Shwe News Content 1

ဝင္းနဲ႔ေဇာ္ကိစၥအတြက္ အစုိးရအေကာင္းဆုံးလုပ္ေဆာင္သြားမည္ဟု သမၼတရုံးေျပာေရးဆုိခြင့္ရွိသူေျပာၾကား

ယခုလ ၁၃ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ သမၼတရံုး သတင္းစာရွင္းလင္းပဲြတြင္ သမရံုးေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးမွ ထုိင္းႏုိင္ငံ လိပ္ကြ်န္းလူသတ္မႈမွာ တရားခံအျဖစ္ စြပ္စြဲခံေနရေသာ ျမန္မာလူငယ္ႏွစ္ဦးကုိ အစိုးရအေနနဲ႔အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္သြားမည္ဟု ေျပာၾကားခဲ့ပါတယ္။

ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီးကလည္း လိပ္ကြ်န္းအမႈနဲ႔ပတ္သတ္ၿပီး ဝင္းနဲ႔ေဇာ္တုိ႔အေပၚမွာ ျပစ္ဒဏ္ေလ်ာ့ေရး သနားခံစာတင္ဖို႔ ထုိင္းေရွ႕ေနမ်ားေကာင္စီနဲ႔ အစုိးရတာဝန္ရွိသူေတြ ေတြ့ဆံုေဆြးေႏြးၿပီး ျမန္မာအစုိးရထံ အေသးစိတ္ျပန္လည္တင္ျပမည္ျဖစ္ေၾကာင္း၊ ၄င္းတုိ႔ ၂ ဦးအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္ ေမတၱာရပ္ခံခ်က္ Statement ထုတ္ရံုျဖင့္ ေျပလည္မည့္ အမႈလုိ႔ မယူဆေၾကာင္း၊ တရားရံုးအဆင့္ဆင့္ျဖတ္သန္းခဲ့ၿပီး High Court ေတာင္မွ ေနာက္ဆံုးအေျခအေနမွာ ပယ္ခ်ခဲ့တဲ့ ကိစၥျဖစ္ေၾကာင့္ ထိေရာက္တဲ့ လုပ္ေဆာင္ခ်က္မ်ားျဖင့္သာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ယင္းအျပင္ ထုိင္းႏုိင္ငံမွာ ထုိကဲ့သုိ႔ ျဖစ္စဥ္မ်ားကုိ ေလ့လာေရးအဖဲြမ်ားျဖင့္ ေလ့လာေနေၾကာင္း၊ ယင္းအဖဲြ႔မ်ားမွာလည္း တရားဝင္မဟုတ္ဘဲ ဖဲြ႔စည္းခဲ့တာျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္။

ထိုင္းေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္ ခိုေတာင္ကြၽန္း(လိပ္ကြၽန္း) မွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလက ၿဗိတိန္ ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး ဝင္းနဲ႔ ေဇာ္ဟာ အဖမ္းခံခဲ့ရပါတယ္။ သူတုိ႔ ၂ ဦး က်ဴးလြန္ခဲ့တာ ျဖစ္တယ္လို႔ ထုိင္းရဲေတြသက္ေသေတြဟာ ခုိင္လံုမႈမရွိဘူးလို႔ ေဝဖန္မႈမ်ားတဲ့ အမႈတစ္ခုလည္း ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံအတြင္း တရားမဝင္ ဝင္ေရာက္မႈ၊ အဓမၼျပဳက်င့္မႈ၊ ပစၥည္းခုိးမႈႏွင့္ လူသတ္မႈမ်ားျဖင့္ ဖမ္းဆီးခံခဲ့ရပါတယ္။

