News

၆ နှစ်ထင်ပြီး မွေးစားခဲ့မိတဲ့ကလေးမလေးက ညဘက်တစ်အိမ်လုံးကို လိုက်သတ်ခဲ့တဲ့အဖြစ်

၂၀၀၈ ခုနှစ် ထွက်ခဲ့တဲ့ Orphan ဇာတ်ကားကို ကြည့်ဖူးကြလား မသိဘူး။ ဇာတ်ကားထဲမှာ မိသားစုတစ်စုဟာ ချာတိတ်မလေးတစ်ယောက်ကို မွေးစားခဲ့ပြီးနောက် အဲဒီချာတိတ်မလေးက တစ်အိမ်သားလုံးကိုလိုက်သတ်၊ မွေးစားဖခင်ကိုမြှူစွယ်လိုစွယ်နဲ့ ကမောက်ကမတွေဖြစ်ကုန်တော့မှပဲ အဖြစ်မှန်ကိုသိသွားတဲ့ဖြစ်ရပ်တစ်ခုပါ။ တကယ်တော့ အဲဒီကောင်မလေးဟာ အသက် ၃၃ နှစ်ရှိလို့နေတဲ့ သူတစ်ယောက်ဆိုတာကိုပေါ့။ ဒီလိုအဖြစ်အပျက်မျိုးဟာ ရုပ်ရှင်ထဲမှာပဲ ရှိလောက်မယ်လို့ ထင်ရပေမယ့်လို့ အခုတော့ အင်ဒီယားနားမှာ ဖြစ်သွားခဲ့ပါပြီ။ Daily Mail မှ ကိုးကားဖော်ပြလိုက်ပါတယ်။

အသက် ၄၅ နှစ်အရွယ် Kristine Barnett နဲ့ ခင်ပွန်းဖြစ်သူ ၄၃ နှစ်အရွယ် Micheal Barnett တို့ဟာ မိဘမဲ့ဂေဟာကို ရောက်ခဲ့ပြီးနောက် ဆံပင်ကောက်ကောက်နဲ့ကလေးမလေးတစ်ယောက်ကို မြင်မိကာ ဂရုဏာသက်မိခဲ့ပါတယ်။ ယူကရိန်းက အပစ်ခံခဲ့ရတဲ့ ၆ နှစ်အရွယ် ကလေးမလေးဖြစ်ပြီး မြင်မြင်ချင်းမှာတင် Kristine တို့စုံတွဲဟာ အချစ်တွေပိုခဲ့ရပါတယ်တဲ့။ ဘာကြောင့်ဆို ကလေးမလေးက အရွယ်နဲ့မလိုက်အောင် သွက်လက်ချက်ချာပြီး အပြုံးချိုချိုလေးတွေနဲ့ အမြဲတမ်းပြုံးရယ်နေတတ်လို့ပါပဲ။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ နှစ်ခါမစဉ်းစားဘဲနဲ့ ကလေးလေးကို ၂၀၁၀ ခုနှစ်မှာ တရားဝင်မွေးစားလိုက်ပါတော့တယ်။

နောက်တော့ ၆ နှစ်အရွယ် မွေးစားသမီးလေး Natalia Grace ကိုခေါ်ပြီး အင်ဒီယားနား၊ Lafayette မှာရှိတဲ့ နေထိုင်ရာတိုက်ခန်းဆီကိုခေါ်လာခဲ့ပါတယ်။ ပမထတော့ပုံမှန်ပါပဲတဲ့။ သုံးနှစ်လောက်လည်းနေရော လင်မယားနှစ်ယောက်ဟာ တိုက်ခန်းမှာ Natalia တစ်ယောက်တည်း ထားပစ်ခဲ့ပြီး ကနေဒါကို ပြောင်းပြေးသွားခဲ့ပါတော့တယ်။ မွေးစားစာချုပ်ကိုလည်း တရားဝင်ကိုပြန်ဖျက်သွားတယ်တဲ့။ ဘာကြောင့် ၉ နှစ်အရွယ်ကလေးတစ်ယောက်ကို တိုက်ခန်းမှာထားပစ်ခဲ့ပြီး သူတို့ကကနေဒါအထိ ပြောင်းသွားတယ်ဆိုတော့ နောက်ကွယ်မှာဘာတွေများဖြစ်လို့ပါလိမ့်။ နောက်ပြီး ဒီလိုလုပ်ရပ်ကြောင့် Kristine နဲ့ Micheal တို့ဟာ စက်တင်ဘာလမှာတော့ အထိမ်းသိမ်းခံခဲ့ရပါတော့တယ်။

