Shwe News Content 2

နှလုံးရောဂါနဲ့ အရေးပေါ် ဆေးရုံတက်ကုသနေရတဲ့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)






  • Unicode Version

ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဟာဆိုရင် မြန်မာရုပ်ရှင် ပရိသတ်တွေအကြားမှာ ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဖန်တီးလိုက်တဲ့ အနုပညာတိုင်းကို မလွတ်တမ်း အားပေးခြင်း ခံရသူ တစ်ဦး ဖြစ်ပါတယ်။
ဖန်တီလိုက်တဲ့ အနုပညာတိုင်းကို စေတနာ ထားမှုကြောင့်လည်း လှုပ်ရှားသက်ဝင်သမျှသော အနုပညာတွေဟာ ပရိသတ် ရင်ထဲကို အရောက်ပို့ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒါရိုက်တာ မောင်မျိုးမင်း တစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန် ပင်လုံဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတယ်လို့ သူကိုယ်တိုင်ပဲ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာ ၅ရက်နေ့ကတည်းက တက်ရောက်ကုသနေရတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ကျန်းမာရေးအခြေအနေ အတော်အတန် ကောင်းမွန်လာတယ်လို့ သိရပါတယ်။

သူက ပြန်လည်ကျန်းမာလာတဲ့နှင့်အမျှ ပရိသတ်အတွက် ဖန်တီးမှုတွေကို ဆက်လက်လုပ်ဆောင်သွားဦးမှာဖြစ်သလို လက်ရှိမှာလည်း သဘာ၀ ဘေးဒဏ်ခံခဲ့ရတဲ့ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲဖြစ်တဲ့ ” နှင်းဆီလှေ” အငြိမ့်ဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာ(၄)ရက်နဲ့ (၅)ရက်တွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် အနုပညာကိုချစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) မကြာခင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ အားလုံး ဆုတောင်းပေးကြပါဦးနော်။

Writer- SMT(Shwe Yaung Lan)

About the author

Crypoetess

Leave a Comment