Shwe News Content 1

ဗုဒၶဘာသာနည္းပါးတဲ့ရြာေလးမွာ မ်က္စိမျမင္ပဲတစ္ကုိယ္တည္းသတင္းသုံးေနရတဲ့ ဘုန္းဘုန္း

စကၡဳအာရံု ဆံုးရွႈံးသြားေပမယ့္လည္း သာသနာအက်ိဳးကို ထမ္းပိုးေနတဲ့ ဘုန္းဘုန္း တစ္ပါးအေၾကာင္းကုိ Ma Zin Zin ဆုိသူ တစ္ေယာက္က ယခုကဲ့သုိ႔ တင္ထားပါတယ္။

မေကြးတိုင္း ဂန္႔ေဂါျမိဳ႕နယ္ လက္ဝဲကုန္းရြာ မ်က္စိ လံုးဝကြယ္သြားျပီျဖစ္တဲ႔ လက္ဝဲကုန္းဘုန္းဘုန္းရဲ႕ ဒုကၡ က မေသးလွပါဘူး— ဘုန္းဘုန္း လုပ္ခ်င္တဲ႔မိန္႔ထားတာေလးေတြ သြားပို႔တယ္ ဆြမ္းခ်ိဳင့္ ပါသြားေတာ့ ဘုန္းေပးနွင့္ပီးပီတဲ႔ ဆြမ္းဟင္းကိုႀကည့္လိုက္ေတာ့ ပဲပုတ္ေထာင္းနဲ႔ခဝဲသီး (2)မယ္ ျပန္ဘုန္းေပးအုန္းမယ္မိန္႔လို႔ ပါလာတဲ႔ဆြမ္းခ်ိဳင့္ အခ်ိဳပြဲကပ္ ေနတုန္း ရြာသားတစ္ေယာက္ေရာက္လာတယ္

မနက္က ဘုန္းဘုန္းရယ္ အေနာက္ႀကမ္းျပင္းက က်မလိုျဖစ္တယ္တဲ႔ ေက်ာင္းထဲစမ္းဝင္တာ အကာကြါေနတဲ႔ ဘက္ကိုသြားမိျပီး ေလထဲ ေျခေတာက္တစ္ေခ်ာင္းေရာက္သြားတာ သူျမင္လိုက္တဲ႔ခ်ိန္ က်ေတာ့မလိုျဖစ္ေနျပီတဲ႔ ေျပးျပီး ခါးကိုဖက္ အတင္းဆြဲပလိုက္လို႔ မက်တာတဲ႔ မေန႔ကေတာ့ ကုဋီက အျပန္ ေက်ာင္းေပၚတက္တာ ကားလမ္းမကိုေရာက္သြားျပီး လမ္းမေပၚမွာေျခကားယားလက္ကားယားစမ္းေနတာ ခရစ္ယာန္အမ်ိဳးသမီးတစ္ေယာက္နဲ႔ေတြ႔ျပီး ေမးေတာ့ ေက်ာင္းေပၚတက္မလို႔ လို႔ေျပာသတဲ႔

အဲဒါနဲ႔ အဲဒီအမ်ိဳးသမီးကပဲ ေက်ာင္းေပၚတင္ေပးထားခဲ႔ရတယ္တဲ႔ စိတ္မေကာင္းလြန္းလို႔ မ်က္ရည္ပါ က်မိတယ္

ဒါနဲ႔ ခ်က္ခ်င္း ရြာကိုဖုန္းဆက္ သံယူလာခဲ႔ပါဆိုေတာ့ ေက်ာင္းႀကီးဘုန္းဘုန္းပါ လိုက္လာျပီး ပ်ဥ္ျပားနဲ႔ အကာေတြရိုက္ ေရပိုက္ပ်က္တာျပင္ မီးသီးပ်က္တာေတြျပင္ ေက်ာင္းသန္႔ရွင္းေရးေတြလုပ္ ထားခဲ႔တယ္ ဘုန္းဘုန္းနဲ႔စကားေတြေျပာရင္း က်န္းမာေရးအရ ေအာက္ထပ္မွာ ေျပာင္းျပီးသီတင္သုံးရင္ ေကာင္းမယ္ ဆိုေတာ့ ေျပာင္းခ်င္တယ္တဲ႔ ေက်ာင္းေစာင့္ေလးရွိရင္ေကာင္းေပမဲ႔ လူနည္းစုဆိုေတာ့အဆင္မေျပတဲ႔ ညအိပ္ေစာင့္ေပးတဲ႔သူေတာ့ လာတယ္တဲ႔

အရင္က ရိပ္ရိပ္ေလးျမင္တယ္တဲ႔ ခု ဘာမွကိုမျမင္ရေတာ့တာတဲ႔ မင္းဘူး ကေလးျမိဳ႕ ထီးေဆာင္းေတြလည္း သြားကုျပီးျပီ မင္းဘူးကေတာ့ မရေတာ့ဘူးလို႔ေျပာလိုက္တာတဲ႔ သက္ေတာ္ (73)နွစ္ ဗုဒၶဘာသာ (9)အိမ္သာရွိတဲ႔ရြာေလးမွာ မ်က္စိမျမင္ပဲ တစ္ပါးတည္းသီတင္းသံုးရတာ ေတာ္ေတာ္ကို အဆင္မေျပျဖစ္ေနတယ္ ရွင္

ေက်ာင္းေအာက္ထပ္ကို ျပဳျပင္ျပီး ေရခ်ိဳး ကုဋီတက္ အိပ္ေရး ေနေရး စားေရး အဆင္ေျပေအာင္ စီစဥ္ေပးခ်င္ပါတယ္ရွင္ အႀကံဥာဏ္ေလး အကူညီေလးေပးႀကပါအုန္းရွင္ က်မေတာ့ေလ စိတ္အႀကီးႀကီးေတြ ညစ္လာခဲ႔ေတာ့တာရွင္

