Shwe News Content 1

Shwe FM က ၂၀၁၉ အတြက္ ဆုခ်ီးျမႇင့္ခဲ့တဲ့ အဆုိေတာ္ ၇ ဦးထြက္ေပၚလာပါၿပီ

ပရိသတ္ႀကီးေရ ခုဆိုရင္ ပရိသတ္ႀကီးတို႔ က်ေနာ္တုိ႔ နားဆင္ေနၾကျဖစ္တဲ့ Shwe FM ဟာ ၁၀ ႏွစ္တိုင္ခဲ့ၿပီ ျဖစ္ပါတယ္…. ၁၀ ႏွစ္ျပည့္ ႏွစ္ပတ္လည္ပြဲႀကီးကို မေန႔က ရက္ေန႔မွာ က်င္းပျပဳလုပ္ခဲ့ၿပီးေတာ့ အဲဒီပြဲမွာ ၂၀၁၉ ခုႏွစ္အတြက္ အဆိုေတာ္ေတးသံရွင္ေတြကိုလည္း Shwe FM ကေန ဆုခ်ီးျမႇင့္ခဲ့ပါတယ္…ဘယ္သူေတြ ဘာဆုရသြားလဲဆိုတာကေတာ့ ေအာက္မွာ ဆက္ဖတ္ၾကည့္ေနာ္…..

ShweFM ရဲ႕ ၂၀၁၉ခုနွစ္ ႏွစ္ပတ္လည္ပြဲမွာ ဆုရရွိသြားတဲ့ အဆိုေတာ္ ၇ ဦးရွိပါတယ္… သူတို႔ကေတာ့ ပရိသတ္ေတြႏႈတ္ဖ်ား သူ႕သီခ်င္းေတြအၿမဲရြတ္ခဲ့ၾကတဲ့ အဆိုေတာ္ မေနာ၊ Myanmar Idol ဆုရွင္ေလး ၿဖိဳးျမတ္ေအာင္၊ အသံပါဝါေကာင္းေကာင္းနဲ႔ အိုင္းရင္း ဇင္မာျမင့္ ၊ ေကာင္းေကာင္း၊ အခ်စ္ကလိုက္လို႔ေျပးတာလားဆိုတဲ့ ခ်ယ္ရီသင္း နဲ႔ ဆယ္ေက်ာ္သက္ႏႈတ္ခမ္းနီမေလးတို႔ရဲ႕ အသည္းစြဲ အုပ္စိုးခန္႔ တို႔ပဲ ျဖစ္ၾကပါတယ္…
သူတို႔ရခဲ့တဲ့ ဆုေတြကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္ေနာ္…

1) ShweFMရဲ႕ ၂၀၁၉ခုနွစ္အတြက္ တစ္နွစ္တာ သီခ်င္းအေတာင္းခံရဆံုး ျမန္မာသံဆု ေတးသံ႐ွင္ မေနာ က “ခ်မ္းေျမ့ပါေစအေမ” သီခ်င္း…

2) ShweFMရဲ႕ ၂၀၁၉ခုနွစ္အတြက္ တစ္ႏွစ္တာ သီခ်င္းအေတာင္းခံရဆံုး အမ်ိဳးသားေတးသံ႐ွင္ဆု ကို ၿဖိဳးျမတ္ေအာင္ က ” သင့္အတြက္ မနက္ျဖန္” သီခ်င္း….

3) ShweFMရဲ႕ ၂၀၁၉ခုနွစ္အတြက္ တစ္ႏွစ္တာသီခ်င္းအေတာင္းခံရဆံုး အမ်ိဳးသမီးေတးသံ႐ွင္ဆု အိုင္းရင္းဇင္မာျမင့္က “ရင္ဘတ္ထဲက လူႏွစ္ေယာက္” သီခ်င္း…

4) ShweFMရဲ႕ ၂၀၁၉ ခုနွစ္အတြက္ တစ္ႏွစ္တာ ပရိသတ္အႀကိဳက္ဆံုး ( Popular Online Single Song Award ) ဆုကို ေကာ္နီက “ေဆး” သီခ်င္း…

5) ShweFMရဲ႕ ၂၀၁၉ ခုနွစ္အတြက္ တစ္ႏွစ္တာ FaceBook Page မွတစ္ဆင့္ အေတာင္းခံရဆံုး အမ်ိဳးသားေတးသံ႐ွင္ဆု ေကာင္းေကာင္းက “ေပ်ာ္ေနပါ”….

6) ShweFMရဲ႕ ၂၀၁၉ ခုနွစ္အတြက္ တစ္ႏွစ္တာ Facebook Page မွတစ္ဆင့္ အေတာင္းခံရဆံုး အမ်ိဳးသမီးေတးသံ႐ွင္ဆု ခ်ယ္ရီသင္း “ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္” သီခ်င္း..

