Shwe News

သစ္ပင္ေပါင္း ငါးေထာင္ေက်ာ္ ျဖစ္လာေအာင္ စိုက္ပ်ိဳးႏိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံက အသက္ ၇၀ ေက်ာ္ အဖိုး :O

ပဲခူးတိုင္းေဒသၾကီး၊ျပည္ခရိုင္၊ျပည္ျမဳိ႕နယ္အတြင္းမွာ အသက္ ၇၅-ႏွစ္အရြယ္အဘတစ္ဦးဟာ တစ္ႏွစ္လွ်င္ အနည္းဆံုးသစ္ပင္ေပါင္း ငါးရာစိုက္ပ်ဳိးလာခဲ့ရာ တစ္ကိုယ္ေတာ္သစ္ပင္စိုက္ပ်ဳိးလာမႈသည္ ယေန႔ဆိုလွ်င္ အပင္ေပါင္း ငါးေထာင္ေက်ာ္အထိစိုက္ပ်ဳိးျပီးစီးေနျပီျဖစ္ေၾကာင္းသိရသည္။

အဆိုပါ သစ္ပင္မ်ားစိုက္ပ်ဳိးလာရျခင္းသည္ သဘာ၀ေဘးအႏၱရာယ္ေတြႏွင့္ ရာသီဥတုေကာင္းမြန္လာေစေရးအပါ၀င္ သစ္ပင္စိမ္းစိမ္းစိုစုိေတြျမင္ရတာေလာက္ စိတ္ခ်မ္းသာမႈမရွိဘူးဟု ဆိုသည့္ ပညာေရး၀န္ထမ္းေဟာင္းတစ္ဦးျဖစ္သည့္ ေက်ာင္းဆရာၾကီး အဘ ဦး၀င္းေရႊ-က အသက္ ၆၀-ခန္႔မွာ အျငိမ္းစားပင္စင္ယူစဥ္ကတင္၍ တစ္ႏွစ္လွ်င္ အနည္းဆံုးသစ္ပင္ေပါင္း ၅၀၀-ခန္႔စိုက္ပ်ဳိးလာခဲ့ရာ ယခု အသက္ ၇၅-ႏွစ္အရြယ္မွာ အပင္ေပါင္း ၅၀၀၀-ေက်ာ္စိုက္ပ်ဳိးျပီးစီးသြားျပီျဖစ္ေၾကာင္းသိရသည္။

“ သစ္ပင္ေတြ စစုိက္တုန္းက အပင္ ငါးဆယ္ေလာက္ကုိ ဆုိက္ကယ္ေပၚတင္ သယ္လာၿပီးစိုက္ရတာ။ ေနာက္ပိုင္းေတာ့ သားသမီးေတြက အႏၱရာယ္မ်ားလုိ႔ဆုိၿပီး ပ်ိဳးပင္ေတြကားနဲ႔လုိက္ပုိ႔ေပးတယ္။ တႏွစ္ကုိ အပင္ ငါးရာအနည္းဆုံး စုိက္ျဖစ္တယ္။ အခုဆုိ ငါးေထာင္ေက်ာ္ၿပီ၊ အဓိက သဘာ၀ေဘးအႏၱရာယ္ေတြ၊ရာသီဥတုဒဏ္ေတြကိုကာကြယ္တဲ့အေနနဲ႔ ေရွ႕ေဆာင္လမ္းျပခဲ့တာ။ကိုယ္စိုက္ပ်ဳိးျပီး ျဖစ္ထြန္းလာတဲ့အပင္စိမ္းစိမ္းစိုစိုေတြကို ျမင္ရေတာ့ စိတ္ခ်မ္းသာတယ္။ ကုိယ္စုိက္တဲ့အပင္ေတြကုိယ္ ျပန္ၾကည့္ရတာေလာက္ စိတ္ခ်မ္းသာတာမရွိဘူး။ယူကလစ္ပင္ေတြေတာ့မစိုက္ေတာ့ဘူး ေျမဆီလႊာေတြကိုဖ်က္စီးတယ္လို႔သိရေတာ့ ျပန္ရွင္းပစ္ေတာ့မယ္။” ဟု ျပည္ျမိဳ႕မွ အဘဦးဝင္းေရႊ-ကေျပာသည္။

