Shwe News Content 2
အခွန်အခတွေကြောင့် တရုတ်လီလီပန်းတွေကို မယှဉ်ပြိုင်နိုင်ဖြစ်နေတယ်လို့ညည်းတွားလာတဲ့ လွင်မိုး
အထူးသဖြင့်တော့ အခွန်အခအားဖြင့် မစိုက်ရသေးခင်မှာပင် ၂၂ ရာခိုင်နှုန်း ပေးထားရပြီးတော့ ပန်းပင်လေးတွေ ဖြစ်လာတော့လည်း တရုတ်က လီလီပန်းတွေ
source- MC
  • Unicode Version
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
နိုင်ငံကျော် သရုပ်ဆောင် ဖြစ်တဲ့ သရုပ်ဆောင် လွင်မိုးကို ဟာ ဆိုရင် တောရောမြို့ပါ အားပေးကြတဲ့ ပရိသတ်ကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်
တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ရုပ်ကျရာ ပီပြင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း ပရိသတ်က ပိုမိုချစ်ခင်အားပေးကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ သူဟာ အသက်အရွယ်အားဖြင့်လည်း ကြီးရင့်သွားပြီ ဖြစ်တာကြောင့် ဇာတ်ကားတွေကို ရိုက်ကူးခြင်းမှာ ကျဲသွားပေမယ့် သူဟာ မိသားစု စီးပွား
ရေးဖြစ်တဲ့ လီလီပန်း စိုက်ပျိုးပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။
သရုပ်ဆောင် လွင်မိုးရဲ့ လီလီပန်းခင်းတွေဟာဆိုရင် သွားရောက်လည်ပတ်ပြီး ဓာတ်ပုံ ရိုက်ကူးကြသူတွေ ရှိသလို ၊ နာမည်ရတဲ့ ပန်းတွေလည်း ဖြစ်ပါတယ်။
သို့သော် အခုအခါမှာတော့ လွင်မိုးရဲ့ လီလီပန်းတွေ အတွက် အတော်လေး ရုန်းကန်နေရတဲ့အကြောင်းနဲ့ တရုတ် လီလီပန်းတွေကို မယှဉ်နိုင်တဲ့ အကြောင်းကို
အင်တာဗျူး တစ်ခုမှာ အခုလိုပဲ ရှင်းပြလာပါတယ်.။
အထူးသဖြင့်တော့ အခွန်အခအားဖြင့် မစိုက်ရေသေးခင်မှာပင် ၂၂ ရာခိုင်နှုန်း ပေးထားရပြီးတော့ ပန်းပင်လေးတွေ ဖြစ်လာတော့လည်း တရုတ်က လီလီပန်းတွေ
ကို ဈေးကွက်အရ မယှဉ်နိုင်တာကြောင့် ဆက်လက် စိုက်ပျိုးဖို့ကိုတော့ ချင့်ချိန်နေရတယ်လို့ ဆိုပါတယ်..။
အပြည့်အစုံကိုတော့ ရုပ်သံဖိုင်မှာ နားဆင်ကြည့်နိုင်ပါတယ်နော်..။
  • ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ
Writer- SMT(Shwe Yaung Lan )
source- MC
About the author
Crypoetess
Leave a Comment