Shwe News Content 2

မ်က္လုံးကြယ္ေနတဲ့မိခင္ကုိ ေဆးရုံပုိ႔ေပးမယ္ဆုိျပီး စြန္႔ပစ္ခဲ့တဲ့ျဖစ္ရပ္ တာခ်ီလိတ္တြင္ျဖစ္ပြား

ျမန္မာ သမိုင္းဇာတ္ေတာ္ေတြထဲက ရွင္ေမာဂၢလန္ လူ႕ဘဝတုန္းက မိဘျဖစ္သူေတြကို ေဆြမ်ိဳးေတြဆီ အလည္သြားရေအာင္ဆိုျပီး ေတာလမ္းတစ္ေနရာ
အေရာက္မွာ သူခိုး၊ဓားျပေတြ လာျပီဆိုျပီး မိဘအရင္းေတြကို ရိုက္နွက္စြန္႔ပစ္ခဲ့တဲ့ အေၾကာင္းကို အားလံုး ၾကားဖူးၾကမွာပါ။ အဲ့ဒီအေၾကာင္းကိုေတာင္ အဆိုေတာ္
ခြန္ေပါရမ္းက သီခ်င္းလုပ္ဆိုထားပါေသးတယ္။

လူေတြဟာ ငယ္ငယ္တုန္းက ေကြ်းေမြးခဲ့တဲ့ ေမတၱာကိုမွ မေထာက္ပဲ မိဘေတြကို စြန္႔ပစ္က်ဖို႔ ဝန္မေလးၾကတာ ေတာ္ေတာ္ စိတ္မေကာင္းစရာပါ။ အခုလည္း
တာခ်ီလိတ္မွာ မ်က္မျမင္တဲ့ မိဘကို ထိုင္းမွာ ေဆးကုေပးမယ္ဆုိျပီး လိမ္ေခၚလို႔ လမ္းမွာ စြန္ပစ္ခဲ့တဲ့ အေၾကာင္းေလးတစ္ခုကို အားလံုး သိေအာင္ မွ်ေဝေပး
ခ်င္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ လူမႈကြန္ရက္ အသံုးျပဳသူ ကိုေဇာ္ ဆိုသူက တင္ျပလာတာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ လူမႈကရုဏာအသင္းဥကၠဌ ကိုစိုင္းမွ ကၽြန္ေတာ္တို႔ ကလ်ာဏမိတၱ ရွင္မႈကူညီေရးအသင္းအားအကူညီေတာင္းလာပါတယ္။

ကဲ ၾကားလို႔မွေကာင္းၾကေသးရဲ႕လား အရပ္တို႔ေရ႕…ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံကို ေဆးသြားကုေပးမယ္ဆိုၿပီး သားသမီးမ်ားက မ်က္စိႏွစ္ဖက္ကန္းေနေသာ အနႏၲဂုိင္းဝင္ ေက်းဇူးရွင္ ေမြးမိခင္ႀကီးအား ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ခရစ္ယာန္ဘုရားေက်ာင္းနားမွာ အေမ ေဆးရုံေရာက္ၿပီေနာ္ ခဏေန ဆရာ ဆရာမေတြလာလိတ္မယ္ဆိုၿပီး ရက္စက္စြာစြန္႔ပစ္သြားတာလို႔ေျပာပါတယ္…..။

ေဒၚ နန္းလူ ရုမ္းတိုင္းရင္းသူ ဗုဒၶဘာသာကိုးကြယ္သူသည္ ျမန္မာႏိုင္ငံ မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းတြင္း ဖားဟရြာမွာေနထိုင္တယ္သိရပါတယ္။ အေမကို အိမ္ျပန္ပို႔ေပးပါဆိုေျပာေတာ့ ကၽြန္ေတာ့စိတ္ထဲမွာ ဘယ္လိုခံစားရမွန္း မသိဘူးဗ်ာ ကၽြန္ေတာ္က မိုင္းတြင္း ကားဆရာကို အကူညီေတာင္းၿပီး ကားခကိုႏွစ္ဆေပးလိုက္ပါတယ္ ည၈နာရီ အခ်ိန္တြင္ကားဆရာ ကၽြန္ေတာ့္ဆီဖုန္းဆက္ေတာ့ အကိုေရ႕ အဘြားအိမ္ျပန္ေရာက္ၿပီလို႔ေျပာတယ္ ရြာ ဥကၠဌပါတယ္ဆိုေတာ့ ကၽြန္ေတာ္ အတိုင္းမသိ အရမ္းဝမ္းသာတယ္…..။

မိဘမ်ားသည္ သားသမိးမ်ား၏ စြန္႔ပစ္ခံဘဝမွ ကင္းေဝးၾကပါေစ…..။

ဆုေတာင္းလ်က္

ကိုေဇာ္

#ကလ်ာဏမိတၱ ရွင္မႈကူညီေရးအသင္း(တာခ်ီလိတ္ၿမိဳ႕) #Myanmar_Online_News
#လူမႈကရုဏာအသင္း #ထိုင္းႏိုင္ငံ #မယ္ဆိုင္ၿမိဳ႕