အဆိုပါ တစ္ကိုယ္ေတာ္ သစ္ပင္စိုက္မႈကို ေရွးေဟာင္းဇုန္တစ္ခုျဖစ္သည့္ ေမွာ္ဇာေက်းရြာ ႏွင့္ ဆင္ၿမီးဆြဲေက်းရြာၾကားမွာရွိသည့္ မုေ႒ာေက်းရြာမွာ ေရွးႏွစ္ေပါင္းတစ္ရာေက်ာ္ေလာက္က ရွိခဲ့တဲ့ လက္သည္းေရကန္ ဘုန္းေတာ္ႀကီး(ေတာင္ေက်ာင္း)ဝန္းအတြင္းႏွင့္ ျပင္ပေနရာေတြမွာ စုိက္ပ်ိဳးလာခဲ့တာျဖစ္ၿပီး ယင္းဘုန္းႀကီးေက်ာင္းႀကီးေတြ ျပဳျပင္ထိန္းသိမ္းဖို႔ လုိအပ္တဲ့အခါ သစ္ေတြအျဖစ္အသုံးျပဳႏုိင္ေအာင္ စုိက္ပ်ိဳးခဲ့တာျဖစ္တယ္လုိ႔ လက္သည္းေရကန္ဘုန္းေတာ္ၾကီး(ေတာင္ေက်ာင္း)ေက်ာင္းထိုင္ဆရာေတာ္ထံကသိရသည္။

“ ဒီဘုန္းႀကီးေက်ာင္းက အဘရဲ့ အေဘးေဆာက္ခဲ့တာ ႏွစ္တစ္ရာေက်ာ္ရွိၿပီ၊ ဒါေတြျပဳျပင္တဲ့အခါ သစ္ေတြလုိရင္ ဒီသစ္ပင္ေတြသုံးလုိ႔ရေအာင္ ဒီေက်ာင္းနားမွာစုိက္တာပါ။ သဘာဝပတ္ဝန္းက်င္လည္း ထိန္းသိမ္းခ်င္တာလည္းပါတယ္။ အခုေတာ့ ဒီနားကေျမလြတ္ေတြမွာစုိက္ဖို႔ စီစဥ္ထားတာ စုိက္မရေတာ့ဘူး၊ ေရွးေဟာင္းသုေတသန႒ာနက စုိက္ခြင့္မေပးေတာ့ဘူး။” လုိ႔ စိတ္မေကာင္းစြာနဲ႔ သူသစ္စုိက္ပ်ိဳးခြင့္မရတဲ့အေပၚ အဘ-ဦး၀င္းေရႊ-ကရွင္းေျပာသည္။

အဆိုပါ သစ္ပင္ေတြစုိက္ပ်ိဳးခြင့္မရလုိ႔ စိတ္မေကာင္းျဖစ္ရျပီး သူစုိက္ပ်ိဳးခဲ့သည့္ ေနရာဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္က ယူနက္စကုိအသိအမွတ္ျပဳခံရတဲ့ သီရိေခတၱရာေရွးေဟာင္းဇုန္းထဲမွာ ျဖစ္ေနတဲ့အတြက္ ေရွးေဟာင္းဇုန္းရဲ့ ဥပေဒအရ ၆ ေပအထက္ျမင့္တဲ့ သစ္ပင္ေတြကုိ ထပ္မံစိုက္ပ်ိဳးခြင့္မျပဳေတာ့လုိ႔ပဲျဖစ္တယ္လို႔သိရသည္။

“ အဘလုိ အသက္ ၇၅ ႏွစ္အရြယ္ႀကီးကေတာင္ ကုိယ္ႏုိင္သေလာက္သစ္ပင္ေတြစုိက္ေနၾကတာပဲ၊ လူငယ္ေတြ၊ လူလတ္ပိုင္းေတြပါမက်န္ အကုန္းလုံးသစ္ပင္စုိက္ေစခ်င္တယ္။ သန္း ၅၀ ေက်ာ္က တေယာက္တပင္စုိက္ရင္ေတာင္ အပင္ သန္း ၅၀ ေက်ာ္ရွိသြားမွာပါ။ အခုေရွးေဟာင္းဇုန္းထဲစိုက္ခ်င္ေပမဲ့ စုိက္မရေတာ့ တျခားေျမလြတ္တဲ့ေနရာေတြရွိရင္ စုိက္ခ်င္ပါေသးတယ္။”ဟု အဘဦးဝင္းေရႊ-ကေျပာသည္။