ပရိတ္သတ္ႀကီးေရ ဘုန္းဘုန္းကုိ ေအးခ်မ္းစြာ သာသနာျပဳႏုိင္ဖို႔ ကူညီၾကရေအာင္ေနာ္။

Writer – ME( Shwe Yaung Lan )

  • Unicode Version

စက္ခုအာရုံ ဆုံးရှှုံးသွားပေမယ့်လည်း သာသနာအကျိုးကို ထမ်းပိုးနေတဲ့ ဘုန်းဘုန်း တစ်ပါးအကြောင်းကို Ma Zin Zin ဆိုသူ တစ်ယောက်က ယခုကဲ့သို့ တင်ထားပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် လက်ဝဲကုန်းရွာ မျက်စိ လုံးဝကွယ်သွားပြီဖြစ်တဲ့ လက်ဝဲကုန်းဘုန်းဘုန်းရဲ့ ဒုက္ခ က မသေးလှပါဘူး— ဘုန်းဘုန်း လုပ်ချင်တဲ့မိန့်ထားတာလေးတွေ သွားပို့တယ် ဆွမ်းချိုင့် ပါသွားတော့ ဘုန်းပေးနှင့်ပီးပီတဲ့ ဆွမ်းဟင်းကိုကြည့်လိုက်တော့ ပဲပုတ်ထောင်းနဲ့ခဝဲသီး (2)မယ် ပြန်ဘုန်းပေးအုန်းမယ်မိန့်လို့ ပါလာတဲ့ဆွမ်းချိုင့် အချိုပွဲကပ် နေတုန်း ရွာသားတစ်ယောက်ရောက်လာတယ်

မနက်က ဘုန်းဘုန်းရယ် အနောက်ကြမ်းပြင်းက ကျမလိုဖြစ်တယ်တဲ့ ကျောင်းထဲစမ်းဝင်တာ အကာကွါနေတဲ့ ဘက်ကိုသွားမိပြီး လေထဲ ခြေတောက်တစ်ချောင်းရောက်သွားတာ သူမြင်လိုက်တဲ့ချိန် ကျတော့မလိုဖြစ်နေပြီတဲ့ ပြေးပြီး ခါးကိုဖက် အတင်းဆွဲပလိုက်လို့ မကျတာတဲ့ မနေ့ကတော့ ကုဋီက အပြန် ကျောင်းပေါ်တက်တာ ကားလမ်းမကိုရောက်သွားပြီး လမ်းမပေါ်မှာခြေကားယားလက်ကားယားစမ်းနေတာ ခရစ်ယာန်အမျိုးသမီးတစ်ယောက်နဲ့တွေ့ပြီး မေးတော့ ကျောင်းပေါ်တက်မလို့ လို့ပြောသတဲ့

အဲဒါနဲ့ အဲဒီအမျိုးသမီးကပဲ ကျောင်းပေါ်တင်ပေးထားခဲ့ရတယ်တဲ့ စိတ်မကောင်းလွန်းလို့ မျက်ရည်ပါ ကျမိတယ်

ဒါနဲ့ ချက်ချင်း ရွာကိုဖုန်းဆက် သံယူလာခဲ့ပါဆိုတော့ ကျောင်းကြီးဘုန်းဘုန်းပါ လိုက်လာပြီး ပျဉ်ပြားနဲ့ အကာတွေရိုက် ရေပိုက်ပျက်တာပြင် မီးသီးပျက်တာတွေပြင် ကျောင်းသန့်ရှင်းရေးတွေလုပ် ထားခဲ့တယ် ဘုန်းဘုန်းနဲ့စကားတွေပြောရင်း ကျန်းမာရေးအရ အောက်ထပ်မှာ ပြောင်းပြီးသီတင်သုံးရင် ကောင်းမယ် ဆိုတော့ ပြောင်းချင်တယ်တဲ့ ကျောင်းစောင့်လေးရှိရင်ကောင်းပေမဲ့ လူနည်းစုဆိုတော့အဆင်မပြေတဲ့ ညအိပ်စောင့်ပေးတဲ့သူတော့ လာတယ်တဲ့

အရင်က ရိပ်ရိပ်လေးမြင်တယ်တဲ့ ခု ဘာမှကိုမမြင်ရတော့တာတဲ့ မင်းဘူး ကလေးမြို့ ထီးဆောင်းတွေလည်း သွားကုပြီးပြီ မင်းဘူးကတော့ မရတော့ဘူးလို့ပြောလိုက်တာတဲ့ သက်တော် (73)နှစ် ဗုဒ္ဓဘာသာ (9)အိမ်သာရှိတဲ့ရွာလေးမှာ မျက်စိမမြင်ပဲ တစ်ပါးတည်းသီတင်းသုံးရတာ တော်တော်ကို အဆင်မပြေဖြစ်နေတယ် ရှင်

ကျောင်းအောက်ထပ်ကို ပြုပြင်ပြီး ရေချိုး ကုဋီတက် အိပ်ရေး နေရေး စားရေး အဆင်ပြေအောင် စီစဉ်ပေးချင်ပါတယ်ရှင် အကြံဉာဏ်လေး အကူညီလေးပေးကြပါအုန်းရှင် ကျမတော့လေ စိတ်အကြီးကြီးတွေ ညစ်လာခဲ့တော့တာရှင်

ပရိတ်သတ်ကြီးရေ ဘုန်းဘုန်းကို အေးချမ်းစွာ သာသနာပြုနိုင်ဖို့ ကူညီကြရအောင်နော်။

Writer – ME( Shwe Yaung Lan )

About the author

ilove

Leave a Comment