မိဘမ်ား အားလံုး သားသမီးမ်ားမိဘကို စြန္႔ပစ္ျခင္းမွ ကင္းေဝးၾကပါေစ။

Writer- SMT(Shwe Yaung Lan)

  • Unicode Version

မြန်မာ သမိုင်းဇာတ်တော်တွေထဲက ရှင်မောဂ္ဂလန် လူ့ဘဝတုန်းက မိဘဖြစ်သူတွေကို ဆွေမျိုးတွေဆီ အလည်သွားရအောင်ဆိုပြီး တောလမ်းတစ်နေရာ
အရောက်မှာ သူခိုး၊ဓားပြတွေ လာပြီဆိုပြီး မိဘအရင်းတွေကို ရိုက်နှက်စွန့်ပစ်ခဲ့တဲ့ အကြောင်းကို အားလုံး ကြားဖူးကြမှာပါ။ အဲ့ဒီအကြောင်းကိုတောင် အဆိုတော်
ခွန်ပေါရမ်းက သီချင်းလုပ်ဆိုထားပါသေးတယ်။

လူတွေဟာ ငယ်ငယ်တုန်းက ကျွေးမွေးခဲ့တဲ့ မေတ္တာကိုမှ မထောက်ပဲ မိဘတွေကို စွန့်ပစ်ကျဖို့ ဝန်မလေးကြတာ တော်တော် စိတ်မကောင်းစရာပါ။ အခုလည်း
တာချီလိတ်မှာ မျက်မမြင်တဲ့ မိဘကို ထိုင်းမှာ ဆေးကုပေးမယ်ဆိုပြီး လိမ်ခေါ်လို့ လမ်းမှာ စွန်ပစ်ခဲ့တဲ့ အကြောင်းလေးတစ်ခုကို အားလုံး သိအောင် မျှဝေပေး
ချင်ပါတယ်။ ဒီအကြောင်းကိုတော့ လူမှုကွန်ရက် အသုံးပြုသူ ကိုဇော် ဆိုသူက တင်ပြလာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ လူမှုကရုဏာအသင်းဥက္ကဌ ကိုစိုင်းမှ ကျွန်တော်တို့ ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်းအားအကူညီတောင်းလာပါတယ်။

ကဲ ကြားလို့မှကောင်းကြသေးရဲ့လား အရပ်တို့ရေ့…မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို ဆေးသွားကုပေးမယ်ဆိုပြီး သားသမီးများက မျက်စိနှစ်ဖက်ကန်းနေသော အနန္တဂိုင်းဝင် ကျေးဇူးရှင် မွေးမိခင်ကြီးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ခရစ်ယာန်ဘုရားကျောင်းနားမှာ အမေ ဆေးရုံရောက်ပြီနော် ခဏနေ ဆရာ ဆရာမတွေလာလိတ်မယ်ဆိုပြီး ရက်စက်စွာစွန့်ပစ်သွားတာလို့ပြောပါတယ်…..။

ဒေါ် နန်းလူ ရုမ်းတိုင်းရင်းသူ ဗုဒ္ဓဘာသာကိုးကွယ်သူသည် မြန်မာနိုင်ငံ မိုင်းဆတ်မြို့နယ် မိုင်းတွင်း ဖားဟရွာမှာနေထိုင်တယ်သိရပါတယ်။ အမေကို အိမ်ပြန်ပို့ပေးပါဆိုပြောတော့ ကျွန်တော့စိတ်ထဲမှာ ဘယ်လိုခံစားရမှန်း မသိဘူးဗျာ ကျွန်တော်က မိုင်းတွင်း ကားဆရာကို အကူညီတောင်းပြီး ကားခကိုနှစ်ဆပေးလိုက်ပါတယ် ည၈နာရီ အချိန်တွင်ကားဆရာ ကျွန်တော့်ဆီဖုန်းဆက်တော့ အကိုရေ့ အဘွားအိမ်ပြန်ရောက်ပြီလို့ပြောတယ် ရွာ ဥက္ကဌပါတယ်ဆိုတော့ ကျွန်တော် အတိုင်းမသိ အရမ်းဝမ်းသာတယ်…..။

မိဘများသည် သားသမိးများ၏ စွန့်ပစ်ခံဘဝမှ ကင်းဝေးကြပါစေ…..။

ဆုတောင်းလျက်

ကိုဇော်

#ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်း(တာချီလိတ်မြို့) #Myanmar_Online_News
#လူမှုကရုဏာအသင်း #ထိုင်းနိုင်ငံ #မယ်ဆိုင်မြို့

မိဘများ အားလုံး သားသမီးများမိဘကို စွန့်ပစ်ခြင်းမှ ကင်းဝေးကြပါစေ။

Writer- SMT(Shwe Yaung Lan)

About the author

Crypoetess

Leave a Comment