ျမန္မာႏုိင္ငံအတြင္း ရာသီဥတုသိသိသာသာေျပာင္းလဲလာမႈေၾကာင့္ သစ္ပင္ေတြ မ်ားမ်ားစုိက္ပ်ိဳးဖုိ႔လုိအပ္ေနၿပီး၊ ေျမေနရာလြတ္မ်ားရွိပါက သစ္ပင္ေတြ စိုက္ေပးလုိေၾကာင္းနဲ႔ ျမန္မာႏုိင္ငံသားေတြ သစ္ပင္စုိက္ၾကဖုိ႔ကုိ သူကတုိက္တြန္းေျပာဆုိခဲ့ပါတယ္။ အဆိုပါ အဘ-ဦး၀င္းေရႊ စိုက္ပ်ဳိးလာသည့္ သစ္ပင္အမ်ဳိးအစားမ်ားမွာ သစ္မာအမ်ိဳးအစားေတြျဖစ္သည့္ ကၽြန္း၊ ပ်ဥ္းကတုိး၊ မေဟာ္ဂနီ၊ေတာကုကၠိဳ ႏွင့္ ေတာပိေတာက္၊ယူကလစ္၊ယင္းမာပင္ စုစုေပါင္း ၅၀၀၀ ေက်ာ္ထဲတြင္ အမ်ားဆုံးက ကၽြန္းပင္ေတြျဖစ္ၿပီး၊ ပ်ိဳးပင္ေတြကုိ ဝယ္ယူၿပီ တပုိင္တႏုိင္ စုိက္ပ်ိဳးခဲ့တာျဖစ္ေၾကာင္းသိရသည္။

ဒီမိုကေရစီတူေဒးသတင္းစာ-K3(pyay)
ျပည္သတင္းလူငယ္-ျပည္သတင္း(၀၉-၂၅၃၃၁၁၀၁၉)

  • Unicode

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်အတွင်းမှာ အသက် ၇၅-နှစ်အရွယ်အဘတစ်ဦးဟာ တစ်နှစ်လျှင် အနည်းဆုံးသစ်ပင်ပေါင်း ငါးရာစိုက်ပျိုးလာခဲ့ရာ တစ်ကိုယ်တော်သစ်ပင်စိုက်ပျိုးလာမှုသည် ယနေ့ဆိုလျှင် အပင်ပေါင်း ငါးထောင်ကျော်အထိစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ သစ်ပင်များစိုက်ပျိုးလာရခြင်းသည် သဘာဝဘေးအန္တရာယ်တွေနှင့် ရာသီဥတုကောင်းမွန်လာစေရေးအပါဝင် သစ်ပင်စိမ်းစိမ်းစိုစိုတွေမြင်ရတာလောက် စိတ်ချမ်းသာမှုမရှိဘူးဟု ဆိုသည့် ပညာရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ကျောင်းဆရာကြီး အဘ ဦးဝင်းရွှေ-က အသက် ၆၀-ခန့်မှာ အငြိမ်းစားပင်စင်ယူစဉ်ကတင်၍ တစ်နှစ်လျှင် အနည်းဆုံးသစ်ပင်ပေါင်း ၅၀၀-ခန့်စိုက်ပျိုးလာခဲ့ရာ ယခု အသက် ၇၅-နှစ်အရွယ်မှာ အပင်ပေါင်း ၅၀၀၀-ကျော်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။

“ သစ်ပင်တွေ စစိုက်တုန်းက အပင် ငါးဆယ်လောက်ကို ဆိုက်ကယ်ပေါ်တင် သယ်လာပြီးစိုက်ရတာ။ နောက်ပိုင်းတော့ သားသမီးတွေက အန္တရာယ်များလို့ဆိုပြီး ပျိုးပင်တွေကားနဲ့လိုက်ပို့ပေးတယ်။ တနှစ်ကို အပင် ငါးရာအနည်းဆုံး စိုက်ဖြစ်တယ်။ အခုဆို ငါးထောင်ကျော်ပြီ၊ အဓိက သဘာဝဘေးအန္တရာယ်တွေ၊ရာသီဥတုဒဏ်တွေကိုကာကွယ်တဲ့အနေနဲ့ ရှေ့ဆောင်လမ်းပြခဲ့တာ။ကိုယ်စိုက်ပျိုးပြီး ဖြစ်ထွန်းလာတဲ့အပင်စိမ်းစိမ်းစိုစိုတွေကို မြင်ရတော့ စိတ်ချမ်းသာတယ်။ ကိုယ်စိုက်တဲ့အပင်တွေကိုယ် ပြန်ကြည့်ရတာလောက် စိတ်ချမ်းသာတာမရှိဘူး။ယူကလစ်ပင်တွေတော့မစိုက်တော့ဘူး မြေဆီလွှာတွေကိုဖျက်စီးတယ်လို့သိရတော့ ပြန်ရှင်းပစ်တော့မယ်။” ဟု ပြည်မြို့မှ အဘဦးဝင်းရွှေ-ကပြောသည်။