ဒီအကြောင်းဟာ မီဒီယာတွေမှာ တော်တော်လေးပျံ့နှံ့သွားခဲ့ပြီး ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေကိုတော့ Kristine အနေနဲ့အခုလိုပဲ ဖြေဆိုခဲ့ပါတယ်။ တကယ်တော့ အသက် ၆ နှစ်လို့ အားလုံးထင်နေကြတဲ့ Natalia ဟာ အသက် ၂၂ နှစ်ရှိနေပြံီဖြစ်တဲ့ သက်ကြီးပုတစ်ယောက်ပါတဲ့။ သူ့ရဲ့လက်တွေနဲ့ ချို့ယွင်းနေတဲ့ လမ်းလျှာက်ပုံကိုကြည့်ရင် သိနိုင်ပေမယ့် Kristine တို့ကတော့ သာမန်မွေးရာပါ မသန်စွမ်းတဲ့ကလေးတစ်ယောက်လို့သာ ထင်မှတ်ထားခဲ့ကြလို့ သနားပြီးမွေးစားခဲ့တာပါတဲ့။ Natalia အနေနဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်လိုမျိုး ရာသီလာတယ်၊ လူကြီးသွားတွေရှိတယ်၊ သုံးနှစ်အတွင်း အရပ်လည်း လုံးဝမရှည်လာဘူးတဲ့။

ရာသီသွေးစွန်းနေတဲ့ အင်္ကျီတွေကို အမှိုက်ပုံးထဲ Kristine တစ်ယောက် ရှာဖွေခဲ့တဲ့ အချိန်မှာတော့ ဒါနဲ့ မိသားစုဆရာဝန်နဲ့ Natalie ကို ပြသလိက်တဲ့အခါ ဆရာဝန်က Natalia ဟာ ၆ နှစ်အရွယ်မဟုတ်ဘဲ ဖွံ့ဖြိုးမှုမရှိတဲ့ လူကြီးတစ်ယောက်ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့် Kristine အနေနဲ့ Natalia ကို ပန်းရောင်ဂါဝန်လေးတွေ ဆင်ပေးရာမှ လူကြီးအဝတ်တွေ ြပောင်းဆင်ပေးခဲ့ပြီး လူကြီးတစ်ယောက်လို ပြောင်းလဲဆက်ဆံခဲ့ပေမယ့်လို့ သမီးအရင်းအချာလိုပဲ ပြုစုပျိုးထောင်ခဲ့ပါသေးတယ်။ အိမ်ငှားပေးတယ်၊ ကောလိပ်ကျောင်းတက်ဖို့ စီစဉ်ပေးတယ်ပေါ့။ တကယ်လည်း စာရွက်စာတမ်းတွေအရ ဒီလိုလုပ်ပေးခဲ့တာတွေ သက်သေရှိနေပါတယ်။

