Shwe News Content 3

ဘာလီကျွန်းတွင် ခေါင်းနှစ်လုံးပါရှိသည့် ရှားပါးမြွေတစ်ကောင် တွေ့ရှိ (ရုပ်သံ)






  • unicode version

အင်တိုနီရှား ဘာလီကျွန်းဟာဆိုရင်
နတ်တွေဖန်ဆင်းထားတဲ့ ကျွန်းလို့ လူအများခေါ်တွင်ရလောက်အောင် လှပတဲ့ရှုခင်းတွေနဲ့ ကမ္ဘာအရပ်ရပ်ကလူတွေ အပန်းဖြေအနားယူရာ နေရာပဲဖြစ်ပါတယ်။

ဒီအပန်းဖြေရာ ဘာလီကျွန်းက ရွာသားတွေဟာ ထူးဆန်းတဲ့ ဦးခေါင်းနှစ်လုံးရှိတဲ့မြွေကို ဘာလီကျွန်းအလယ်က တောထဲမှာ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ရှားပါးတဲ့ ဦးခေါင်းနှစ်လုံးနဲ့မြွေကို အလုပ်ကပြန်လာတဲ့ ရွာသားတစ်ဦးက တွေ့ရှိခဲ့တာပါ။

ဗွီဒီယိုလေးထဲမှာဖော်ပြထားတဲ့အတိုင်းပဲ ခေါင်းနှစ်လုံးနဲ့မြွေဟာ လက်ပေါ်တင်လို့ရလောက်အောင် အရွယ်အစားရှိတယ်လို့သိရပြီး ဘယ်မြွေအမျိုးအစားလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ဆိုပါတယ်။

Writer – LLA(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source-Eleven Broadcasting

About the author

Kham Liim

Leave a Comment