CELEBRITY

မမှတ်မိနိုင်လောက်အောင်ကို ပြောင်းလဲသွားတဲ့ ထက်ထက်မိုးဦးရဲ့ နုပျိုလွန်းတဲ့အလှတရား

တစ်ခေတ်တစ်ခါက ပရိသတ်အားလုံးရဲ့အသည်းကျော် ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရှေ့ကို ပြောင်းလဲသွား တဲ့အလှတရားတွေနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးကြောင့် အနုပညာအလုပ် တွေသိပ်မလုပ်ဖြစ်ပေမယ့် ကြော်ငြာတွေကတော့ ဆက်လက်ရိုက်ကူးနေဆဲပါပဲ။ ဒီနေ့မှာလည်း ထက်ထက်တစ်ယောက် မကွေးမြို့က စိန်ဈေးရောင်းပွဲတော်ကို တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။

ဖြူဝင်းဝင်းအသားအရောင်ပေါ်မှာ အနက်ရောင်လည်သာကုဒ်လေးဟာ သူမနဲ့အရမ်းကိုလိုက်ဖက်လွန်းပြီး ကြည့်ကောင်းလို့နေပါတယ်။ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးဆိုတာ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုလွန်းသူပါ။ လက်ရှိမှာတော့သူမက မိုးကုတ် မှာ တစ်ကိုယ်တည်းအေးအေးလူလူ ဘဝကိုဖြတ်သန်းနေပြီး ကြော်ငြာလေးတွေနဲ့ ပွဲတက်လေးတွေမှာတော့ သူမကိုမကြာခဏတွေ့ရ တတ်ပါတယ်။

ဇာတ်လမ်းတွဲတစ်ကားရိုက်ကူးထားပြီး နောက်ထပ်ဇာတ်ကားတွေမှာလည်း သူမပါဝင်ဖို့အတွက် ထက်ထက်ရဲ့ ပရိသတ်တွေကတော့ မျှော်လင့်နေခဲ့ကြပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကအတိုင်း လတ်ဆတ်ချိုမြိန်နေဆဲပါပဲ။ ဘယ်အချိန်ကြည့်ကြည့် အေးချမ်းတဲ့မျက်နှာပိုင်ရှင်လေး ထက်ထက်ရဲ့ အလှပဆုံးပွဲတက်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်တယ်နော်။

Via- swelsonenews.net

About the author

ShweLight

Leave a Comment