MOBILE TECH NEWS

Samsung Galaxy S9+ ကို ဒေါ်လာ ၈၀၀ နဲ့ ၉၀၀ အကြား ရောင်းချနေပေမယ့် ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၃၇၉ ဒေါ်လာသာရှိ

Samsung ဟာ ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ Galaxy S9 နှင့် Galaxy S9+ တို့ကို  မိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ Samsung Galaxy S9+ ကို ဒေါ်လာ ၈၀၀ နဲ့ ၉၀၀ အကြား ရောင်းချနေတာဖြစ်ပါတယ်။

ဒါပေမယ့် TechInsights က Galaxy S9+ တစ်လုံးတည်ဆောက်တဲ့အခါ Samsung တို့ ဘယ်လောက် ကုန်ကျခဲ့တယ်ဆိုတာကို တွက်ချက်လာတဲ့အခါမှာ  S9+ ရဲ့ အစိတ်အပိုင်းများ တန်ဖိုးနဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၃၇၉ ဒေါ်လာသာ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် Samsung Galaxy S9+Samsung ထုတ်လုပ်ခဲ့ဖူးသမျှ စမတ်ဖုန်းများထဲမှာ ထုတ်လုပ်မှု ကုန်ကျစားရိတ် အများဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

Samsung Galaxy S9+ မှာ အသုံးပြုထားတဲ့ အစိတ်အပိုင်းတွေရဲ့ တန်ဖိုးကို ကြည့်လိုက်မယ်ဆိုရင်တော့ Exynos 9810 Chipset ဟာ ၆၈ ဒေါ်လာနဲ့ Super AMOLED Display ဟာ ၇၂.၅၀ ဒေါ်လာ တန်ကြေးပဲရှိပါတယ်။

တခြား တန်ဖိုးကြီးတွေအစိတ်အပိုင်းများထဲမှာ ကျောဘက်ကင်မရာနှစ်ခု၊ Memory နှင့် ကျောဘက်မှန်တို့ ဖြစ်ပါတယ်။ အားလုံး ထုတ်လုပ်မှု ကုန်ကျစရိတ်ပေါင်းမယ်ဆိုရင် ဒေါ်လာ ၃၇၉ဖြစ်ပါတယ်။

ဒီထဲမှာ သုတေသန၊ ဈေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်း၊ အခွန်စတဲ့အခြားစရိတ်များမပါဝင်ပါဘူး။

Boykhai (နည်းပညာချစ်သူ)

About the author

Boy Khai

Leave a Comment