Shwe News Content 2

တပည့္ျဖစ္သူ မန္ေနဂ်ာကုိ IPHONE X လက္ေဆာင္ေပးခဲ့တဲ့ျမင့္ျမတ္

ျမန္မာနိုင္ငံက ရုပ္ရွင္သရုပ္ေဆာင္ ျမင့္ျမတ္ကို လူငယ္ထုအၾကားမွာေတာ့ ဂ်င္းေကာင္ ဆိုတဲ့ ဇာတ္ရုပ္နဲ႔ အေတာ္ေလး လူသိမ်ားခဲ့ၾကျပီးေတာ့ ပရိသတ္အားေပးမႈကိုလည္း အထူးရရွိခဲ့သူျဖစ္ပါတယ္။
လက္ရွိမွာ ျမင့္ျမတ္က ခ်စ္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားျပီးေတာ့ ဂ်င္းေကာင္အငယ္စားေလးကိုလည္း ရရွိထားသူလည္းျဖစ္ပါတယ္။

သူဟာဆိုရင္ အေနေအးျပီး စာနာစိတ္ရွိတဲ့ မင္းသားလို႔ ပရိသတ္အၾကားမွာ ေရပန္းစားေနခဲ့ျပီးေတာ့ အဆင့္အတန္းခြဲျခားမႈ မရွိသူအျဖစ္လည္း နာမည္ရသူျဖစ္ပါတယ္။

အခုတစ္ခါမွာေတာ့ သရုပ္ေဆာင္ျမင့္ျမတ္က ေကာင္းသတင္းနဲ႔ေက်ာ္ၾကားမႈေတြကို ထပ္မံအတည္ျပဳလုိက္တဲ့ လုပ္ရပ္တစ္ခုကို မရည္ရြယ္ပဲ ေဆာင္ရြက္ခဲ့ပါေသးတယ္။ ဒါကေတာ့ သူ႕ရဲ႕ တပည့္ျဖစ္သူကို မေမွ်ာ္မွန္းထားတဲ့အခ်ိန္မွာ
I Phone X တစ္လံုး ဝယ္ေပးခဲ့တာပါပဲ။ သူရဲ႕ တပည့္ဆိုသူမွာ ေပ်ာ္လြန္းလို႔ ကြ်န္ေတာ္ဆရာက ကြ်န္ေတာ္ကို I Phone X ဝယ္ေပးတယ္ဗ်လို႔ေတာင္ လူမႈကြန္ရက္မွာ တက္ျပီးေရးတဲ့အထိပါပဲ။

အခုလို ေငြေၾကးအရမဟုတ္ပဲ လူတစ္ေယာက္ရဲ႕ ေပ်ာ္ရႊင္မႈကို ဖန္တီးေပးနိုင္တဲ့ ဂ်င္းေကာင္ျမင့္ျမတ္ရဲ႕ စိတ္ထားေလးဟာ ေလးစားစရာမို႔ သူ႕ကိုခ်စ္တဲ့ ပရိသတ္ၾကီးသိေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Writer- SMT(Shwe Yaung Lan)

  • Unicode Version

မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်ကို လူငယ်ထုအကြားမှာတော့ ဂျင်းကောင် ဆိုတဲ့ ဇာတ်ရုပ်နဲ့ အတော်လေး လူသိများခဲ့ကြပြီးတော့ ပရိသတ်အားပေးမှုကိုလည်း အထူးရရှိခဲ့သူဖြစ်ပါတယ်။
လက်ရှိမှာ မြင့်မြတ်က ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီးတော့ ဂျင်းကောင်အငယ်စားလေးကိုလည်း ရရှိထားသူလည်းဖြစ်ပါတယ်။

သူဟာဆိုရင် အနေအေးပြီး စာနာစိတ်ရှိတဲ့ မင်းသားလို့ ပရိသတ်အကြားမှာ ရေပန်းစားနေခဲ့ပြီးတော့ အဆင့်အတန်းခွဲခြားမှု မရှိသူအဖြစ်လည်း နာမည်ရသူဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ သရုပ်ဆောင်မြင့်မြတ်က ကောင်းသတင်းနဲ့ကျော်ကြားမှုတွေကို ထပ်မံအတည်ပြုလိုက်တဲ့ လုပ်ရပ်တစ်ခုကို မရည်ရွယ်ပဲ ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါကတော့ သူ့ရဲ့ တပည့်ဖြစ်သူကို မမျှော်မှန်းထားတဲ့အချိန်မှာ
I Phone X တစ်လုံး ဝယ်ပေးခဲ့တာပါပဲ။ သူရဲ့ တပည့်ဆိုသူမှာ ပျော်လွန်းလို့ ကျွန်တော်ဆရာက ကျွန်တော်ကို I Phone X ဝယ်ပေးတယ်ဗျလို့တောင် လူမှုကွန်ရက်မှာ တက်ပြီးရေးတဲ့အထိပါပဲ။

အခုလို ငွေကြေးအရမဟုတ်ပဲ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်တဲ့ ဂျင်းကောင်မြင့်မြတ်ရဲ့ စိတ်ထားလေးဟာ လေးစားစရာမို့ သူ့ကိုချစ်တဲ့ ပရိသတ်ကြီးသိအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)

About the author

Crypoetess

Leave a Comment