TECH

လူနာတွေရဲ့သေဆုံးမည့်ရက်ကို ခန့်မှန်းပေးနိုင်တော့မယ့် Google AI

ဒီနေ့ခေတ်နည်းပညာရပ်ဝန်းမှတော့ AI ဆိုတဲ့စကားလုံးကြီးကိုအဘက်ဘက်မှကြားနေရပါပြီ။ AI ဉာဏ်ရည်တုနည်းပညာကလည်းတစ်နေ့တစ်ခြားတိုးတတ်လာခဲ့ပါတယ်။ Googleရဲ့ AI စနစ်ကတော့ လူနာတွေရဲ့ သေဆုံးမည့်ရက်ကိုခန့်မှန်းပေးနိုင်တော့မှာပါ။ Google ရဲ့ AI စနစ်ကဘယ်လောက်တောင်စွမ်းမလဲဆိုတာ တစ်ချက်လေ့လာကြည့်ရအောင်…။

Google ဟာ စတမ်းဖိုဒ်တက္ကသိုလ်နဲ့ပူးပေါင်းပြီး ဆေးရုံမှလူနာများရဲ့သေဆုံးရက်ကို AI နည်းပညာသုံးပြီး ခန့်မှန်းခဲ့ပါတယ်။ အံသြဖို့ကောင်းတာက တွက်ချက်မှုတွေဟာ (၉၅) ရာခိုင်နှုန်းလောက်ကို မှန်ကန်နေတာဖြစ်ပြီး ဆရာဝန်တွေရဲ့ခန့်မှန်းချက်တွေထက် နှစ်ဆကျော်ကျော်လောက် မှန်ကန်နေတာဖြစ်ပါတယ်။

အသက် (၃) လမှ (၁) နှစ်အတွင်းရှင်သန်ရမည့်လူနာ လေးသောင်းကျော်ကို AI သုံးခွဲခြမ်းစိတ်ဖြာတဲ့အချိန်မှာ လည်း ၉၀ ရာခိုင်နှုန်းလောက်မှန်နေတာဖြစ်ပါတယ်။ လူနာတွေရဲ့ကင်ဆာရောဂါကိုပါ ဆရာဝန်တွေထက်ပိုမြန်အောင် လေ့လာသိရှိနိုင်တယ်ဆိုပြီး Googleကဆိုထားပါတယ်။

Google ရဲ့AI နည်းပညာကတော့ တော်တော်လေးအရည်အသွေးကောင်းမွန်တယ်လို့ဆိုရမှာပါ။ ခေတ်သစ်နည်းပညာလောကနဲ့ ဆေးပညာရပ်ဝန်းမှာတော့ Google ရဲ့ AI က အခရာနေရာမှာပါဝင်လာမှပါ။ လူသားတွေရဲ့ကျန်မာရေးကို အဘက်ဘက်ကဖြည့်ဆည်းပေးနိုင်မည့် Google AI စနစ်တစ်ခုဖြစ်လာပစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Nanda Myint Ko (နည်းပညာချစ်သူ)

About the author

ShweLight

Leave a Comment