Shwe News Content 1

စင်ကာပူတွင် မြန်မာအိမ်အကူက အိပ်ယာထဲလဲနေသူ လူနာအား ဆိတ်ဆွဲမှုဖြင့်ထောင်ချ




  • Unicode Version

ပရိတ်သတ်ကြီးရေ ဒီတစ်ခါ တင်ပြမယ့်သတင်းကတော့ စင်္ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမှုပါပဲ။ မြန်မာနိုင်ငံသား အိမ်အကူ လုပ်ကိုင်နေသူဟာ စင်္ကာပူနိုင်ငံသား တစ်ဦး ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေချိန်မှာ အိပ်ပေါ်မှာလဲနေတဲ့ အိမ်ရှင်အမျိုးသမီးကြီးကို ဆိတ်ဆွဲခဲ့လို့ အိမ်အကူ တစ်ယောက် ထောင်လေးလ ချခံရပါတယ်တဲ့။ Wee Keu Hoi (၆၇ နှစ်) ဆိုတဲ့ အမျိုးသမီးကြီးကို ပါး၊ နှာခေါင်း၊ လက်မောင်းနဲ့ ရင်သားတွေကို ဆိတ်ဆွဲခဲ့လို့ လိန်းနိုင် (၂၈နှစ်) မြန်မာအိမ်အကူကို ယခုလ ၁၁ ရက်နေက ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ Channel News Asia သတင်းက ဖော်ပြခဲ့ပါတယ်။

လိန်းနိုင်ဟာ အဆိုပါ အမျိုးသမီးကြီးအိမ်မှာ ၂၀၁၇ ခုနှစ်က စတင်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ အဆိုပါ အိမ်ရှင်အမျိုးသမီးကြီးဟာ ကျန်းမာရေးဆိုးရွားလာလို့ စင်္ကာပူအမျိုးသာတက္ကသိုလ်ဆေးရုံမှာ ကင်ဆာရောက်ဂါနောက်ဆုံးအဆင့်ဖြင့် ဆေးရုံးတက်နေပါတယ်။ လိန်းနိုင်ဟာ ၂၀၁၈ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထိုပြစ်မှုကို ကျူးလွန်ခဲ့တယ်လို့ Channel News Asia က ဖော်ပြခဲ့ပါတယ်။ လိန်းနိုင် ယင်းကဲ့သို့ ပြုလုပ်မှုကို အဆိုပါ အိမ်ရှင်အမျိုးသမီးကြီး၏ သားကနေတဆင့် ဆေးရုံကို အသိပေးးခဲ့ပြီ၊ CCTV မှတ်တမ်းတွေအရ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ အမျိုးသမီးကြီး၏ သားက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေမှာ ရဲစခန်းကို တိုင်ခဲ့ပြီး၊ ၂၃ ရက် အကြာမှာတော့ အိမ်ရှင် အမျိုးသမီးကြီး သေဆုံးခဲ့ပါတယ်။ လိန်းနိုင် ယင်းကဲ့သို့ ပြုလုပ်မှုကို ကျူးလွန်ခံရသူဟာ ကျန်းမာရေး အခြေအနေတော်တော်ဆိုးနေတဲ့အတွက် ပြန်လည်မခုခံနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ လိန်းနိုင်ကလည်း အပြစ်ရှိကြောင်းကို ဝန်ခံခဲ့ပြီး၊ အိမ်ရှင်ရဲ့ ဆူပူမှုတွေ စော်ကားမှုတွေ ကြိမ်ကြိမ်လုပ်ခဲ့တာကြောင့် ပြန်လည်တုန့်ပြန်မိတာ ဟု Channel News Asia က ဖော်ပြခဲ့ပါတယ်။

Writer – ME( Shwe Yaung Lan )

About the author

ilove

Leave a Comment