အဆိုပါ တစ်ကိုယ်တော် သစ်ပင်စိုက်မှုကို ရှေးဟောင်းဇုန်တစ်ခုဖြစ်သည့် မှော်ဇာကျေးရွာ နှင့် ဆင်မြီးဆွဲကျေးရွာကြားမှာရှိသည့် မုဋ္ဌောကျေးရွာမှာ ရှေးနှစ်ပေါင်းတစ်ရာကျော်လောက်က ရှိခဲ့တဲ့ လက်သည်းရေကန် ဘုန်းတော်ကြီး(တောင်ကျောင်း)ဝန်းအတွင်းနှင့် ပြင်ပနေရာတွေမှာ စိုက်ပျိုးလာခဲ့တာဖြစ်ပြီး ယင်းဘုန်းကြီးကျောင်းကြီးတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တဲ့အခါ သစ်တွေအဖြစ်အသုံးပြုနိုင်အောင် စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ လက်သည်းရေကန်ဘုန်းတော်ကြီး(တောင်ကျောင်း)ကျောင်းထိုင်ဆရာတော်ထံကသိရသည်။

“ ဒီဘုန်းကြီးကျောင်းက အဘရဲ့ အဘေးဆောက်ခဲ့တာ နှစ်တစ်ရာကျော်ရှိပြီ၊ ဒါတွေပြုပြင်တဲ့အခါ သစ်တွေလိုရင် ဒီသစ်ပင်တွေသုံးလို့ရအောင် ဒီကျောင်းနားမှာစိုက်တာပါ။ သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းချင်တာလည်းပါတယ်။ အခုတော့ ဒီနားကမြေလွတ်တွေမှာစိုက်ဖို့ စီစဉ်ထားတာ စိုက်မရတော့ဘူး၊ ရှေးဟောင်းသုတေသနဋ္ဌာနက စိုက်ခွင့်မပေးတော့ဘူး။” လို့ စိတ်မကောင်းစွာနဲ့ သူသစ်စိုက်ပျိုးခွင့်မရတဲ့အပေါ် အဘ-ဦးဝင်းရွှေ-ကရှင်းပြောသည်။

အဆိုပါ သစ်ပင်တွေစိုက်ပျိုးခွင့်မရလို့ စိတ်မကောင်းဖြစ်ရပြီး သူစိုက်ပျိုးခဲ့သည့် နေရာဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ယူနက်စကိုအသိအမှတ်ပြုခံရတဲ့ သီရိခေတ္တရာရှေးဟောင်းဇုန်းထဲမှာ ဖြစ်နေတဲ့အတွက် ရှေးဟောင်းဇုန်းရဲ့ ဥပဒေအရ ၆ ပေအထက်မြင့်တဲ့ သစ်ပင်တွေကို ထပ်မံစိုက်ပျိုးခွင့်မပြုတော့လို့ပဲဖြစ်တယ်လို့သိရသည်။

“ အဘလို အသက် ၇၅ နှစ်အရွယ်ကြီးကတောင် ကိုယ်နိုင်သလောက်သစ်ပင်တွေစိုက်နေကြတာပဲ၊ လူငယ်တွေ၊ လူလတ်ပိုင်းတွေပါမကျန် အကုန်းလုံးသစ်ပင်စိုက်စေချင်တယ်။ သန်း ၅၀ ကျော်က တယောက်တပင်စိုက်ရင်တောင် အပင် သန်း ၅၀ ကျော်ရှိသွားမှာပါ။ အခုရှေးဟောင်းဇုန်းထဲစိုက်ချင်ပေမဲ့ စိုက်မရတော့ တခြားမြေလွတ်တဲ့နေရာတွေရှိရင် စိုက်ချင်ပါသေးတယ်။”ဟု အဘဦးဝင်းရွှေ-ကပြောသည်။

မြန်မာနိုင်ငံအတွင်း ရာသီဥတုသိသိသာသာပြောင်းလဲလာမှုကြောင့် သစ်ပင်တွေ များများစိုက်ပျိုးဖို့လိုအပ်နေပြီး၊ မြေနေရာလွတ်များရှိပါက သစ်ပင်တွေ စိုက်ပေးလိုကြောင်းနဲ့ မြန်မာနိုင်ငံသားတွေ သစ်ပင်စိုက်ကြဖို့ကို သူကတိုက်တွန်းပြောဆိုခဲ့ပါတယ်။ အဆိုပါ အဘ-ဦးဝင်းရွှေ စိုက်ပျိုးလာသည့် သစ်ပင်အမျိုးအစားများမှာ သစ်မာအမျိုးအစားတွေဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊တောကုက္ကို နှင့် တောပိတောက်၊ယူကလစ်၊ယင်းမာပင် စုစုပေါင်း ၅၀၀၀ ကျော်ထဲတွင် အများဆုံးက ကျွန်းပင်တွေဖြစ်ပြီး၊ ပျိုးပင်တွေကို ဝယ်ယူပြီ တပိုင်တနိုင် စိုက်ပျိုးခဲ့တာဖြစ်ကြောင်းသိရသည်။

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)

About the author

Wai Phyo Oo

Leave a Comment