ဒါပေမဲ့လည်း Kristine ကို လျှပ်စစ်လွှတ်ထားတဲ့ ခြံစည်းရိုးပေါ်ကျအောင်တွန်းတယ်၊ ကော်ဖီထဲ အစွန်းချွတ်ဆေးတွေထည့်တယ်၊ အိပ်နေရင် ဓားနဲ့ထိုးသတ်ပစ်မယ်လို့ ခြိမ်းြခောက်တာတွေ၊ ပုံတွေဆွဲပြီး တစ်မိသားစုလုံးကို သတ်၊ စောင်နဲ့ထုတ်ပြီး နောက်ဖေးမှာမြှုပ်မယ်ဆိုတာတွေ၊ Kristine ရဲ့ သားအရင်း အငယ်ဆုံးလေးကို ထိခိုက်အောင်လပ်တာတွေ နင်တို့ကိုထောင်ထဲရောက်အောင်ပို့မယ်ဆိုကာ တမင်သက်သက် သွားနေတဲ့ကားပေါ်က ခုန်ချတာမျိုးတွေ၊ မှန်တွေမှာ သွေးနဲ့စာရေးတာစတဲ့ ကလေးတစ်ယောက် ဘယ်လိုမှမလပ်နိုင်တဲ့အရာတွေအထိ ကြုံတွေ့လာခဲ့တဲ့အချိန်မှာတော့ ဘယ်လိုမှ သီးမခံနိုင်ခဲ့တဲ့အတွက် အခုလိုလုပ်ခဲ့ရတာပါတဲ့။

ဒါကိုလူတွေကမသိတော့ သူတို့နှစ်ယောက်ကပဲ ကလေးတစ်ယောက်ကို ခေါ်မွေးပြီး နှိပ်စက်နေသလိုတွေပြောလာခဲ့တဲ့အတွက် တရားရင်ဆိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ပြီး ကနေဒါကိုပြောင်းပြေးသွားတယ်၊ မွေးစားစာချုပ်ဖျက်လိုက်တယ်ဆိုတာလည်း မဟုတ်ဘဲ Kristen တို့ရဲ့ သားကြီးဖြစ်သူ Jacob ဟာ ကနေဒါမှာ တက္ကသိုလ်တက်တော့မှာမလို့ တစ်မိသားစုလုံးပြောင်းသွားခဲ့ပြီး Natalia ကတော့ ငှားပေးထားတဲ့အိမ်မှာပဲ ကျန်ခဲ့ပေမယ့် ထောက်ပံ့မှုတွေကိုတော့ Kristibe တို့ လုပ်ပေးနေခဲ့ပါတယ်တဲ့။ ဒါပေမဲ့လည်း ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ကို ဖြစ်စဉ်တွေအကုန်မပြောခဲ့တဲ့အတွက်ကြောင့် သူမအနေနဲ့ အခုလိုတရားစွဲခြင်းခံခဲ့ရတာပါ။

အခုလည်း Natalia ကို စိတ်ကျန်းမာရေးဆရာဝန်တွေကတော့ လူကြီးတွေမှာသာ ရှိနိုင်တဲ့အဆင့်နဲ့ psychopath အဖြစ် လက်ခံလိုက်ပြီး တရားရုံးမှာလည်း တင်ခဲ့ပြီးပါပြီတဲ့။ Kristine နဲ့ Micheal တို့စုံတွဲကတော့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဒေါ်လာ ၅ ထောင်ပေးကာ အာမခံနဲ့နေနေရပါတယ်။ နောက်ပြီး ယူကရိန်းက birth certificate မှာ လည်း ၁၉၈၉ ခုနှစ်မှာမွေးဖွားခဲ့တယ်လို့ ရှာတွေ့ခဲ့တာကြောင့် အခုဆိုရင် အသက် ၃၀ ရှိလို့နေပါပြီ။ Natalia နဲ့ Kristine တို့ ကနေဒါပြောင်းသွားပြီး တော်တော်ကြာတဲ့အထိ အဆက်အသွယ် ရခဲ့ပေမယ့်လို့ နောက်ဆုံးဖုန်းပြောခဲ့တာကတော့ Natalia ဟာ မိသားစုအသစ်အတွက် ခေါက်ဆွဲချက်နေတယ်ဆိုပြီး ဖုန်းချသွားခဲ့တာပဲ။

Via,Shwemom.com

ဒီဆောင်းပါးကိုShwemom.com မှ ပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်။

About the author

ShweLight

Leave a Comment