Shwe News Content 2

ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရး အာဆီယံ အဖြဲ႕အစည္းမ်ားဝုိင္းဝန္းေတာင္းဆုိ

ထိုင္းနိုင္ငံမွာ လိပ္ကြ်န္းလူသတ္မႈနဲ႔ ပတ္သတ္ျပီး ေသဒဏ္က်ခံထားရတဲ့ ျမန္မာနိုင္ငံသား နွစ္ဦးျဖစ္တဲ့ ဝင္းနဲ႔ေဇာ္အတြက္ကို ျမန္မာနိုင္ငံသားမ်ားအားလံုး စိတ္မေကာင္းျဖစ္ၾကသလို က႑အသီးသီးမွ နာမည္ရွိတဲ့ သရုပ္ေဆာင္
မ်ားကလည္း ထိုင္းမီဒီယာမ်ား ၊ ထိုင္းဘုရင့္စာမ်က္နွာေတြမွာ ဝိုင္းဝန္းေတာင္းဆိုခဲ့ၾကတာ အားလံုးအသိပဲ ျဖစ္ပါတယ္။

ထို႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ထုိင္းနိုင္ငံသို႔ ခရီးစဥ္သြားေရာက္ခဲ့စဥ္ကလည္း ျမန္မာနိုင္ငံသား ဝင္းနဲ႔ေဇာ္အတြက္ နွစ္နိုင္ငံတပ္မေတာ္ရဲ႕ခ်စ္ခင္မႈကို ေထာက္ရွႈျပီး တရားဥပေဒနဲ႔အညီ ၾကည့္ရႈေစာင့္ေရွာက္ေပးဖုိ႔ေျပာဆို
ခဲ့သလို ၊ အစိုးရ အေနနဲ႔လည္း ထိုင္းဘုရင့္ထံကို အသနာခံစာ ေပးပို႔သြားမယ္လို႔ သိရပါတယ္။

အခုအခါမွာေတာ့ ျမန္မာသာမကေတာ့ပဲ အာဆီယံ အဖြဲ႔အစည္းမ်ား အစည္းအေဝးမွာပါ ဝင္းနဲ႔ေဇာ္ အတြက္ ေသဒဏ္မွ လြတ္ျငိမ္းခြင့္ရေစဖို႔ ေတာင္းဆိုတဲ့ ကမ္ပိန္းတစ္ခု ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီကမ္ပိန္းကို ဦးေဆာင္သူက
ေတာ့ Equality Myanmar က ဦးေအာင္မ်ိဳးမင္းတို႔က ဦးေဆာင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီအစည္းအေဝးကို အာဆီယံ ၁၁ ႏိုင္ငံ ကိုယ္စားျပဳ အရပ္ဖက္အဖြဲ႕အစည္းက လူ ၇၀၀ ေက်ာ္တက္ေရာက္ေနခ်ိန္မွာ အခုလို ေတာင္းဆိုမႈ
ေတြ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ACSC/AFP အာဆီယံအရပ္ဘက္အဖြဲ႕အစည္းမ်ား ညီလာခံကို စက္တင္ဘာ ၁၀ ရက္ကေနစၿပီး ထိုင္းႏိုင္ငံမွာ ရွိတဲ့ Thammasat University မွာ က်င္းပေနတာျဖစ္ၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားအေရး အပါအဝင္ တရားမွ် တေရး၊ ၿငိမ္းခ်မ္းေရး တန္းတူညီမွ်ေရးႏွင့္ ဒီမိုကေရစီအေရးကိစၥမ်ား က႑အလိုက္ ေဆြးေႏြး ေနၾက စဥ္ မွာ အစီအစဥ္ကေန ၁၅မိနစ္ အခ်ိန္ေတာင္းၿပီး ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရးအတြက္ေတာင္းဆိုတာကို လုပ္ခဲ့တာ၊ ထိုင္းဘုရင့္ထံကို ေပးပို႔သြားမယ့္ ေမတၱာရပ္ခံစာနဲ႔အတူ ေပးပို႔သြားမယ္လို႔လည္း သိရပါတယ္။

Writer- SMT(Shwe Yaung Lan)

  • Unicode Version

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သတ်ပြီး သေဒဏ်ကျခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ဇော်အတွက်ကို မြန်မာနိုင်ငံသားများအားလုံး စိတ်မကောင်းဖြစ်ကြသလို ကဏ္ဍအသီးသီးမှ နာမည်ရှိတဲ့ သရုပ်ဆောင်
များကလည်း ထိုင်းမီဒီယာများ ၊ ထိုင်းဘုရင့်စာမျက်နှာတွေမှာ ဝိုင်းဝန်းတောင်းဆိုခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထိုင်းနိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့စဉ်ကလည်း မြန်မာနိုင်ငံသား ဝင်းနဲ့ဇော်အတွက် နှစ်နိုင်ငံတပ်မတော်ရဲ့ချစ်ခင်မှုကို ထောက်ရှှုပြီး တရားဥပဒေနဲ့အညီ ကြည့်ရှုစောင့်ရှောက်ပေးဖို့ပြောဆို
ခဲ့သလို ၊ အစိုးရ အနေနဲ့လည်း ထိုင်းဘုရင့်ထံကို အသနာခံစာ ပေးပို့သွားမယ်လို့ သိရပါတယ်။

အခုအခါမှာတော့ မြန်မာသာမကတော့ပဲ အာဆီယံ အဖွဲ့အစည်းများ အစည်းအဝေးမှာပါ ဝင်းနဲ့ဇော် အတွက် သေဒဏ်မှ လွတ်ငြိမ်းခွင့်ရစေဖို့ တောင်းဆိုတဲ့ ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကမ်ပိန်းကို ဦးဆောင်သူက
တော့ Equality Myanmar က ဦးအောင်မျိုးမင်းတို့က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးကို အာဆီယံ ၁၁ နိုင်ငံ ကိုယ်စားပြု အရပ်ဖက်အဖွဲ့အစည်းက လူ ၇၀၀ ကျော်တက်ရောက်နေချိန်မှာ အခုလို တောင်းဆိုမှု
တွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ACSC/AFP အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ညီလာခံကို စက်တင်ဘာ ၁၀ ရက်ကနေစပြီး ထိုင်းနိုင်ငံမှာ ရှိတဲ့ Thammasat University မှာ ကျင်းပနေတာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေး အပါအဝင် တရားမျှ တရေး၊ ငြိမ်းချမ်းရေး တန်းတူညီမျှရေးနှင့် ဒီမိုကရေစီအရေးကိစ္စများ ကဏ္ဍအလိုက် ဆွေးနွေး နေကြ စဉ် မှာ အစီအစဉ်ကနေ ၁၅မိနစ် အချိန်တောင်းပြီး ဝင်းနဲ့ဇော် လွတ်မြောက်ရေးအတွက်တောင်းဆိုတာကို လုပ်ခဲ့တာ၊ ထိုင်းဘုရင့်ထံကို ပေးပို့သွားမယ့် မေတ္တာရပ်ခံစာနဲ့အတူ ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

Writer- SMT(Shwe Yaung Lan)

About the author

Crypoetess

Leave a Comment