News

နိုင်ငံကျော်အနုပညာရှင်တွေကပါ ဝန်းရံခြင်းခံနေရတဲ့ Myanmar Idolက အက်စတာဒေါ့သ်ချင်းဆုန်

နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်ယုန်လေးနဲ့ တေးရေး၊တေးဆို ညီမင်းခိုင်တို့က Myanmar Idol Season (4) မှာ လာရောက်ယှဉ်ပြိုင်တဲ့ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန် ရဲ့ ယှဉ်ပြိုင်ဖျော်ဖြေထားတဲ့ ဗီဒီယိုဖိုင်လေးကို Share ပြီး ချီးကျူးဝန်းရံခဲ့ပါတယ်။ ရွက်ပုန်းသီးလေးတွေကို လက်တွဲပြီးခေါ်လေ့ရှိတဲ့ နိုင်ငံကျော် အဆိုတော်ယုန်လေးကတော့ Myanmar Idol Season (4) မှာ လာရောက်ယှဉ်ပြိုင်တဲ့ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန် ကို “အခုသူဆိုတာ ကြည့်မိတယ် . လွဲချင်လည်း လွဲမှာပေါ့ .ကျွန်တော်ကတော့ သူWinner ဖြစ်မယ်လို့ပဲကြိုမှန်းပါတယ် ” လို့ Winner ဖြစ်နိုင်တယ် ဆိုပြီး ယုန်လေးရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြခဲ့ပါတယ်။

တေးရေး၊တေးဆို ညီမင်းခိုင်ကလည်း အက်စတာဒေါ့သ်ချင်းဆုန် ရဲ့ယှဉ်ပြိုင် ဖျော်ဖြေသွားပုံလေးကို ” ထိတယ်မိတယ်မိုက်တယ်ခိုက်တယ်သိပ်ကြိုက်မိတယ်။နောက်ဆုံးအထိအောင်ပါစေမိန်းကလေး ကရုဏာသံလေးရောစပ်ပါဝင်နေလို့ကိုပိုထိရှ ” လို့ ဆိုကာ ညီမင်းခိုင်ရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြ ချီးကျူးစကားဆိုထားပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ချင်းပြည်နယ်၊ဟားခါးမြို့ကနေ ရန်ကုန်မှာ ကျောင်းလာတတ်နေတာဖြစ်ပြီး သီချင်းကသူမဘ၀ ဖြစ်တာမို့ အချိန်တိုင်းသီချင်ဆိုနေလို့ အဆောင်ကအဖော်တွေကတောင် တခါတလေမဆိုဖို့ ပြောရတယ်လို့ သိရပါတယ်။သူမကတော့ အသံစစ်ဆေးမှုမှာ လေဒီဂါဂါနဲ့ဘရက်ဒလေကူးပါး တို့ရဲ့နာမည်ကြီးဇာတ်ဝင်တေးသီချင်း ” Shallow ” ကို ခံစားသက်ဝင်မှုအပြည့်နဲ့ သီဆိုခဲ့ပါတယ်။

ဒိုင်တစ်ဦးဖြစ်တဲ့ တင်ဇာမော် က မြန်မာသီချင်းလေးတစ်ပုဒ် ဆိုပြဖို့ ပြောသဖြင့် အဆိုတော်နေနေရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မိန်းကလေးအချစ်” သီချင်းကို ကရုဏာအသံလေးနဲ့ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ သီဆိုခဲ့ကာ Golden Ticket ရရှိခဲ့ပါတယ်။ ပရိသတ်ကြီးရော အက်စတာဒေါ့သ်ချင်းဆုန် ရဲ့ ဖျော်ဖြေမှုကိုကြည့်ပြီးရင် အမြင်လေးတွေ မျှဝေခဲ့ဦးနော်။

Via: Celegabar

About the author

ShweLight

Leave a Comment