Shwe News Content 2

Victoria ေလးကုိ နာက်င္စရာေတြကင္းရွင္းေစခ်င္တယ္ဆုိတဲ့ ခ်စ္သုေဝ

အဆိုေတာ္ သရုပ္ေဆာင္ ေဒါက္တာ ျဖစ္သူ ခ်စ္သုေဝ ဟာဆိုရင္ သူမကြ်မ္းက်င္ရာ နယ္ပယ္အသီးသီးမွာ ပရိသတ္ရဲ႕ အားေပးမႈကို အထူးရရွိထားသူ တစ္ဦး ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူမဟာ သာယာခ်မ္းေျမ့တဲ့
အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားျပီးေတာ့ ခ်စ္စဖြယ္ေကာင္းတဲ့ အမႊာသမီးေလး ေခတ္နဲ႔သစ္တို႔ရဲ႕ ေမေမလည္း ျဖစ္ပါတယ္။

သူမဟာ သမီးမ်ားရွင္ ေမေမ ျဖစ္သလို လက္ရွိ ေနျပည္ေတာ္မွာ လအတန္ၾကာ ျဖစ္ပြားျပီး အမႈမျပတ္ေသးတဲ့ ဗစ္တိုးရီးယား ဆိုတဲ့ ကေလးမရဲ႕ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရမႈေတြအတြက္လည္း သားသမီးျခင္းစာနာျပီးေတာ့
အင္မတန္မွကို စိတ္မေကာင္းျဖစ္ေနသူ တစ္ဦးျဖစ္ပါတယ္။ ထို႔အတူပဲ သူမရဲ႕ခင္ပြန္း ျဖစ္သူ အဆိုေတာ္ လင္းလင္းကလည္း ဗစ္တိုးရီးယားေလးအတြက္ အစြမ္းကုန္ တတ္နိုင္တဲ့ဘက္က ရပ္တည္ေပးဖို႔ ေနျပည္ေတာ္ကို ကိုယ္တိုင္
ေရာက္ရွိအားေပးခဲ့ၾကသူမ်ား ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ဗစ္တိုးရီးယားေလးရဲ႕ ၆ ၾကိမ္ေျမာက္ ရံုးခ်ိန္းမွာ ဗစ္တိုးရီးယားေလးကို ေမးျမန္းတဲ့အခါမွာ သူမဟာ ကိုကို အငယ္နဲ႔ ကိုကို အၾကီးလုပ္တယ္လို႔ ထပ္မံထြက္ဆိုျပီးေတာ့ သူတို႔ရဲ႕ ဓာတ္ပံုေတြကိုလည္း ေျမေပၚခ်နင္းျပီး
ဖေနွာင့္နဲ႔ ေပါက္ခဲ့တဲ့လို႔ သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္ျပီးေတာ့ ေမေမ ခ်စ္သုေဝက သမီးေလး ဗစ္တိုးရီးယားေလး အေနနဲ႔ နာက်င္ခံစားရမႈေတြကို စိတ္ေရာ ကိုယ္ပါ ကင္းရွင္းေစခ်င္လိုက္
တာဆိုျပီး သူမရဲ႕ လူမႈကြန္ရက္မွာ ေဖာ္ျပလာပါတယ္။

လက္ရွိမွာေတာ့ ဗစ္တိုးရီးယားေလးကိုယ္တိုင္ သူမရင္ဘတ္ကို ကိုကိုအငယ္က ထုတယ္ ၊ သူမရဲ႕ ဖင္ဖုကို ကိုကိုအၾကီးက ဆြဲဆိတ္တယ္ ၊ ဆရာမ နွင္းနုက ေရေဆးေပးတယ္ ဆိုျပီး ရံုးေတာ္မွာ ထြက္ဆိုထားပါတယ္။ ဒါဟာ အမႈစျဖစ္ကတည္းက တသတ္မတ္တည္း ထြက္ဆိုေနတာျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ဆရာမ နွင္းနုေရာ တရားခံျဖစ္သူေတြရဲ႕ သတင္းပါ ေပ်ာက္ဆံုးေနဆဲျဖစ္ပါတယ္။

Writer- SMT(Shwe Yaung Lan)
source- Chit Thu Wai

  • Unicode Version

အဆိုတော် သရုပ်ဆောင် ဒေါက်တာ ဖြစ်သူ ချစ်သုဝေ ဟာဆိုရင် သူမကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ ပရိသတ်ရဲ့ အားပေးမှုကို အထူးရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ သာယာချမ်းမြေ့တဲ့
အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့ ချစ်စဖွယ်ကောင်းတဲ့ အမွှာသမီးလေး ခေတ်နဲ့သစ်တို့ရဲ့ မေမေလည်း ဖြစ်ပါတယ်။

သူမဟာ သမီးများရှင် မေမေ ဖြစ်သလို လက်ရှိ နေပြည်တော်မှာ လအတန်ကြာ ဖြစ်ပွားပြီး အမှုမပြတ်သေးတဲ့ ဗစ်တိုးရီးယား ဆိုတဲ့ ကလေးမရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေအတွက်လည်း သားသမီးခြင်းစာနာပြီးတော့
အင်မတန်မှကို စိတ်မကောင်းဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ထို့အတူပဲ သူမရဲ့ခင်ပွန်း ဖြစ်သူ အဆိုတော် လင်းလင်းကလည်း ဗစ်တိုးရီးယားလေးအတွက် အစွမ်းကုန် တတ်နိုင်တဲ့ဘက်က ရပ်တည်ပေးဖို့ နေပြည်တော်ကို ကိုယ်တိုင်
ရောက်ရှိအားပေးခဲ့ကြသူများ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဗစ်တိုးရီးယားလေးရဲ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာ ဗစ်တိုးရီးယားလေးကို မေးမြန်းတဲ့အခါမှာ သူမဟာ ကိုကို အငယ်နဲ့ ကိုကို အကြီးလုပ်တယ်လို့ ထပ်မံထွက်ဆိုပြီးတော့ သူတို့ရဲ့ ဓာတ်ပုံတွေကိုလည်း မြေပေါ်ချနင်းပြီး
ဖနှောင့်နဲ့ ပေါက်ခဲ့တဲ့လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ မေမေ ချစ်သုဝေက သမီးလေး ဗစ်တိုးရီးယားလေး အနေနဲ့ နာကျင်ခံစားရမှုတွေကို စိတ်ရော ကိုယ်ပါ ကင်းရှင်းစေချင်လိုက်
တာဆိုပြီး သူမရဲ့ လူမှုကွန်ရက်မှာ ဖော်ပြလာပါတယ်။

လက်ရှိမှာတော့ ဗစ်တိုးရီးယားလေးကိုယ်တိုင် သူမရင်ဘတ်ကို ကိုကိုအငယ်က ထုတယ် ၊ သူမရဲ့ ဖင်ဖုကို ကိုကိုအကြီးက ဆွဲဆိတ်တယ် ၊ ဆရာမ နှင်းနုက ရေဆေးပေးတယ် ဆိုပြီး ရုံးတော်မှာ ထွက်ဆိုထားပါတယ်။ ဒါဟာ အမှုစဖြစ်ကတည်းက တသတ်မတ်တည်း ထွက်ဆိုနေတာဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ ဆရာမ နှင်းနုရော တရားခံဖြစ်သူတွေရဲ့ သတင်းပါ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

Writer- SMT(Shwe Yaung Lan)
source- Chit Thu Wai

About the author

Crypoetess

Leave a Comment