Shwe News Content 2

သိန္း ၃၀၀ ဖုိးအကုန္ခံျပီး ျပည္သူေတသြားလာေရးအဆင္ေျပေစဖုိ႔လမ္းခင္းေပးတဲ့အလွဴရွင္

( Video ဖိုင္ကို ေအာက္ဆံုးမွာတြဲျပီး တင္ေပးထားပါတယ္ )

အလွဴတကာ့ အလွဴထဲမွာ အျမတ္ဆံုး အလွဴဟာ အမ်ားအဆင္ေျပေစဖို႔ ၾကည္ျဖဴစြာ ေပးလွဴတဲ့ အလွဴပဲျဖစ္ပါတယ္။ အထူးသျဖင့္ လမ္း၊ တံတား ၊ အေဆာက္
အဦ မ်ားကို ေပးလွဴသူေတြက ပိုလို႔ပင္ ျမတ္တယ္လို႔ ဆိုၾကပါတယ္။

အခုတစ္ခါမွာေတာ့ အမ်ားအဆင္ေျပေစဖို႔အတြက္ ေခြ်းနဲစာကို စုျပီးလမ္းခင္းေပးလိုက္တဲ့ ျမဝတီ ျမိဳ႕က အလွဴရွင္ တစ္ဦးအေၾကာင္းကို ေျပာျပခ်င္လို႔ပါ။

အလွဴရွင္အမည္ကေတာ့ ေဒၚခင္ၾကဴတာလို႔ ေခၚျပီးေတာ့ ျမဝတီၿမိဳ႕ အမွတ္​(၄)ရပ္​ကြက္ မွာ ေနထိုင္သူျဖစ္ျပီး ထိပ္တန္းစားေသာက္ဆိုင္ ပိုင္ရွင္လည္း ျဖစ္ပါ
တယ္။ သူမဟာ အခုလို မိုးရာသီမွာ လမ္းေတြပ်က္တာ ၊ ဗြက္ထတာကို ျမင္ရျပီးေတာ့ ေက်ာင္းသား ေက်ာင္းသူေလးေတြနဲ႔ အမ်ားသူငါ လမ္းခရီးခက္ခဲေနတာ
မို႔ သူမရဲ႕ ေခြ်းနဲစာထဲကေန သိန္း ၃၀၀ အကုန္အက်ခံျပီး လမ္းကို ျပန္ျပင္ေပးခဲ့တာျဖစ္ပါတယ္တဲ့ ။ သာဓု သာဓု ေခၚပါတယ္။

လမ္းအက်ယ္ ကေတာ့ 22 ေပ ရွိျပီး အရွည္က ေပ 700 ေလာက္ရွိတယ္လို႔ သိရပါတယ္. ..အားလံုးပဲ အခုလို မြန္ျမတ္တဲ့ အလွဴရွင္ရဲ႕ အလွဴကို သာဓု
ေခၚဆိုနိုင္ဖုိ႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

  • ရုပ္သံဖိုင္အားၾကည့္ရန္ နွိပ္ပါ

Writer- SMT(Shwe Yaung Lan)

  • Unicode Version

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

အလှူတကာ့ အလှူထဲမှာ အမြတ်ဆုံး အလှူဟာ အများအဆင်ပြေစေဖို့ ကြည်ဖြူစွာ ပေးလှူတဲ့ အလှူပဲဖြစ်ပါတယ်။ အထူးသဖြင့် လမ်း၊ တံတား ၊ အဆောက်
အဦ များကို ပေးလှူသူတွေက ပိုလို့ပင် မြတ်တယ်လို့ ဆိုကြပါတယ်။

အခုတစ်ခါမှာတော့ အများအဆင်ပြေစေဖို့အတွက် ချွေးနဲစာကို စုပြီးလမ်းခင်းပေးလိုက်တဲ့ မြဝတီ မြို့က အလှူရှင် တစ်ဦးအကြောင်းကို ပြောပြချင်လို့ပါ။

အလှူရှင်အမည်ကတော့ ဒေါ်ခင်ကြူတာလို့ ခေါ်ပြီးတော့ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မှာ နေထိုင်သူဖြစ်ပြီး ထိပ်တန်းစားသောက်ဆိုင် ပိုင်ရှင်လည်း ဖြစ်ပါ
တယ်။ သူမဟာ အခုလို မိုးရာသီမှာ လမ်းတွေပျက်တာ ၊ ဗွက်ထတာကို မြင်ရပြီးတော့ ကျောင်းသား ကျောင်းသူလေးတွေနဲ့ အများသူငါ လမ်းခရီးခက်ခဲနေတာ
မို့ သူမရဲ့ ချွေးနဲစာထဲကနေ သိန်း ၃၀၀ အကုန်အကျခံပြီး လမ်းကို ပြန်ပြင်ပေးခဲ့တာဖြစ်ပါတယ်တဲ့ ။ သာဓု သာဓု ခေါ်ပါတယ်။

လမ်းအကျယ် ကတော့ 22 ပေ ရှိပြီး အရှည်က ပေ 700 လောက်ရှိတယ်လို့ သိရပါတယ်. ..အားလုံးပဲ အခုလို မွန်မြတ်တဲ့ အလှူရှင်ရဲ့ အလှူကို သာဓု
ခေါ်ဆိုနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

  • ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)

About the author

Crypoetess

Leave a Comment