Shwe News Content 3

အိမ်မှားပြီးလိပ်စာမေးသလိုလိုနဲ့  မအူမလည်လုပ် အဝေးကလာသလိုလိုနဲ့  ဟို‌မေးဒီ‌မေး မေးတာကို သတိထားကြပါ CCTV ထဲကလိုခံသွားရမယ်






  • unicode version

ပစ္စည်းလုယက်ခံရတယ်ဆိုတာ ပြင်ပမှာ သွားလာလှုပ်ရှားနေမှ ကြုံတွေရတဲ့အရာမဟုတ်ပါဘူး။

ဒီCCTV ဗွီဒီယိုဖိုင်လေးထဲမှာဆိုရင် ကိုယ့်အိမ်ကိုယ့်ယာမှာနေနေရင်းနဲ့ အလစ်သုတ်ခံနေရတာကို မှတ်တမ်းတင်ထားတာပါ။

ဒီဗွီဒီယိုလေးထဲမှာဆိုရင် အိမ်မှားပြီးလိပ်စာမေးသလိုလို အဝေးကလာသလိုလိုနဲ့ ဟိုမေးဒီမေးမေးပြီး ဆွဲကြိုးကိုအလစ်သုတ်ပြေးသွားတာကို မြင်တွေ့ရမှာပါ။ခြံစည်းရိုးအထဲမှာနေနေတာတောင် မလုံခြုံဘူးရယ်လို့ ဆိုရမလိုပါပဲ။

ဒါ့ကြောင့် အိမ်တွင်းမှာပဲနေကြတဲ့ အိမ်ရှင်မတွေ သက်ကြီးရွယ်အိုတွေအတွက် ဒီလိုလူလိမ်လူရှုပ်တွေရဲ့အမူအကျင့်ကို သိပြီး သတိထားကြရစေဖို့ ဒီဗွီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-ကျော်ဘိုဘိုဟိန်းမီဒီယာ

About the author

Kham Liim

Leave a Comment