Shwe News Content 1

ဗစ္တုိးရီးယားကိစၥတြင္အလဲြအေခ်ာ္တစုံတရာရွိပါက တာဝန္ယူရမည္ဟု သမၼတရုံးေျပာေရးဆုိခြင့္ရွိသူေျပာၾကား

ဗစ္တုိးရီးယား အမႈမွာ ေနာက္ဆံုးရံုးခ်ိန္းတြင္ က်ဴးလြန္သူဟာ ကုိကုိနဲ႔ ညီညီ ျဖစ္ေၾကာင္း ကေလးငယ္ေလးမွ ထြက္ဆုိခဲ့တာာ ပရိတ္သတ္ႀကီး အသိပါပဲ။ သုိ႔ေသာ္ ယင္းအမႈႏွင့္ ပတ္သတ္ၿပီး ဒုရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ေအာင္ႏုိင္သူဟာ သမၼတရံုး သတင္းစာရွင္းလဲပဲြတြင္ ျပစ္မႈက်ဴးလြန္သူဟာ ယာဥ္ေမာင္း ေအာင္ႀကီး ျဖစ္ေၾကာင္း ကေလးငယ္ကုိယ္တုိင္က ေရြးခ်ယ္ခဲ့သည္ဟု သတင္းေထာက္မ်ားကုိ ေျပာဆုိခဲ့ပါတယ္။

အဆုိပါ အမႈႏွင့္ပတ္သတ္ၿပီး မေန႔ညက ေနျပည္ေတာ္သမၼတအိမ္ေတာ္တြင္ ျပဳလုပ္ခဲ့သည္ Press Briefing တြင္ သမၼတရံုးမွ ေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း ယခုကဲ့သုိ႔ ေျဖၾကားခဲ့ပါတယ္။ လြဲေခ်ာ္မႈေတြ တစ္စံုတစ္ရာျဖစ္ခဲ့ပါက တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္ျဖင့္ တာဝန္ခံရမည္ျဖစ္ေၾကာင္း၊ ယင္းအမႈကို အၿမဲတမ္းေစာင့္ၾကည့္ေနေၾကာင္း၊ အမႈကလည္း မၿပီးျပတ္ေသးေၾကာင္း၊ ေစာင့္ၾကည့္သင့္ေၾကာင္း၊ ဗစ္တုိးရီးယား အမႈျဖစ္ပြားခဲ့သည့္ မူႀကိဳေက်ာင္းဟာလည္း က်န္ပုဂၢလိက ေက်ာင္းေတြလုိ ပညာေရးဝန္ႀကီးဌာနေအာက္တြင္ မရွိဘဲ့ လူကယ္ျပန္ဝန္ႀကီးဌာနေအာက္တြင္ ရွိၿပီး ပညာေရးဝန္ႀကီးဌာနက သြားေရာက္စစ္ေဆးခဲ့ရာတြင္လည္း စည္းမ်ဥ္းစည္းကမ္းႏွင့္ႀကိဳက္ညီေၾကာင္း၊ ေျဖၾကားခဲ့ပါတယ္။

Writer – ME( Shwe Yaung Lan )

  • Unicode Version

ဗစ်တိုးရီးယား အမှုမှာ နောက်ဆုံးရုံးချိန်းတွင် ကျူးလွန်သူဟာ ကိုကိုနဲ့ ညီညီ ဖြစ်ကြောင်း ကလေးငယ်လေးမှ ထွက်ဆိုခဲ့တာာ ပရိတ်သတ်ကြီး အသိပါပဲ။ သို့သော် ယင်းအမှုနှင့် ပတ်သတ်ပြီး ဒုရဲချုပ် ရဲမှူးချုပ်အောင်နိုင်သူဟာ သမ္မတရုံး သတင်းစာရှင်းလဲပွဲတွင် ပြစ်မှုကျူးလွန်သူဟာ ယာဉ်မောင်း အောင်ကြီး ဖြစ်ကြောင်း ကလေးငယ်ကိုယ်တိုင်က ရွေးချယ်ခဲ့သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။

အဆိုပါ အမှုနှင့်ပတ်သတ်ပြီး မနေ့ညက နေပြည်တော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည် Press Briefing တွင် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ယခုကဲ့သို့ ဖြေကြားခဲ့ပါတယ်။ လွဲချော်မှုတွေ တစ်စုံတစ်ရာဖြစ်ခဲ့ပါက တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း၊ ယင်းအမှုကို အမြဲတမ်းစောင့်ကြည့်နေကြောင်း၊ အမှုကလည်း မပြီးပြတ်သေးကြောင်း၊ စောင့်ကြည့်သင့်ကြောင်း၊ ဗစ်တိုးရီးယား အမှုဖြစ်ပွားခဲ့သည့် မူကြိုကျောင်းဟာလည်း ကျန်ပုဂ္ဂလိက ကျောင်းတွေလို ပညာရေးဝန်ကြီးဌာနအောက်တွင် မရှိဘဲ့ လူကယ်ပြန်ဝန်ကြီးဌာနအောက်တွင် ရှိပြီး ပညာရေးဝန်ကြီးဌာနက သွားရောက်စစ်ဆေးခဲ့ရာတွင်လည်း စည်းမျဉ်းစည်းကမ်းနှင့်ကြိုက်ညီကြောင်း၊ ဖြေကြားခဲ့ပါတယ်။

Writer – ME( Shwe Yaung Lan )

About the author

ilove

Leave a Comment