TECH

Window 10 October Update မှာ ဘာFeature အသစ်တွေ ပါဝင်လာသလဲ။

ဟိုနေ့က ထွက်ရှိတဲ့ Window 10 October Update သုံးတာ အရမ်းလန်းတယ်။😛 ဒီ Window 10 Update ကို ကျနော် သုံးတာ တစ်ရက်ကျော်လာပါပြီ။ အရင်ကထက် ပိုကောင်းလာသလို ခံစားရပါတယ်။😎 ပြီးတော့ ထူးခြားတဲ့ Feature အသစ်တွေအများကြီး ပါဝင်လာပါတယ်။

အဲ့ဒီထဲမှာဆိုရင်

Screenshot ရိုက်ဖို့ Snipping Tool အစား နောက်ထပ် Screenshot Tool အသစ်ကို ထည့်သွင်းလာပါတယ်။ အဲ့ဒီ ScreenShort အသစ်ကို သုံးချင်တယ်ဆိုရင် Windows + Shift + S ကို တွဲဖက်ပြီး နှိပ်လိုက်တာနဲ့ရပါတယ်။

နောက်တစ်ခုက Dark Theme ဖြစ်ပါတယ်။ 😍 အရင်တုန်းက Window 10 မှာ Setting တစ်ခုပဲ Dark Theme နဲ့အသုံးပြုလို့ရလာခဲ့ပေမယ့် အခု ဒီ Window 10 Update မှာတော့ Window Explorer ကိုလည်း Dark Theme နဲ့ သုံးလို့ရပါတယ်။

ပြီးတော့ Clipboard History ပါဝင်လာတာပါတယ်။ ဒီ Clipboard History ကတော့ Copy ယူထားတဲ့ Clipboard History အကုန်ကိုတွေ့မြင်ရမှာပါတယ်။ ဒီ Feature ကို Window + V နှင့် သုံးပေးပါ။

နောက်အမိုက်ဆုံး/အလန်းဆုံးကတော့ Your Phone App ဆိုတဲ့ Feature ပါ။ ဒီ Feature က Window နဲ့ Android ကို ချိတ်ဆက်ပေးမှာဖြစ်ပြီး ဖုန်းထဲက ဓါတ်ပုံတွေ၊ ဖိုင်တွေကို ကွန်ပျူတာဆီ ကူးလိုက်လို့ ရပြီလို့ သူတို့က ပြောကြတာပဲ။ ဒါပေမယ့် ဒီ Feature ကို ကျနော် မစမ်းရသေးပါဘူး။😂 အားတဲ့အခါ စမ်းကြည့်လိုက်အုံးမယ်။ 😋

နောက်ဆုံး တစ်ခုကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်တဲ့ Windows Update ကြောင့် အလုပ်လုပ်နေတဲ့အချိန်မှာ ခဏခဏ Restart ချဖို့ဖြစ်နေတဲ့ ပြသာနာပါ။ 😊😊 အဲ့ဒီပြသာနာတွကိုလည်းWindow 10 Update မှာ ဖြေရှင်းပေးခဲ့တာ တွေ့ရပါတယ်။

OK… အရေးကြီးဆုံးအချက်တွေက ဒါတွေပါပဲ😁😁
Bye..😉
#Boykhai

About the author

ShweLight

Leave a Comment