Shwe News

မူးယစ်ဆေးမှုနဲ့ မှားယွင်းစွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဖြိုးပြည့်စုံ လွတ်မြောက်

အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ကို သတင်းပေးမှုအရ မူးယစ်အဖွဲ့တပ်ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြန်မာပလာဇာ ရှော့ပင်းမောလ်တွင် ဖမ်းဆီးခဲ့တဲ့ သတင်းက တော်တော်လေး ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံအတွက် ပရိသတ်တွေက စိတ်မကောင်းခြင်းများစွာ ဖြစ်နေကြသလို မယုံကြည်နိုင်ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။

ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင် တို့က လက်ရှိမှာတော့ ဗဟန်းမြို့မစခန်းမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ ဒီနေ့နေ့လယ်ပိုင်းမှာတော့ ဖြိုးပြည့်စုံတို့ သုံးယောက်ကပြန်လည်လွတ်မြောက်လာပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ “ကိုဖြိုးပြည့်စုံ အပါအဝင်ြ ငိမ်းချမ်းကို ၊ ရော်နီစန်းလွင် (၃) ဦးလုံး ဒီနေ့ခင်းဘဲ မှားယွင်းစွပ်စွဲမှုမှ လွတ်မြောက်ပြီး အိမ်ပြန်ရောက်ခဲ့ကြပါပြီ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလဲ ဖြိုးပြည့်စုံတို့အတွက် ဝမ်းသာစကားလေးပြောပေးခဲ့ကြပါဦးနော်။

Source : တေးချစ်သူ

Via:swelsonenews.net

About the author

ShweLight

Leave a Comment