သိရပါတယ်…

ခုလို မှတ်ဉာဏ်ကောင်းကောင်းနဲ့ ဖြေကြားနိုင်တဲ့အပေါ် စစ်ဆေးတဲ့ တရားသူကြီးတွေကလည်း အံ့ဩခဲ့ရပါတယ်လို့ ဆိုပါတယ်…
ကဲ…ပရိသတ်ကြီးရေ အများစိတ်ဝင်စားနေကြတဲ့ ဒီအမှုရဲ့ အဖြစ်မှန်တော့ မကြာခင် ပေါ်တော့မယ်ထင်ပါတယ်…ပရိသတ်ကြီးတို့ အမြင်ကရော ဘယ်လိုရှိလဲ ရေးခဲ့ကြပါအုံးနော်…

Writer – HW ( Shwe Yaung Lan )
Source : 7Day Daily

About the author

ilove

Leave a Comment