7) New Comer Artist Award မ်က္ႏွစ္သစ္အႏုပညာ႐ွင္ဆု ကို “အုပ္စိုးခန္႔” တို႔က ရရွိသြားတာပဲ ျဖစ္ပါတယ္…

ပရိသတ္ႀကီးတို႔လည္း ခုဆုရရွိခဲ့တဲ့ ေတးသံရွင္ေတြကို အားလံုးႀကိဳက္ႏွစ္သက္ၾကမယ္လို႔ ထင္ပါတယ္.. ဒီအထဲကမွ အႀကိဳက္ႏွစ္သက္ဆံုး အဆိုေတာ္၊ အႀကိဳက္ဆံုးသီခ်င္းေတြ ရွိရင္ ေျပာခဲ့ၾကအံုးေနာ္…

Writer – HW (Shwe Yaung Lan)
Source : Shwe FM

  • Unicode Version

ပရိသတ်ကြီးရေ ခုဆိုရင် ပရိသတ်ကြီးတို့ ကျနော်တို့ နားဆင်နေကြဖြစ်တဲ့ Shwe FM ဟာ ၁၀ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်…. ၁၀ နှစ်ပြည့် နှစ်ပတ်လည်ပွဲကြီးကို မနေ့က ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီးတော့ အဲဒီပွဲမှာ ၂၀၁၉ ခုနှစ်အတွက် အဆိုတော်တေးသံရှင်တွေကိုလည်း Shwe FM ကနေ ဆုချီးမြှင့်ခဲ့ပါတယ်…ဘယ်သူတွေ ဘာဆုရသွားလဲဆိုတာကတော့ အောက်မှာ ဆက်ဖတ်ကြည့်နော်…..

ShweFM ရဲ့ ၂၀၁၉ခုနှစ် နှစ်ပတ်လည်ပွဲမှာ ဆုရရှိသွားတဲ့ အဆိုတော် ၇ ဦးရှိပါတယ်… သူတို့ကတော့ ပရိသတ်တွေနှုတ်ဖျား သူ့သီချင်းတွေအမြဲရွတ်ခဲ့ကြတဲ့ အဆိုတော် မနော၊ Myanmar Idol ဆုရှင်လေး ဖြိုးမြတ်အောင်၊ အသံပါဝါကောင်းကောင်းနဲ့ အိုင်းရင်း ဇင်မာမြင့် ၊ ကောင်းကောင်း၊ အချစ်ကလိုက်လို့ပြေးတာလားဆိုတဲ့ ချယ်ရီသင်း နဲ့ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတို့ရဲ့ အသည်းစွဲ အုပ်စိုးခန့် တို့ပဲ ဖြစ်ကြပါတယ်…
သူတို့ရခဲ့တဲ့ ဆုတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်…

1) ShweFMရဲ့ ၂၀၁၉ခုနှစ်အတွက် တစ်နှစ်တာ သီချင်းအတောင်းခံရဆုံး မြန်မာသံဆု တေးသံရှင် မနော က “ချမ်းမြေ့ပါစေအမေ” သီချင်း…

2) ShweFMရဲ့ ၂၀၁၉ခုနှစ်အတွက် တစ်နှစ်တာ သီချင်းအတောင်းခံရဆုံး အမျိုးသားတေးသံရှင်ဆု ကို ဖြိုးမြတ်အောင် က ” သင့်အတွက် မနက်ဖြန်” သီချင်း….

3) ShweFMရဲ့ ၂၀၁၉ခုနှစ်အတွက် တစ်နှစ်တာသီချင်းအတောင်းခံရဆုံး အမျိုးသမီးတေးသံရှင်ဆု အိုင်းရင်းဇင်မာမြင့်က “ရင်ဘတ်ထဲက လူနှစ်ယောက်” သီချင်း…

4) ShweFMရဲ့ ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ ပရိသတ်အကြိုက်ဆုံး ( Popular Online Single Song Award ) ဆုကို ကော်နီက “ဆေး” သီချင်း…

5) ShweFMရဲ့ ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ FaceBook Page မှတစ်ဆင့် အတောင်းခံရဆုံး အမျိုးသားတေးသံရှင်ဆု ကောင်းကောင်းက “ပျော်နေပါ”….

6) ShweFMရဲ့ ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ Facebook Page မှတစ်ဆင့် အတောင်းခံရဆုံး အမျိုးသမီးတေးသံရှင်ဆု ချယ်ရီသင်း “ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်” သီချင်း..

7) New Comer Artist Award မျက်နှစ်သစ်အနုပညာရှင်ဆု ကို “အုပ်စိုးခန့်” တို့က ရရှိသွားတာပဲ ဖြစ်ပါတယ်…

ပရိသတ်ကြီးတို့လည်း ခုဆုရရှိခဲ့တဲ့ တေးသံရှင်တွေကို အားလုံးကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်.. ဒီအထဲကမှ အကြိုက်နှစ်သက်ဆုံး အဆိုတော်၊ အကြိုက်ဆုံးသီချင်းတွေ ရှိရင် ပြောခဲ့ကြအုံးနော်…

Writer – HW (Shwe Yaung Lan)
Source : Shwe FM

About the author

ilove

Leave a Comment