Shwe News Content 2

ျမျမရုပ္ရွင္ဇာတ္ကားမွာ မင္းသားေနရာက သရုပ္ေဆာင္မယ့္သူ ထြက္ေပၚ

တလောတုန္းက ဟိုးေလးတေက်ာ္ ျဖစ္ခဲ့တဲ့ ျမျမ ဆိုတဲ့ အမ်ိဳးသမီးငယ္ေလးကို မုဒိန္းက်င့္ သတ္ျဖတ္ျပီး အေလာင္းေဖ်ာက္ခဲ့ၾကတယ္ဆိုျပီးေတာ့
ဝင္ေရာက္ပူးျပီးေတာ့ ေျပာဆိုမႈ တစ္ခုအေၾကာင္း အားလံုး မွတ္မိၾကဦးမွာပါ။ အဲ့အေၾကာင္းကို လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားခဲ့ၾကျပီးေတာ့
ေနာက္ျပီးမွာေတာ့ ေျပာသလို သြားေရာက္ရွာေဖြခဲ့ေပမယ့္ ဘယ္လုိ အေလာင္းမ်ိဳးကိုမွ မေတြ႕ခဲ့ရပါဘူး။

ဒီအခ်ိန္မွာပဲ ဒီ ဇာတ္လမ္းကို ဒါရိုက္တာ ညိဳမင္းလြင္က အေကာင္းဆံုး ဖန္တီး တင္ဆက္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အခုအခါမွာေတာ့ သူ ေျပာဆိုခဲ့သလို ျမျမ ရုပ္ရွင္ဇာတ္ကားအတြက္ သရုပ္ေဆာင္ေတြကို ေရြးခ်ယ္ေနျပီ ျဖစ္ပါတယ္။ ျမျမ အျဖစ္ သရုပ္ေဆာင္မယ့္သူကို
ယခင္က ေျပာဆိုမႈ မရွိခဲ့ေပမယ့္ အခုေတာ့ သင္ဇာဝင့္ေက်ာ္ကို သရုပ္ေဆာင္ေစမယ္လို႔ ေၾကျငာလာပါတယ္။ ဒါ့အျပင္ ျမျမကို မုဒိန္းက်င့္မည့္သူေတြကိုေတာ့
ေရြးခ်ယ္မႈ လုပ္ခဲ့တဲ့အေပၚမွာေတာ့ လူအမ်ားေဝဖန္မႈကို ၾကံဳခဲ့ရပါတယ္။

အေၾကာင္းကေတာ့ မုဒိန္းက်င့္တဲ့ ပံုစံကို စင္ေပၚမွာ လုပ္ျပခဲ့လို႔ပါ။ မင္းသမီးနဲ႔ လူၾကမ္းေတြ ေနရာ သိရေပမယ့္ မင္းသားေတြ က်န္ေနခဲ့ရာမွာေတာ့ အခု
တစ္ခါမွာ မင္းသား နွစ္လက္ထဲက မင္းသားတစ္လက္ကိုေတာ့ ဒီဒီးကို အသံုးျပဳသြားမယ္လို႔ ထြက္ေပၚလာပါတယ္။ ဒါေၾကာင့္ ျမျမ ရုပ္ရွႈင္ဇာတ္ကားဟာ
သရုပ္ေဆာင္ ဝါရင့္သူနဲ႔ အသစ္ေတြ အၾကား ဘယ္လို အခ်ိတ္အဆက္မိမိ သရုပ္ေဆာင္သြားမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္ေနာ္။

Writer- SMT(Shwe Yaung Lan)

  • Unicode Version

တလောတုန်းက ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ မြမြ ဆိုတဲ့ အမျိုးသမီးငယ်လေးကို မုဒိန်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့ကြတယ်ဆိုပြီးတော့
ဝင်ရောက်ပူးပြီးတော့ ပြောဆိုမှု တစ်ခုအကြောင်း အားလုံး မှတ်မိကြဦးမှာပါ။ အဲ့အကြောင်းကို လူတော်တော်များများက စိတ်ဝင်စားခဲ့ကြပြီးတော့
နောက်ပြီးမှာတော့ ပြောသလို သွားရောက်ရှာဖွေခဲ့ပေမယ့် ဘယ်လို အလောင်းမျိုးကိုမှ မတွေ့ခဲ့ရပါဘူး။

ဒီအချိန်မှာပဲ ဒီ ဇာတ်လမ်းကို ဒါရိုက်တာ ညိုမင်းလွင်က အကောင်းဆုံး ဖန်တီး တင်ဆက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုအခါမှာတော့ သူ ပြောဆိုခဲ့သလို မြမြ ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်တွေကို ရွေးချယ်နေပြီ ဖြစ်ပါတယ်။ မြမြ အဖြစ် သရုပ်ဆောင်မယ့်သူကို
ယခင်က ပြောဆိုမှု မရှိခဲ့ပေမယ့် အခုတော့ သင်ဇာဝင့်ကျော်ကို သရုပ်ဆောင်စေမယ်လို့ ကြေငြာလာပါတယ်။ ဒါ့အပြင် မြမြကို မုဒိန်းကျင့်မည့်သူတွေကိုတော့
ရွေးချယ်မှု လုပ်ခဲ့တဲ့အပေါ်မှာတော့ လူအများဝေဖန်မှုကို ကြုံခဲ့ရပါတယ်။

အကြောင်းကတော့ မုဒိန်းကျင့်တဲ့ ပုံစံကို စင်ပေါ်မှာ လုပ်ပြခဲ့လို့ပါ။ မင်းသမီးနဲ့ လူကြမ်းတွေ နေရာ သိရပေမယ့် မင်းသားတွေ ကျန်နေခဲ့ရာမှာတော့ အခု
တစ်ခါမှာ မင်းသား နှစ်လက်ထဲက မင်းသားတစ်လက်ကိုတော့ ဒီဒီးကို အသုံးပြုသွားမယ်လို့ ထွက်ပေါ်လာပါတယ်။ ဒါကြောင့် မြမြ ရုပ်ရှှုင်ဇာတ်ကားဟာ
သရုပ်ဆောင် ဝါရင့်သူနဲ့ အသစ်တွေ အကြား ဘယ်လို အချိတ်အဆက်မိမိ သရုပ်ဆောင်သွားမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)

About the author

Crypoetess

Leave a Comment