ျမန္မာႏုိင္ငံသားမ်ား အျပင္ တစ္ကမၻာလံုးပါ စိတ္ဝင္စားခဲ့တယ္ အမႈဆုိရင္လည္း မမွားပါဘူး။ သုိ႕ေပမယ့္လည္း ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလမွာ ေကာ့စမြီခ႐ိုင္ တရား႐ုံးမွ ေသဒဏ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ဝင္းနဲ႔ ေဇာ္အတြက္ အယူခံဝင္ခဲ့ေပမယ့္ ယခုလ ၂၉ ရက္ေန႔မွာေတာ့ ထုိင္းတရားခ်ဳပ္ရံုးက မူလအမိန္းအတုိင္းပဲ အယူခံပယ္ခ်ၿပီး ေသဒဏ္ကုိ ခ်မွတ္ခဲ့ပါတယ္။ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ျမန္မာႏုိင္ငံသား ေတာ္ေတာ္မ်ားမ်ားဟာ ႀကိတ္မႏုိင္ခဲမရျဖစ္ေနၾကတာလည္း ရွိပါတယ္။ ဒီအမႈမွာ တရားမွ်တမႈ မရွိဘူးလုိ႔ သံုးသပ္ၾကတာဟာ ျမန္မာႏုိင္ငံသားမ်ားသာမက၊ တစ္ကမၻာလံုးကပါ မမွန္ကန္တဲ့ အမႈလုိ႔ သံုးသပ္ထားၾကပါတယ္။

Writer – ME( Shwe Yaung Lan )

  • Unicode Version

ယခုလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံနေရသော မြန်မာလူငယ်နှစ်ဦးကို အစိုးရအနေနဲ့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း လိပ်ကျွန်းအမှုနဲ့ပတ်သတ်ပြီး ဝင်းနဲ့ဇော်တို့အပေါ်မှာ ပြစ်ဒဏ်လျော့ရေး သနားခံစာတင်ဖို့ ထိုင်းရှေ့နေများကောင်စီနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာအစိုးရထံ အသေးစိတ်ပြန်လည်တင်ပြမည်ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မေတ္တာရပ်ခံချက် Statement ထုတ်ရုံဖြင့် ပြေလည်မည့် အမှုလို့ မယူဆကြောင်း၊ တရားရုံးအဆင့်ဆင့်ဖြတ်သန်းခဲ့ပြီး High Court တောင်မှ နောက်ဆုံးအခြေအနေမှာ ပယ်ချခဲ့တဲ့ ကိစ္စဖြစ်ကြောင့် ထိရောက်တဲ့ လုပ်ဆောင်ချက်များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ထိုင်းနိုင်ငံမှာ ထိုကဲ့သို့ ဖြစ်စဉ်များကို လေ့လာရေးအဖွဲများဖြင့် လေ့လာနေကြောင်း၊ ယင်းအဖွဲ့များမှာလည်း တရားဝင်မဟုတ်ဘဲ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း) မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဝင်းနဲ့ ဇော်ဟာ အဖမ်းခံခဲ့ရပါတယ်။ သူတို့ ၂ ဦး ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတွေသက်သေတွေဟာ ခိုင်လုံမှုမရှိဘူးလို့ ဝေဖန်မှုများတဲ့ အမှုတစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှုနှင့် လူသတ်မှုများဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံသားများ အပြင် တစ်ကမ္ဘာလုံးပါ စိတ်ဝင်စားခဲ့တယ် အမှုဆိုရင်လည်း မမှားပါဘူး။ သို့ပေမယ့်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ကော့စမွီခရိုင် တရားရုံးမှ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝင်းနဲ့ ဇော်အတွက် အယူခံဝင်ခဲ့ပေမယ့် ယခုလ ၂၉ ရက်နေ့မှာတော့ ထိုင်းတရားချုပ်ရုံးက မူလအမိန်းအတိုင်းပဲ အယူခံပယ်ချပြီး သေဒဏ်ကို ချမှတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံသား တော်တော်များများဟာ ကြိတ်မနိုင်ခဲမရဖြစ်နေကြတာလည်း ရှိပါတယ်။ ဒီအမှုမှာ တရားမျှတမှု မရှိဘူးလို့ သုံးသပ်ကြတာဟာ မြန်မာနိုင်ငံသားများသာမက၊ တစ်ကမ္ဘာလုံးကပါ မမှန်ကန်တဲ့ အမှုလို့ သုံးသပ်ထားကြပါတယ်။

Writer – ME( Shwe Yaung Lan )

About the author

ilove

Leave a Comment